ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာ အသင်းရဲ့ နည်းပြ ဂျော့ချ် ဂျီးဆပ်စ် ကတော့ လစ်ဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလာကို ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် ခေါ်ယူနိုင်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အီဂျစ် လက်ရွေးစင် အသင်းခေါင်းဆောင် မိုဟာမက် ဆာလာ ကတော့ အခု ရာသီ အကုန်မှာ လစ်ဗာပူးလ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင်တော့ ဆာလာ အနေနဲ့ လစ်ဗာပူးလ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကာလ အတန်ကြာ ဆွေးနွေးနေခဲ့ပေမယ့်လည်း အဆင်မပြေ ဖြစ်နေတာကြောင့် စိတ်ပျက်နေတယ်လို့ သိရပါတယ်။
အသက် ၃၀ ကျော်နေတဲ့ မိုဟာမက် ဆာလာဟာ ကစားသမားဘဝ နေဝင်ချိန်ကို တဖြည်းဖြည်း ဝင်ရောက်လာတာကြောင့် လစ်ဗာပူးလ်က စာချုပ်သက်တမ်းတိုးရာမှာ တုန့်ဆိုင်းနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ အကောင်းဆုံး ခြေစွမ်းပြနေဆဲ ဖြစ်တဲ့ ဆာလာက အသင်းနဲ့ ၃ နှစ် သက်တမ်းတိုးလိုနေတယ်လို့ သိရပြီး အသင်း ဘက်ကတော့ ၂ နှစ် သက်တမ်းသာ တိုးလိုနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ညှိနှိုင်းတဲ့ နေရာမှာ အဆင်မပြေ ဖြစ်နေပြီး မိုဟာမက် ဆာလာကို စောင့်ကြည့်နေတဲ့ အသင်းတွေက စတင် ကြိုးပမ်းဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

အီဂျစ်သားက လက်ရှိ လစ်ဗာပူးလ်မှာ တစ်နှစ် လုပ်ခ လစာ ပေါင် ၁၈ သန်း ဝန်းကျင်သာ ရရှိနေပြီး ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာ ဘက်က ပေးချေမယ့် လုပ်ခ လစာနှုန်းထား ကတော့ မက်မောစရာပါ။ အဲလ်ဟီလာဟာ ဆာလာကို တစ်နှစ် လုပ်ခ ပေါင် ၆၅ သန်း နှုန်းနဲ့ ၂ နှစ် စာချုပ် ချုပ်ဆိုဖို့ စီစဉ်ထားတာလည်း ဖြစ်ကြောင်း သိရပါတယ်။ အကယ်၍ ဆာလာ အနေနဲ့ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း မတိုးဖြစ်ခဲ့ဘူး ဆိုရင်တော့ အဲလ်ဟီလယ် အနေနဲ့ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ်က အီဂျစ် တောင်ပံ တိုက်စစ် ကစားသမားကို တစ်နှစ် လုပ်ခ လစာ ပေါင် ၆၅ သန်းနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာဟာ ဘရာဇီးလ် ကြယ်ပွင့် နေမာကို နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်းပြီးနောက် ထိပ်တန်း ကြယ်ပွင့် ကစားသမား တစ်ဦး ခေါ်ယူဖို့ စီစဉ်နေပြီး ဆာလာကို ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ အဲလ်ဟီလာ နည်းပြ ဂျော့ချ် ဂျီးဆပ်စ်က ကလပ်ကမ္ဘာ့ဖလား မတိုင်ခင် အီဂျစ် အသင်းခေါင်းဆောင်ကို အရ ခေါ်ယူပေးဖို့ အသင်း တာဝန်ရှိသူထံ တိုက်တွန်းထားတယ်လို့ သိရပါတယ်။
၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို လာမယ့် ဇွန်လ ၁၄ ရက်နေ့ ကနေ ဇူလိုင်လ ၁၃ ရက် အထိ အမေရိကန် နိုင်ငံမှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ အဲလ်ဟီလာက ဗိုလ်စွဲဖို့ ရည်မှန်းနေတာကြောင့် ပြိုင်ပွဲ မစတင်ခင် ဆာလာလို ကစားသမားမျိုးနဲ့ အားဖြည့်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.