နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

အာဂျင်တီးနားနဲ့ ပွဲမှာ အင်္ဂလန် အသင်း စိတ်ပျက်ဖွယ် ပြိုလဲခဲ့ရခြင်း နောက်ကွယ်က အကြောင်းရင်း ၄ ချက် | ကမ္ဘာ့ဖလား

အင်္ဂလန် ကတော့ ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲဆီ တက်လှမ်းဖို့ ခြေတစ်လှမ်းအလိုကို ရောက်ရှိခဲ့ပေမယ့် ပွဲပြီးခါနီး အာဂျင်တီးနားရဲ့ တရစပ် ထိုးဖောက်မှုတွေကြောင့် ပွဲအပြီးမှာ မျက်ရည်ကျခဲ့ရပါတယ်။

သူတို့ဟာ အတ္တလန္တာကွင်းကြီးထဲမှာ လက်ရှိ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားကို မိနစ် ၈၅ အထိ ထိန်းထားနိုင်ခဲ့လို့ အနှစ် ၆၀ အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက်ဖို့ အိမ်မက်မက်နေခဲ့တာပါ။ ပွဲချိန် ၅၅ မိနစ်မှာ အန်သိုနီ ဂေါ်ဒွန် သွင်းယူခဲ့တဲ့ ဂိုးကြောင့် အင်္ဂလန်တို့ ဦးဆောင်နေခဲ့ပေမယ့် အာဂျင်တီးနား နိုးထလာချိန် မှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။

အန်ဇို ဖာနန်ဒက်စ်ရဲ့ လှပတဲ့ ချေပဂိုးက အင်္ဂလန်ရဲ့ အိမ်မက်ကို ပထမဆုံး ရိုက်ချိုးလိုက်တာ ဖြစ်ပြီး၊ အဲ့ဒီနောက်မှာတော့ နောက်ခံလူတွေ ကြားထဲ ကနေ လော်တာရို မာတီနက်ဇ်ရဲ့ သပ်ရပ်တဲ့ ခေါင်းတိုက် အနိုင်ဂိုးက အင်္ဂလန်ကို လုံးဝ အသက်ပျောက်သွားစေခဲ့ပါတယ်။ အင်္ဂလန် အတွက်တော့ နောက်ထပ် တစ်ကြိမ် ဆုဖလားနဲ့ လွဲချော်ရတဲ့ ရင်ကွဲမတတ် ခံစားချက်ပါပဲ။ ဒီ ၂ ဂိုး ၁ ဂိုး ရလဒ် အတွက် အင်္ဂလန် ပရိသတ်တွေ ဝေဖန်စရာတွေ အများကြီး ရှိနေပြီး အထူးသဖြင့် ပွဲအပြီးပိုင်းမှာ လူစားလဲမှု မှားယွင်းခဲ့တဲ့ နည်းပြ တူချယ် အတွက်တော့ ဒီပွဲဟာ တစ်သက်လုံး အိပ်မက်ဆိုး ဖြစ်နေတော့မှာပါ။

ဒီပွဲကနေ ကောက်နုတ်ရရှိတဲ့ အဓိက အချက် ၄ ချက်ကို ပြောပြပေးချင်ပါတယ်။

 

၁။ တူချယ်ရဲ့ ပိတ်ကစားတဲ့ မဟာဗျူဟာက ပွဲကို ဖျက်ဆီးလိုက်ခြင်း

အင်္ဂလန် အသင်းဟာ ပွဲချိန် မိနစ် ၇၀ အထိ အိမ်မက်လှပနေခဲ့ပါတယ်။ ၁-၀ နဲ့ ဦးဆောင်ထားနိုင်သလို အာဂျင်တီးနားရဲ့ တိုက်စစ်တွေ ကိုလည်း အကောင်းဆုံး ပိတ်ဆို့ထားနိုင်ခဲ့တာပါ။ တကယ်တော့ ဒီအချိန်ဟာ တန်ပြန် တိုက်စစ် ကနေ တစ်ဆင့် နောက်ထပ် အာမခံချက်ရှိမယ့် ဂိုးတစ်ဂိုး ထပ်သွင်းဖို့ ဒါမှမဟုတ် ပြိုင်ဘက်ကို ဖိအားပေးဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်ပါတယ်။

