စီးရီးအေ ကလပ် အေစီမီလန်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ဆုံးရှုံးခဲ့ရပြီးနောက် အသင်းရဲ့ ဘောလုံးရေးရာဌာန တစ်ခုလုံးကို အပြောင်းအလဲ ပြုလုပ်ဖို့ ရှိနေပါတယ်။ ဒီလို အပြောင်းအလဲတွေ စတင်ဖို့ အတွက် အေစီမီလန်က နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီ ကိုလည်း ရာထူး ကနေ ဖယ်ရှားခဲ့ပါတယ်။
လာမယ့် ၂၀၂၆-၂၇ ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ ဝင်ခွင့် မရရှိခဲ့ပြီးနောက် အေစီမီလန်ဟာ နည်းပြချုပ် မက်ဆီမီလီယာနို အယ်လီဂရီနဲ့ လမ်းခွဲလိုက်တာလည်း ဖြစ်ပါတယ်။ မီလန်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ စီးရီးအေ ရာသီပိတ် ပွဲစဉ်မှာ ကက်ဂလီယာရီကို အိမ်ကွင်းမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အဆင့် (၅) နေရာနဲ့သာ ရာသီသိမ်းခဲ့ရတာပါ။ သူတို့ဟာ စီးရီးအေ ပွဲစဉ် (၃၈) ကို မကစားခင်မှာ အဆင့် (၃) နေရာမှာ ရှိနေခဲ့တာ ဖြစ်ပြီး ဒီပွဲမှာသာ အနိုင်ရခဲ့ရင် ဥရောပရဲ့ ထိပ်သီး အဆင့်ဆီ ပြန်လည် တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် မီလန်က ရှုံးနိမ့်ခဲ့တာကြောင့် ရိုးမားနဲ့ ကိုမို တို့က သူတို့ကို ကျော်ပြီး အဆင့် (၄) အတွင်း ဝင်သွားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဂျူဗင်တပ်စ် ကလည်း အဆင့် (၆) နေရာနဲ့ ရာသီသိမ်းခဲ့တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲဟာ ၁၉၉၂-၉၃ ခုနှစ်မှာ ပုံစံသစ်နဲ့ ပြောင်းလဲ ကျင်းပခဲ့ပြီးနောက်ပိုင်း အေစီမီလန်ရော ဂျူဗင်တပ်စ်ပါ နှစ်သင်းစလုံး မပါဝင်ဘဲ ကျင်းပမယ့် ပထမဆုံးအကြိမ် ပြိုင်ပွဲ ဖြစ်လာတော့မှာပါ။
တနင်္ဂနွေနေ့က ကြုံတွေ့ခဲ့ရတဲ့ အရှုံးဟာ ရာသီပိတ်ပွဲမှာ မီလန် အသင်းရဲ့ သိသိသာသာ ခြေစွမ်းပျက်ယွင်းမှုကို ပေါ်လွင်စေခဲ့ပါတယ်။ မီလန်ဟာ စီးရီးအေ ရာသီ အဖွင့် ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ဖေဖော်ဝါရီ ၂၂ ရက် ပွဲစဉ် (၂၆) မှာ ပါးမားကို ၁-၀ ဂိုးနဲ့ မရှုံးခင် အထိ လုံးဝ ရှုံးပွဲ မရှိခဲ့တဲ့ အသင်းပါ။ ဒါပေမယ့် ပါးမားနဲ့ ပွဲကစလို့ နောက်ဆုံး ကစားခဲ့တဲ့ ၁၃ ပွဲမှာ ၅ ပွဲသာ အနိုင်ရရှိခဲ့ပြီး ၇ ပွဲအထိ ရှုံးနိမ့်ကာ ၁ ပွဲ သရေကျခဲ့ပါတယ်။ ဒါ့အပြင် ကိုပါအီတာလီယာ ပြိုင်ပွဲ ကနေလည်း ခရစ္စမတ်မတိုင်ခင် ကတည်းက ထွက်ခွာခဲ့ရပါတယ်။
အေစီမီလန် ရရှိခဲ့တဲ့ ရမှတ် ၇၀ ဆိုတာ အဆင့် ၄ အတွင်း မဝင်ဘဲ ရရှိခဲ့သမျှ ရမှတ် အများဆုံး မှတ်တမ်း ဖြစ်ခဲ့ပေမယ့် ဒါဟာ အယ်လီဂရီကို ရာထူး ကနေ ကယ်တင်ဖို့တော့ လုံလောက်မှု မရှိခဲ့ပါဘူး။ တနင်္လာနေ့ မှာတော့ မီလန် အသင်းရဲ့ ပိုင်ရှင် အဖွဲ့အစည်း ဖြစ်တဲ့ Redbird Capital Partners က အသင်းကို အကြီးအကျယ် ပြုပြင်ပြောင်းလဲမယ့် အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် နည်းပြ အယ်လီဂရီနဲ့ အတူ အမှုဆောင်အရာရှိချုပ် ဂျီအိုဂျီယို ဖာလာနီ၊ အားကစားဒါရိုက်တာ အစ်ဂလီ တာရေးနဲ့ နည်းစနစ် ဒါရိုက်တာ ဂျက်ဖရီ မွန်ကာဒါတို့ အားလုံးကို ရာထူး ကနေ အစားထိုးလဲလှယ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

