နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ကစားသမားသစ်တွေ မခေါ်ခင် အသင်းအင်အားကို အရင်လျှော့ချရမယ်လို့ ဒီလော်ရန်တစ် ပြော | စီးရီးအေ

လာမယ့် ၂၀၂၆-၂၇ ရာသီမှာ စီးရီးအေ ချန်ပီယံဆုကို စိန်ခေါ်ဖို့ ရည်မှန်းထားတဲ့ နာပိုလီရဲ့ ဥက္ကဋ္ဌ အော်ရီလီယို ဒီလော်ရန်တစ်က အသင်းဆီ ကစားသမားသစ်တွေ ရောက်လာဖို့ မနီးစပ်သေးကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒါ့အပြင် ကစားသမားသစ် မခေါ်ခင် လက်ရှိ အသင်း အင်အားကို အရင်လျှော့ချရမယ်လို့ အရွှန်းဖောက် ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ရာသီက အင်တာမီလန်ရဲ့နောက် ဒုတိယနေရာနဲ့ ရာသီသိမ်းခဲ့တဲ့ နာပိုလီ အသင်းဟာ အပြောင်းအလဲ တချို့ကို စတင် ပြုလုပ်နေပြီ ဖြစ်ပြီး နည်းပြ အန်တိုနီယို ကွန်တီရဲ့ နေရာမှာ အေစီမီလန် နည်းပြဟောင်း မက်ဆီမီလီယာနို အယ်လီဂရီကို အစားထိုး ခန့်အပ်ထားပါတယ်။

လက်ရှိမှာ နာပိုလီဟာ ပြီးခဲ့တဲ့ ရာသီဝက်က စပို့တင်းလစ္စဘွန်း ကနေ အငှားနဲ့ လာရောက် ကစားခဲ့တဲ့ အလစ်ဆန် ဆန်းတို့စ်ကို အပြီးသတ် ခေါ်ယူထားသလို၊ မန်ချက်စတာယူနိုက်တက် ကနေ အငှားနဲ့ လာရောက်ပြီး ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံမှာ ၁၆ ဂိုး အထိ သွင်းပေးခဲ့တဲ့ တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်း ကိုလည်း ချန်ပီယံလိဂ် ဝင်ခွင့် ရခဲ့တာကြောင့် အပြီးသတ် ဝယ်ယူရမယ့် စာချုပ်အပိုဒ်ပါ အချက်အရ အပြီးသတ် ခေါ်ယူပြီး ဖြစ်ပါတယ်။

ဒါပေမယ့် နာပိုလီ အသင်းမှာ ပြီးခဲ့တဲ့ရာသီက တခြား ကလပ်တွေဆီ အငှားချထားရာ ကနေ အသင်းဆီ ပြန်လည် ရောက်ရှိလာမယ့် ကစားသမား ၂၄ ဦး အထိ ရှိနေတာကြောင့် အသင်းမှာ လူပိုတွေ အရမ်းများနေပါတယ်။ ဥက္ကဋ္ဌ ဒီလော်ရန်တစ်က “ပြီးခဲ့တဲ့လ အတွင်းမှာတင် ကျွန်တော့်ဆီ ကစားသမား ခေါ်ယူဖို့ ကမ်းလှမ်းမှုပေါင်း ၂၀၀ လောက် ရောက်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် သူတို့ကို စိတ်အေးအေးထားဖို့ပဲ ပြောလိုက်တယ်။ အခု ကျွန်တော်တို့ ဆီမှာ ကစားသမား ၄၇ ယောက်တောင် ရှိနေတာ။ အသစ် အကြောင်း မပြောခင် အရင်ဆုံး ၂၅ ယောက်လောက်ကို တခြားအသင်းတွေဆီ ပို့နိုင်ဖို့ လိုပါတယ်။ ကျွန်တော့် အမြင် ပြောရရင် အခုလောလောဆယ် ဘယ်သူ့ကိုမှ ထပ်ဝယ်ဖို့ မလိုသေးဘဲ အသင်းက လူတွေကိုပဲ အများကြီး ပြန်ထုတ်ရဦးမှာပါ။” လို့ ဖွင့်ဟခဲ့ပါတယ်။

စီးရီးအေ ကလပ်ဟာ ပြီးခဲ့တဲ့ အပတ် ကမှ အယ်လီဂရီကို ၃ နှစ် စာချုပ်နဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ အယ်လီဂရီဟာ အေစီမီလန် အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့် ရအောင် မစွမ်းဆောင်နိုင်ခဲ့လို့ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် နာပိုလီ နည်းပြ ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့တာပါ။ မီလန်ဟာ စီးရီးအေမှာ အဆင့် ၄ နေရာက ကိုမိုရဲ့ နောက် ၁ မှတ် အကွာ အဆင့် ၅ နဲ့သာ ရာသီသိမ်းခဲ့လို့ ဆန်စီရိုမှာ အယ်လီဂရီရဲ့ ဒုတိယအကြိမ်မြောက် သက်တမ်းဟာ ၁ နှစ်နဲ့တင် လမ်းခွဲခဲ့ရပါတယ်။

နည်းပြဘဝ တစ်လျှောက်မှာ အေစီမီလန်နဲ့ ဖလား ၂ လုံး၊ ဂျုဗင်တပ်စ်နဲ့ ဖလား ၁၂ လုံး အပါအဝင် စုစုပေါင်း ဆုဖလား ၁၄ လုံး အထိ ရယူပေးထားနိုင်တဲ့ အယ်လီဂရီနဲ့ ပတ်သက်ပြီး ဒီလော်ရန်တစ်က “မစ္စတာ အယ်လီဂရီက အသင်းရဲ့ မူဝါဒကို နားလည်တဲ့သူပါ။ ကျွန်တော်တို့ အလုပ်တွဲလုပ်ရတာ အဆင်ပြေမှာပါ။” လို့ ယုံကြည်ချက် အပြည့်နဲ့ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်