သူတို့ဟာ အတ္တလန္တာကွင်းကြီးထဲမှာ လက်ရှိ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားကို မိနစ် ၈၅ အထိ ထိန်းထားနိုင်ခဲ့လို့ အနှစ် ၆၀ အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက်ဖို့ အိမ်မက်မက်နေခဲ့တာပါ။
ဦးဆောင်ဂိုး ရခဲ့ပေမယ့် ခံစစ် ကစားခဲ့လို့ ရှုံးပွဲ ပြန်ကြုံခဲ့ရတဲ့ အင်္ဂလန်

ဒါပေမယ့် နည်းပြ တူချယ် ကတော့ အသင်းမှာ လူတစ်ယောက် အထုတ်ခံထားရသလိုမျိုး ခံစစ်သက်သက် ကိုပဲ ပြောင်းလဲ ကစားခဲ့ပါတယ်။ အာဂျင်တီးနား ခံစစ်ကို အမြဲတမ်း ခြိမ်းခြောက်နေတဲ့ တိုက်စစ်မှူး အန်သိုနီ ဂေါ်ဒွန်ကို လူစားလဲပြီး နောက်ခံလူ အက်ဇ်ရီ ကွန်ဆာကို ထည့်သွင်းခဲ့ပါတယ်။ ပွဲပြီးဖို့ မိနစ် ၂၀ ကျော် လိုသေးတဲ့အချိန်မှာ ခံစစ် ၅ ယောက်တန်းနဲ့ ကိုယ့်ဂိုးဧရိယာထဲ ပိတ်ဆို့ပြီး ဆုတောင်းတဲ့ စနစ်ကို သုံးခဲ့တာပါ။

ဒီဗျူဟာက တခြားအသင်းတွေနဲ့ဆို အလုပ်ဖြစ်ရင် ဖြစ်မှာပေမယ့် လက်ရှိ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားနဲ့ကျတော့ ဘယ်လိုမှ မလုံလောက်ပါဘူး။ အင်္ဂလန်ဟာ တိုက်စစ်ဆင်ဖို့ ဒါမှမဟုတ် ဘောလုံးပိုင်ဆိုင်မှု ယူဖို့ မကြိုးစားတော့ဘဲ ခံစစ်ကိုပဲ လုံးဝ ကစားလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် သူတို့ ရင်ဆိုင်နေရတာက ကမ္ဘာ့အကောင်းဆုံး ကစားသမား လီယွန်နယ် မက်ဆီ ဆိုတာကို မေ့သွားခဲ့ပုံ ရပါတယ်။ ဒါ့အပြင် နီကို အိုရွိုင်းလီနဲ့ ဒန်ဘန်း တို့ကို ထပ်ထည့်ခဲ့တာက အင်္ဂလန်ကို ပိုပြီး ကမောက်ကမ ဖြစ်သွားစေခဲ့ပါတယ်။ အာဂျင်တီးနား ဂိုးရသွားဖို့က အချိန်တစ်ခုပဲ လိုခဲ့တာ ဖြစ်ပြီး နောက်ဆုံးမှာ ၂ ဂိုး ဆက်တိုက် ပေးလိုက်ရပါတယ်။ အဲ့ဒီနောက်ပိုင်းမှ တိုက်စစ်ပြန်ဆင်ဖို့ ကြိုးစားပေမယ့် အချိန်နှောင်းသွားခဲ့ပါပြီ။

 

