အတ္တလန္တာ ကတော့ ဆန်စီရိုမှာ အေစီမီလန်ကို ၃-၂ နဲ့ အနိုင်ယူပြီးနောက် အိမ်ရှင် မီလန် တို့ရဲ့ စီးရီးအေ Top-4 မျှော်လင့်ချက်ကို အကြီးအကျယ် ထိုးနှက်လိုက်ပါပြီ။
အတ္တလန္တာ အတွက် သွင်းဂိုးတွေကို အီဒါဆင်၊ ဒါဗီဒီ ဇာပါကော်စတာနဲ့ ဂျာကိုမို ရက်စ်ပါဒိုရီ တို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး၊ ပွဲပြီးခါနီး အေစီမီလန်ရဲ့ အသည်းအသန် လိုက်ကစားမှု ကိုလည်း ခံစစ်က အကောင်းဆုံး တားဆီးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီရဲ့ အသင်းက ရိုးမားနဲ့ ထိပ်တိုက်တွေ့ဆုံမှု ပိုမိုသာလွန်နေလို့သာ အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နိုင်နေခဲ့တာ ဖြစ်ပါတယ်။
ပွဲစစချင်းမှာ အေစီမီလန် ကွင်းလယ်လူ အက်ဒရီယန် ရာဘီယော့တ်ရဲ့ အဝေးကန်ချက်ဟာ ဂိုးတိုင်ဘေး ကနေ ကပ်ထွက်သွားခဲ့ပေမယ့် ပွဲကစားချိန် ၇ မိနစ်မှာပဲ အတ္တလန္တာက အိမ်ရှင် ပရိသတ်တွေကို တိတ်ဆိတ်သွားစေခဲ့ပါတယ်။ ရက်စ်ပါဒိုရီရဲ့ ကန်ချက်ကို မီလန် ခံစစ်က ပိတ်ဆို့နိုင်ခဲ့ပေမယ့်လည်း ကျလာတဲ့ ဘောလုံးကို အီဒါဆင်က နောက်ခံလူ ၃ ဦး ကြားကနေ အပြင်း ကန်သွင်းယူပြီး အတ္တလန္တာ အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
အဲဒီနောက် အတ္တလန္တာက ဆက်တိုက် ဖိကစားနေခဲ့ပြီး နီကိုလာ ခရစ္စတိုဗစ်နဲ့ နီကိုလာ ဇာလက်စကီး တို့ရဲ့ ကန်ချက်တွေကို မီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နွန်က လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၂၉ မိနစ် မှာတော့ ဇာပါကော်စတာက သူ့ကို လူကပ် ကစားနေသူကို ကျော်ဖြတ်ပြီး ဂိုးထောင့်ထဲကို ကန်သွင်းယူခဲ့တာကြောင့် မိုက်ဂ်နွန် တစ်ယောက် ဘာမှမတတ်နိုင်ဘဲ ဒုတိယဂိုး ခွင့်ပြုလိုက်ရပါတယ်။
ဒီဂိုးတွေက အေစီမီလန်ကို နိုးကြားလာစေခဲ့ပြီး ဆန်တီယာဂို ဟင်မီနက်ဇ်၊ ရာဖေးလ် လီယာအိုနဲ့ အလက်ဆစ် ဆယ်လီမေကောစ် တို့ရဲ့ ကန်ချက်တွေကို အတ္တလန္တာ ဂိုးသမား ကာနာဆက်ချီက ပထမပိုင်း မပြီးခင် အကောင်းဆုံး ပုတ်ထုတ် ကာကွယ်သွားနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒုတိယပိုင်း အစ ၅၁ မိနစ်မှာ အတ္တလန္တာက တတိယဂိုး ထပ်မံ ရရှိခဲ့ပါတယ်။ အတ္တလန္တာဟာ မီလန် ကွင်းဘက်ခြမ်း အထိ တက်ရောက်ပြီး ဘောလုံးလုယူနိုင်ခဲ့ကာ၊ လွတ်လွတ်လပ်လပ် ဖြစ်နေတဲ့ အီဒါဆင် ကနေ တစ်ဆင့် ရက်စ်ပါဒိုရီကို ဖန်တီးပေးခဲ့ပြီး ရက်စ်ပါဒိုရီက ပြင်းထန်တဲ့ ကန်ချက်နဲ့ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန်နှောင်းပိုင်းမှာ မီလန် ဘက်က အားထုတ်မှုတွေ ပြုလုပ်လာခဲ့ပြီး ခရစ္စတိုဖာ အန်ကွန်ကူရဲ့ ကန်ချက် ၂ ကြိမ် လွဲချော်ခဲ့သလို၊ နစ်ကလပ်စ် ဖူးလ်ခရက်ချ်ရဲ့ ပိတ်သွင်းချက် ကလည်း လူကျွံဘော အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် အေစီမီလန်ရဲ့ အသည်းအသန် ပြန်လည် လိုက်ကစားမှုဟာ ပွဲချိန် ၈၈ မိနစ်မှာ စတင်ခဲ့ပြီး ဆမ်မူရီ ရစ်ချီရဲ့ ပြစ်ဒဏ်ဘော ကန်တင် ပေးပို့မှု ကနေ တစ်ဆင့် ဗဟိုနောက်ခံလူ စထရာဟင်ဂျာ ပါဗလိုဗစ်က ခေါင်းတိုက်သွင်းယူပြီး ပထမ ချေပဂိုး ရယူပေးခဲ့ပါတယ်။
အဲဒီနောက် ပွဲချိန် ၉၄ မိနစ်မှာ အန်ကွန်ကူကို အတ္တလန္တာ ကွင်းလယ်လူ မာတင် ဒီ ရွန်က ဖျက်ထုတ်ခဲ့တာကြောင့် မီလန် ပင်နယ်တီ ရရှိခဲ့ပြီး အန်ကွန်ကူ ကိုယ်တိုင်ပဲ အမှားအယွင်း မရှိ ကန်သွင်းယူခဲ့ပါတယ်။ ပွဲပြီးခါနီး စက္ကန့်ပိုင်းမှာ မက်တီယို ဂတ်ဘီယာရဲ့ ခေါင်းတိုက်ချက် တစ်ခု ဂိုးတိုင်ဘေးကနေ လွဲချော်သွားခဲ့ရပြီး မီလန် အနေနဲ့ စောစောစီးစီး မရုန်းကန်နိုင်ခဲ့တဲ့ အတွက် ရမှတ် တစ်မှတ်မှ မရရှိဘဲ အရှုံးပေးလိုက်ရပါတယ်။
အေစီမီလန်ဟာ လက်ရှိအချိန်မှာ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ၃ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးထားခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီနဲ့ မတ်လကြားက ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး နောက်ပိုင်း အသင်းရဲ့ အရှည်ကြာဆုံး နိုင်ပွဲ ပျောက်ဆုံးမှု ဖြစ်လာခဲ့ပါတယ်။ အတ္တလန္တာ အပေါ် မီလန်တို့ အနိုင်မရတာက ကြာပြီ ဖြစ်ပြီး မီလန် အနေနဲ့ အတ္တလန္တာနဲ့ ကစားခဲ့တဲ့ နောက်ဆုံး စီးရီးအေ ၆ ပွဲ စလုံး မှာလည်း တစ်ပွဲမျှ အနိုင်မရရှိထားပါဘူး။ ဒါဟာ အိမ်ကွင်း ဆန်စီရိုမှာ အတ္တလန္တာကို ၂ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
နည်းပြ အယ်လီဂရီ အတွက် စိတ်ပျက်စရာ မီလန်ဟာ ပွဲစဉ် အတွင်း ဂိုးကန်သွင်းမှု ၂၀ ကြိမ် အထိ ပြုလုပ်ခဲ့ပြီး ဂိုးပေါက်တည့်မှု ၉ ကြိမ် ရှိခဲ့ကာ မျှော်မှန်းဂိုး (xG) ၁.၉၄ အထိ ရှိခဲ့ပေမယ့်လည်း ဂိုး အဖြစ် ပြောင်းလဲနိုင်စွမ်း အားနည်းခဲ့ပါတယ်။ တခြား တစ်ဖက်မှာ အတ္တလန္တာ ကတော့ ဂိုးကန်သွင်းမှု ၉ ကြိမ်သာ ပြုလုပ်ပြီး ၃ ဂိုး အထိ သွင်းယူနိုင်ခဲ့တဲ့ အတွက် အခွင့်အရေးကို ထိရောက်စွာ အသုံးချသွားနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် အေစီမီလန် အတွက် ဒီပွဲရလဒ်က စီးရီးအေ Top 4 ဝင်ခွင့် အတွက် ကြီးမားတဲ့ ထိူးနှက်ချက်နဲ့ ရင်ဆိုင်လိုက်ရပြီလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


