အင်္ဂလန် အသင်းဟာ လက်ရှိ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်ကို တက်လှမ်းထားနိုင်ပြီ ဖြစ်ပါတယ်။ သူတို့ဟာ ၈ နှစ် အတွင်း ၄ ကြိမ်မြောက် အဖြစ် အဓိက ပြိုင်ပွဲကြီးတစ်ခုရဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပေမယ့် အသင်းခေါင်းဆောင် ဟယ်ရီ ကိန်း ကတော့ ဒီတစ်ကြိမ်မှာတော့ အဆုံးသတ် အထိ တက်လှမ်းပြီး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ လိုအပ်နေပြီဆိုတာ ကောင်းကောင်းကြီး နားလည်ထားပါတယ်။
အင်္ဂလန် အသင်း အနေနဲ့ သမိုင်းတစ်လျှောက် တစ်လုံးတည်းသော အဓိက ဆုဖလား အဖြစ် ၁၉၆၆ ခုနှစ် သူတို့ မြေမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားကို ရယူခဲ့ပြီးကတည်းက ဆိုရင် အခုဆို နှစ်ပေါင်း ၆၀ တောင် ကြာမြင့်ခဲ့ပါပြီ။ ၁၉၆၆ ကနေ ၂၀၁၈ ခုနှစ်ကြား ကာလရှည်ကြီးထဲမှာ အင်္ဂလန်ဟာ ဆီမီးဖိုင်နယ် အဆင့်ကို ၂ ကြိမ်ပဲ (၁၉၉၀ ကမ္ဘာ့ဖလားနဲ့ ၁၉၉၆ ယူရို) တက်လှမ်းနိုင်ခဲ့တာပါ။
ဒါပေမယ့် ပြီးခဲ့တဲ့ စနေနေ့က နော်ဝေကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် မှာတော့ အင်္ဂလန်ဟာ ၈ နှစ်တာ ကာလ အတွင်း သူတို့ရဲ့ ဒုတိယမြောက် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဆင်နွှဲဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲ ၂ ကြိမ်မှာလည်း ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါသေးတယ်။ လွန်ခဲ့တဲ့ ၈ နှစ်က ခရိုအေးရှားကို ရှုံးနိမ့်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲတုန်း ကလည်း ပါဝင်ခဲ့တဲ့ ကိန်းက အင်္ဂလန် အသင်း အနေနဲ့ ဆုဖလားကြီးကို လက်ဝယ် ပိုင်ဆိုင်ခွင့် မရမချင်း သူတို့အတွက် ကွက်လပ် တစ်ခု ကျန်နေဦးမှာပဲလို့ ဆိုပါတယ်။

ကိန်းက “ဒါဟာ ကျွန်တော်တို့ အမျိုးသား အသင်း အတွက် တကယ့်ကို အောင်မြင်တဲ့ ခေတ် တစ်ခေတ်ပါ။ ဒါပေမယ့် ကျွန်တော်တို့ အဆုံးသတ် အထိ တက်လှမ်းချင်တာပေါ့။ အဲဒါက အခု လိုအပ်နေတဲ့ တစ်ခုတည်းသော ကွက်လပ်ပဲ။ ကျွန်တော်တို့ ချန်ပီယံ တံခါးဝကို ခေါက်နေကြပြီ၊ ဆီမီးဖိုင်နယ်တွေ ဗိုလ်လုပွဲတွေကို ရောက်လာခဲ့ပြီ။ အခုက အရမ်းအရေးကြီးတဲ့ ရက်သတ္တပတ်ပဲ၊ ပြိုင်ပွဲ ပြီးဖို့ ၈ ရက်ပဲ လိုတော့တယ်။ ကျွန်တော်တို့ ၆ ပတ်ကြာ အတူတူ ဖြတ်သန်းခဲ့ပြီး အသင်း တံဆိပ် အတွက် အစွမ်းကုန် ကြိုးစားချင်စိတ်ကို ပြသခဲ့ပြီးပြီ၊ အခု နောက်ဆုံး အပတ်မှာ ဒီထက်ပိုပြီး အားစိုက်ထုတ်ဖို့ လိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို ရောက်နေပြီ၊ ဒါက အမျိုးသား အသင်း သမိုင်းမှာ ခဏခဏ ကြုံရတာမဟုတ်လို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ရင်ဆိုင်ရမှာပါ” လို့ ESPN ကတစ်ဆင့် ပြောကြားသွားခဲ့ပါတယ်။
အင်္ဂလန်ဟာ ဆီမီးဖိုင်နယ် မှာတော့ သူတို့ရဲ့ ပြိုင်ဘက်ဟောင်းကြီး ဖြစ်တဲ့ အာဂျင်တီးနား အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံရမှာပါ။ Opta စူပါကွန်ပြူတာရဲ့ တွက်ချက်မှုအရ အင်္ဂလန်ဟာ ဗိုလ်လုပွဲ တက်ဖို့ ၅၀.၉ ရာခိုင်နှုန်း အထိ အခွင့်အရေး ရှိနေပြီး ချန်ပီယံဖြစ်ဖို့ ၂၁.၉ ရာခိုင်နှုန်းနဲ့ တတိယမြောက် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ပြိုင်ဘက် အာဂျင်တီးနား ကတော့ ၂၀.၆ ရာခိုင်နှုန်းနဲ့ စတုတ္ထ၊ စပိန်က ၂၃.၅ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ ပြင်သစ် ကတော့ ၃၄.၁ ရာခိုင်နှုန်းနဲ့ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။
ပင်နယ်တီ အဆုံးအဖြတ်တွေကို မထည့်ဘဲ စာရင်းတွက်မယ် ဆိုရင် အင်္ဂလန်ဟာ အာဂျင်တီးနားနဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ နိုင်ငံတကာပွဲ ၅ ပွဲမှာ ရှုံးပွဲ မရှိထားဘဲ (၂ ပွဲနိုင်၊ ၃ ပွဲသရေ)၊ နောက်ဆုံး ၂ ပွဲ ဆက်တိုက် အနိုင်ရထားပါတယ်။ အနီးစပ်ဆုံး အနေနဲ့ ၂၀၀၅ ခုနှစ် နိုဝင်ဘာတုန်းက ခြေစမ်းပွဲမှာ မိုက်ကယ် အိုဝင်ရဲ့ သွင်းဂိုး ၂ ဂိုး၊ ဝိန်းရူနီရဲ့ သွင်းဂိုး ၁ ဂိုးတို့နဲ့ အာဂျင်တီးနားကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