၂။ ဘယ်လင်ဟမ် ခြေကျသွားချိန်မှာ အင်္ဂလန် တိုက်စစ်လည်း ရပ်တန့်သွားခြင်း

အင်္ဂလန်ဟာ ဒီကမ္ဘာ့ဖလား ပြိုင်ပွဲ ဆီမီးဖိုင်နယ် မတိုင်ခင် အထိ ၁၃ ဂိုး သွင်းထားနိုင်ခဲ့ပြီး အဲ့ဒီထဲက ၁၂ ဂိုးကို ဟယ်ရီကိန်းနဲ့ ဂျူ့ဒ် ဘယ်လင်ဟမ်တို့ ကပဲ သွင်းယူပေးခဲ့တာပါ။ ဒီကစားသမား နှစ်ယောက်ဟာ အသင်းကို ပုခုံးထမ်းပြီး ကွန်ဂို၊ မက္ကဆီကိုနဲ့ နော်ဝေ တို့ကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ် အထိ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ဟယ်ရီကိန်း ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အင်္ဂလန်ရဲ့ တစ်လုံးတည်းသော ဂိုးရရှိဖို့ အတွက် သူကပဲ ပုံဖော်ပေးခဲ့တာပါ။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဟမ် ကတော့ အာဂျင်တီးနားရဲ့ လူကပ်ကစားမှု၊ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေကြောင့် ပွဲအတွင်းမှာ လုံးဝ ပျောက်ကွယ်နေခဲ့ပါတယ်။ သူဟာ ဘောလုံးရတိုင်း နေရာလွတ် မရခဲ့သလို၊ လှပတဲ့ ဖန်တီးမှုတွေလည်း မလုပ်နိုင်ခဲ့ပါဘူး။

ဒါ့အပြင် အင်္ဂလန်ရဲ့ တိုက်စစ်တွေက တောင်ပံတွေ ကိုပဲ အားပြုခဲ့လို့ ကွင်းလယ်က ဘယ်လင်ဟမ်ဆီ ဘောလုံး မရောက်ခဲ့သလို၊ ဧရိယာထဲကို ဖြတ်တင်ဘောတွေလည်း နည်းပါးခဲ့တာကြောင့် သူ့ရဲ့ ထူးခြားချက် ဖြစ်တဲ့ ခံစစ် နောက်ကို ဝင်တိုက်တဲ့ ကစားကွက်တွေ ကိုလည်း မတွေ့ခဲ့ရပါဘူး။ ဘယ်လင်ဂမ်နဲ့ ကိန်းတို့ ခြေချုပ်မိနေတဲ့အချိန်မှာ တခြား ကြယ်ပွင့်တွေ ဖြစ်တဲ့ ရော်ဂျာစ်နဲ့ ဂေါ်ဒွန် တို့က ဂိုးရအောင် ရုန်းကန်ပေးခဲ့ပေမယ့် တူချယ် ကတော့ တခြားသူတွေကို အခွင့်အရေး ထပ်မပေးခဲ့ပါဘူး။

 

၃။ တူချယ်ရဲ့ ကစားသမား ရွေးချယ်မှု စမ်းသပ်ချက် အလုပ်ဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာ ဗြောက်သောက်ဖြစ်သွားခြင်း

နည်းပြ တူချယ်ဟာ ဒီပြိုင်ပွဲ တစ်လျှောက်လုံး အသုံးပြုခဲ့တဲ့ ဆာကာနဲ့ မာဒူအေခေ တို့ကို ချန်လှပ်ပြီး ဒီကမ္ဘာ့ဖလားမှာ တစ်ဂိုးမှ ပါဝင်ပတ်သက်မှု မရှိသေးတဲ့ မော်ဂန် ရော်ဂျာစ်ကို ပွဲထွက်စာရင်းမှာ အသုံးပြုခဲ့လို့ အားလုံး အံ့အားသင့်ခဲ့ရပါတယ်။

ပထမပိုင်း ၄၅ မိနစ် မှာတော့ ဗီလာ ကွင်းလယ်လူ ရော်ဂျာစ်ဟာ ဘောလုံး သိပ်မရဘဲ ရုန်းကန်ခဲ့ရပါတယ်။ ပွဲကသာ ဂိုးမရှိ သရေ ဖြစ်နေရင် သူဟာ ပထမဆုံး လူစားလဲခံရမယ့်သူ ဖြစ်ပေမယ့် ပွဲချိန် ၅၅ မိနစ် မှာတော့ သူကပဲ ဂေါ်ဒွန်ဆီကို အပိုင်ဖြတ်တင်ဘော ပေးပို့ပြီး အင်္ဂလန် အတွက် ဦးဆောင်ဂိုး ဖန်တီးပေးခဲ့ပါတယ်။