အဆိုပါ ကြေညာချက် အပြည့်အစုံ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ “ပြီးခဲ့တဲ့နှစ်က စိတ်ပျက်စရာတွေ ရှိခဲ့ပြီးနောက် အသင်းပိုင်ရှင်တွေ ဘက်က ချမှတ်ထားတဲ့ ရည်မှန်းချက်က ချန်ပီယံလိဂ် ပြိုင်ပွဲဆီ ပြန်လည် တက်လှမ်းဖို့နဲ့ စီးရီးအေရဲ့ ထိပ်တန်း အဆင့်မှာ ရလဒ်ကောင်းတွေ အစဉ်တစိုက် ရယူနိုင်မယ့် အခြေခံအုတ်မြစ် တစ်ခု တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ဒီရာသီရဲ့ အချိန်အများစုမှာ ကျွန်တော်တို့ဟာ စီးရီးအေ အဆင့် ၁ နဲ့ ၂ နေရာတွေမှာ ရှိနေခဲ့ပြီး စကူဒက်တို ချန်ပီယံဆု အတွက် ယှဉ်ပြိုင်နိုင်မယ့် ယုံကြည်စိတ်ချရတဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ရာသီအပိတ်ပိုင်း ဖြတ်သန်းမှု ကတော့ အစောပိုင်းက ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေနဲ့ လုံးဝ တခြားစီ ဖြစ်သွားခဲ့ပြီး မနေ့ညက ရာသီပိတ် ပွဲစဉ်က စိတ်ပျက်စရာ အရှုံးကြောင့် အခုရာသီဟာ အကြွင်းမဲ့ ကျရှုံးမှု တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ရပါတယ်။”
“အခုအချိန်ဟာ ပြောင်းလဲမှုတွေ ပြုလုပ်ပြီး ဘောလုံးရေးရာ လုပ်ငန်းလည်ပတ်မှု အပိုင်းကို ဘက်စုံ ပြန်လည် ဖွဲ့စည်းရမယ့် အချိန်ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအချိန်က စပြီး အမှုဆောင်အရာရှိချုပ် ဂျီအိုဂျီယို ဖာလာနီ၊ အားကစားဒါရိုက်တာ အစ်ဂလီ တာရေး၊ နည်းပြချုပ် မက်ဆီမီလီယာနို အယ်လီဂရီနဲ့ နည်းစနစ်ဒါရိုက်တာ ဂျက်ဖရီ မွန်ကာဒါ တို့နဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ သက်ဆိုင်ရာ သက်တမ်း တစ်လျှောက် အေစီမီလန် အသင်း အပေါ် ကြိုးစားအားထုတ်မှုနဲ့ ပေးဆပ်ခဲ့မှုတွေ အတွက် တစ်ဦးချင်းစီကို ကျေးဇူးတင်ရှိပါတယ်။ နောက်ထပ် ရာထူးခန့်အပ်မှုတွေနဲ့ ပတ်သက်တဲ့ ကြေညာချက်တွေ ကိုတော့ လာမယ့် ရာသီ အတွက် အကောင်းဆုံး အဆင်သင့် ဖြစ်နေစေဖို့ ရည်ရွယ်ချက်နဲ့ အတူ သင့်တော်တဲ့အချိန်မှာ ထပ်မံ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်” လို့ ပါရှိပါတယ်။
Opta ရဲ့ မျှော်မှန်းရမှတ်အရ မီလန်ဟာ စီးရီးအေမှာ အဆင့် (၄) နေရာနဲ့ ရာသီသိမ်းသင့်တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ မျှော်မှန်း ရမှတ် ၆၂.၇ မှတ် ထက်စာရင် အမှန်တကယ် ရမှတ် ၇၀ အထိ ရယူနိုင်ခဲ့တာကြောင့် +၇.၃ မှတ် အထိ ပိုမိုစွမ်းဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။ ပြိုင်ပွဲ တစ်ခုလုံးမှာ အင်တာမီလန်၊ ရိုးမားနဲ့ နာပိုလီ တို့သာ ဒီထက်ပိုတဲ့ ပိုမိုစွမ်းဆောင်မှု မှတ်တမ်းကို ရရှိခဲ့တာပါ။
မီလန်မှာ အယ်လီဂရီရဲ့ နေရာကို ဘယ်သူ အစားထိုးမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပေမယ့် အယ်လီဂရီဟာ အီတလီ လက်ရွေးစင် အသင်း နည်းပြ ရာထူး အတွက် ရေပန်းစားသူ တစ်ဦး အဖြစ် ထွက်ပေါ်နေပါတယ်။ နာပိုလီ နည်းပြဟောင်း အန်တိုနီယို ကွန်တီ ကလည်း ရေပန်းစားတဲ့ စာရင်းထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။
အယ်လီဂရီဟာ မီလန်ကို ၂၀၁၀ ဇွန်လ ကနေ ၂၀၁၄ ဇန်နဝါရီ အထိ ပထမအကြိမ် ကိုင်တွယ်စဉ်က ၂၀၁၀-၁၁ ရာသီ စီးရီးအေ ချန်ပီယံဆုကို ရယူပေးခဲ့ဖူးပြီး၊ ပြီးခဲ့တဲ့ မေလကမှ မီလန်ရဲ့ နည်းပြ အဖြစ် ဒုတိယအကြိမ်မြောက် ပြန်လည် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


