နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

“ လက်တွေ့မကျတဲ့” ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုလိုက်တဲ့ လိဒ်စ် နည်းပြ | အက်ဖ်အေဖလား

မန်ချက်စတာစီးတီး လိဒ်စ်ယူနိုက်တက် ကတော့ ဝက်စ်ဟမ်းကို အနိုင်ယူပြီး ၃၉ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီပွဲအပြီးမှာ ဒန်နီယယ် ဖာကီက သူ့အသင်း အနေနဲ့ “ လက်တွေ့မကျတဲ့” ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ဆောင်သွားမယ်လို့ ယုံကြည်ချက် အပြည့်နဲ့ ပြောကြားလာခဲ့ပါတယ်။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ လိဒ်စ်ယူနိုက်တက်ဟာ ဝက်စ်ဟမ်းနဲ့ သာမန် ပွဲချိန် အတွင်း ၂ ဂိုးစီ သရေကျနေခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာ ၄-၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲအစမှာ အိုတာနာကာရဲ့ လှပတဲ့ အဆုံးသတ်ဂိုးနဲ့ ဒေါမနစ်ခ် ကဲလ်ဗတ်-လီဝင်းရဲ့ ပင်နယ်တီဂိုးတွေကြောင့် လိဒ်စ်တို့ အသာစီးရခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီး နာကျင် အချိန်ပိုမှာ ဝက်စ်ဟမ်း အတွက် မားတီးယပ်စ် ဖာနန်ဒက်စ်နဲ့ အက်ဇယ်လ် ဒီဆာဆီ တို့က ချေပဂိုးတွေ သွင်းယူခဲ့လို့ ပွဲက အချိန်ပို အထိ ဆက်သွားခဲ့ရပါတယ်။ အချိန်ပိုမှာ ဝက်စ်ဟမ်းရဲ့ သွင်းဂိုး ၂ ဂိုးဟာ လူကျွံဘော အဖြစ် သတ်မှတ်ခံခဲ့ရသလို၊ ပင်နယ်တီ အဆုံးအဖြတ် မှာလည်း လိဒ်စ် ဂိုးသမား လူကပ်စ် ပါရီက ဂျရော့တ် ဘိုဝင်နဲ့ ပါဘလို တို့ရဲ့ ကန်ချက်တွေကို ကာကွယ်နိုင်ခဲ့သလို ပါစကယ် စထရိုက်ခ်ရဲ့ နောက်ဆုံး ကန်ချက်နဲ့ အတူ လိဒ်စ်တို့ အနိုင်ရသွားခဲ့တာပါ။

လိဒ်စ်ယူနိုက်တက်ဟာ ၁၉၈၆-၁၁၉၈၇ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၀-၂၁ ရာသီက လက်စတာစီးတီး တင်ရှိခဲ့တဲ့ ၃၉ နှစ်ကြာ စောင့်ဆိုင်းခဲ့ရမှု မှတ်တမ်းနဲ့ တူညီနေပြီး အဲဒီရာသီမှာ လက်စတာဟာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် မှာတော့ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန် အန္တရာယ်ရှိနေသေးတဲ့ လိဒ်စ်

နည်းပြ ဒန်နီရယ် ဖာကီက “အရင်ကတော့ ဒါဟာ လက်တွေ့မကျဘူးလို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော် တို့က လက်တွေ့မကျတဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ချင်နေတာပါ။ လမ်းကြောင်းမှန်ပေါ် မှာလည်း ရှိနေပါတယ်။ ဝင်ဘလေမှာ ဒုတိယအကြိမ် ကစားခွင့် ရရင်တော့ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်သွားမှာပါ။” လို့ ဆိုပါတယ်။

လိဒ်စ်ယူနိုက်တက်ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် မှာတော့ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဆက်လက်က ဖာကီက “ကျွန်တော် တို့က အောက်သင်း (Underdog) အဖြစ် နဲ့ပဲ ကစားရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ သမိုင်းသစ် ရေးထိုးပြီးပါပြီ။” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။ တကယ်တမ်း မှာတော့ လိဒ်စ်ယူနိုက်တက်က ဗိုလ်လုပွဲ တက်လှမ်းနိုင်ဖို့တော့ တော်တော်လေး ခက်ခဲမယ့် အခြေအနေ ဖြစ်ပါတယ်။ လက်ရှိ ချဲလ်ဆီးက အနည်းငယ် ရုန်းကန်နေရတာကြောင့်တော့ လိဒ်စ် အတွက် ခပ်ရေးရေး မျှော်လင့်ချက် ဖြစ်လာနိုင်ပြီး ဒီအခြေအနေကို ဖာကီရဲ့ အသင်းက အသုံးချသွားနိုင်မလား ဆိုတာ စောင့်ကြောင့်ရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ လိဒ်စ်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ မှာ ရှိနေပြီး တန်းဆင်းဇုန်နဲ့ ၄ မှတ်သာ ကွာဟပါတော့တယ်။ Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ လိဒ်စ်တို့ တန်းဆင်းရဖို့ ၆.၅ ရာခိုင်နှုန်းသာ ရှိနေပါတယ်။ ဖာကီ ကတော့ အက်ဖ်အေဖလား နိုင်ပွဲဟာ အမှတ်ရဖို့ အတွက် အထောက်အကူ မပြုပေမယ့် ကစားသမားတွေရဲ့ ယုံကြည်မှုနဲ့ စိတ်ဓာတ်ပိုင်း ကိုတော့ များစွာ မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ယူဆနေပါတယ်။ လိဒ်စ်ယူနိုက်တက်ဟာ လာမယ့် ဧပြီ ၁၃ ရက်နေ့ မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ အရေးကြီးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်