ရော်ဂျာစ် အနေနဲ့ ဒီထက်ပိုပြီး စွမ်းဆောင်ချင်ခဲ့မှာ ဖြစ်ပေမယ့် နည်းပြ တူချယ်က ပွဲချိန် မိနစ် ၉၀ စလုံး သူ့ကို ကွင်းထဲမှာ ထားပြီး၊ ကောင်းကောင်း ကစားနေတဲ့ ဂေါ်ဒွန်ကို လူစားလဲခဲ့တာ ကတော့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ အင်္ဂလန် အသင်း ဒုတိယဂိုး လိုအပ်နေတဲ့ အချိန်မှာ ရော်ဂျာစ်က ဘာမှ ထပ်မလုပ်နိုင်တော့ပါဘူး။ သူဟာ ပွဲပြီးဆုံးချိန်မှာ ဘောလုံး ထိချက် ၂၅ ကြိမ်ပဲ ရှိခဲ့ပါတယ်။ တစ်ဖက် မှာလည်း ဆာကာနဲ့ မာဒူအေခေ တို့ဟာ ကွင်းထဲဆင်းခွင့် မရခဲ့သလို၊ ရက်ရှ်ဖို့ဒ် ကိုလည်း ပွဲချိန် ၉၆ မိနစ်ကျမှ ထည့်သွင်းခဲ့တာက တူချယ်ရဲ့ အမှားတစ်ခု ဖြစ်ခဲ့ပါတယ်။

 

၄။ ဂျက် စပန့်စ်ရဲ့ အကောင်းဆုံး ရုန်းကန် ခြေစွမ်း

တော့တင်ဟမ် နောက်ခံလူ ဂျက် စပန့်စ်ဟာ ရိစ် ဂျိမ်းစ်တို့ ဒဏ်ရာရနေလို့ အသင်းထဲ ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပြီး ဒီပွဲမှာတော့ သူ သဘောကျတဲ့ ဘယ်နောက်ခံလူ နေရာမှာ ပွဲထွက်ခဲ့ပါတယ်။ စက္ကူပေါ် မှာတော့ စပန့်စ်နဲ့ မက်ဆီ ထိပ်တိုက် တွေ့တာဟာ အင်္ဂလန် အတွက် ဘေးဒုက္ခလို့ ထင်ရပါတယ်။

ဒါပေမယ့် စပန့်စ်ဟာ မက်ဆီနဲ့ ဆီမြွန်နီ တို့ကို သူ့ရဲ့ မြန်နှုန်းမြင့် အပြေးစွမ်းရည်နဲ့ ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၇ မိနစ်မှာ သူ နေရာ လွတ်ပေးလိုက်ရလို့ အန္တရာယ်ရှိခဲ့ပေမယ့် မြန်မြန်ဆန်ဆန် ပြန်လည် ပြေးဆင်းပြီး ဧရိယာထဲမှာ ဆီမြွန်နီ ဆီကနေ ဘောလုံးကို အကောင်းဆုံး ဖျက်ထုတ်ပြသွားခဲ့ပါတယ်။

ပွဲပြီးခါနီး အနိုင်ဂိုး အတွက် မက်ဆီ ဖြတ်တင်ဘော ပေးနိုင်ခဲ့တာ ကလည်း စပန့်စ် အနေနဲ့ စက္ကန့်ပိုင်း အလိုမှာ ဒဏ်ရာရသွားခဲ့လို့ နေရာလွတ် ဖြစ်သွားခဲ့ရတာပါ။ ဒီလို ဝမ်းနည်းစရာ အဆုံးသတ် ဖြစ်ခဲ့ပေမဲ့လည်း စပန့်စ်ရဲ့ တစ်ပွဲလုံး ကြိုးစားအားထုတ်မှု ကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ် အရွယ် ကစားသမားဟာ တိုက်စစ်ပိုင်း မှာလည်း ဂေါ်ဒွန်နဲ့ ကောင်းကောင်း တွဲဖက် ကစားနိုင်ခဲ့ပြီး အာဂျင်တီးနား နောက်ခံလူ မိုလီနာကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဖြတ်တင်ဘောတွေကို ပိတ်သွင်းမယ့် အင်္ဂလန် ကစားသမား ဧရိယာထဲမှာ မရှိခဲ့တာကပဲ နှမြောစရာ ဖြစ်ခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်