နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

လီယွန်နယ် မက်ဆီကို ထိန်းချုပ်ဖို့ စပိန် နည်းပြ လူးဝစ် ဒီလာဖွန်တေ ဘယ်လိုစီစဉ်ထားလဲ | ကမ္ဘာ့ဖလား

၂၀၂၆ ကမ္ဘာ့ဖလားရဲ့ နောက်ဆုံး ဗိုလ်လုပွဲကြီးမှာ စပိန် အသင်းဟာ အာဂျင်တီးနား အသင်းနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်နေပါပြီ။ MetLife Stadium မှာ ကစားမယ့် ဒီပွဲမှာ ဥရောပ အင်အားကြီး စပိန် အသင်းက ချန်ပီယံဆု ဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပေမယ့် တောင်အမေရိကရဲ့ အာဂျင်တီးနား ကတော့ အလွယ်တကူ အရှုံးပေးမှာ မဟုတ်ပါဘူး။ သူတို့က နှစ်ပေါင်း ၆၀ ကျော် အတွင်း (၁၉၆၂ က ဘရာဇီးလ် အသင်း ပြီးရင်) ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားကို နှစ်ကြိမ် ဆက်တိုက် ဆွတ်ခူးနိုင်တဲ့ အသင်း ဖြစ်လာဖို့ အစွမ်းကုန် ကြိုးစားလာမှာ သေချာပါတယ်။

စပိန် အသင်း အတွက် အကြီးမားဆုံး အတားအဆီး ကတော့ တခြားသူ မဟုတ်ဘဲ တစ်ဦးတည်းသော ကမ္ဘာ့ဘောလုံး အကျော်အမော် လီယွန်နယ် မက်ဆီ ပါပဲ။ အသက် ၃၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝ နေဝင်ချိန်ကို ရောက်နေပြီလို့ တချို့က ဆိုကြပေမယ့်၊ ခြောက်ကြိမ်မြောက် ယှဉ်ပြိုင်တဲ့ ဒီကမ္ဘာ့ဖလားပြိုင်ပွဲ မှာတော့ အကောင်းဆုံး ခြေစွမ်းပြနေပါတယ်။ သူဟာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားပြီး အာဂျင်တီးနား အသင်းကို ဗိုလ်လုပွဲ အထိ တစ်ကိုယ်တော်နီးပါး ရုန်းကန် ဦးဆောင်ပေးလာခဲ့တာပါ။ ဒီခြေစွမ်းတွေကြောင့်ပဲ ရွှေဖိနပ်ဆုကို မရရင်တောင် ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး ကစားသမားဆု ဖြစ်တဲ့ ရွှေဘောလုံးဆု ကိုတော့ မက်ဆီ တစ်ယောက် သေချာပေါက် ရရှိဖို့ ရှိနေပါတယ်။

စပိန် နည်းပြ လူးဝစ် ဒီလာဖွန်တေ ကတော့ အခုလို ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ပွဲကြီးပွဲကောင်းမှာ အသင်းကို ဦးဆောင်ခွင့် ရလို့ စိတ်လှုပ်ရှားနေသလို၊ ၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ထပ်မံ ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ နည်းဗျူဟာပိုင်း ပြင်ဆင်မှုတွေ မှာတော့ မက်ဆီကို အဓိက အလေးထား စဉ်းစားထားပါတယ်။

“ဗိုလ်လုပွဲကို ရောက်ရုံနဲ့တင် အခွင့်ထူးခံရတာပါ။ နှစ်တိုင်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ရောက်ပြီး ရှုံးရမယ် ဆိုရင်တောင် ကျွန်တော် ကတော့ လက်ခံမှာပဲ။ ဒါပေမယ့် ကျွန်တော်တို့ နိုင်အောင် တိုက်ပွဲဝင်သွားမှာပါ။ ဒီလိုအချိန်မျိုးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားမှာ ဖြစ်သလို၊ အာဂျင်တီးနား ကလည်း သမိုင်းကြောင်း ကောင်းမွန်တဲ့ ပြိုင်ဘက်ကောင်း တစ်သင်းပါ” လို့ ဒီလာဖွန်တေက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

မက်ဆီကို ထိန်းချုပ်ဖို့ စပိန်ရဲ့ အစီအစဉ်က ဘာလဲ

ဒီခြေစွမ်းတွေကြောင့်ပဲ ရွှေဖိနပ်ဆုကို မရရင်တောင် ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး ကစားသမားဆု ဖြစ်တဲ့ ရွှေဘောလုံးဆု ကိုတော့ မက်ဆီ တစ်ယောက် သေချာပေါက် ရရှိဖို့ ရှိနေပါတယ်။
အခုနှစ် နွေရာသီမှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ လီယွန်နယ် မက်ဆ်ီ

“ကျွန်တော်တို့ မက်ဆီကို တစ်ယောက်ချင်း လူကပ်စောင့် (Man-mark) မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အထူးဂရုစိုက် စောင့်ကြည့်သွားမှာပါ” လို့ ဒီလာဖွန်တေက ဆိုပါတယ်။ ပြီးတော့ “အာဂျင်တီးနား နည်းပြ စကာလိုနီနဲ့ ကျွန်တော်ဟာ တစ်ဦးကို တစ်ဦး လေးစားကြတဲ့ ပြိုင်ဘက်ကောင်းတွေမို့လို့ အခုလို ထိပ်တိုက်တွေ့ရတာ ဂုဏ်ယူစရာပါ”လို့လည်း ထည့်သွင်း ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက ကစားဖို့ စီစဉ်ထားတဲ့ Finalissima ပြိုင်ပွဲ ပျက်ပြယ်သွားခဲ့တာကြောင့် ဒီလာဖွန်တေ အနေနဲ့ မက်ဆီကို နည်းဗျူဟာပိုင်းအရ ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာ စမ်းသပ်ဖို့ အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ၊ မက်ဆီ အသက် ၁၆ နှစ်သား အရွယ် ကတည်းက ရင်ဆိုင်ဖူးတဲ့ အတွေ့အကြုံတော့ ရှိခဲ့ဖူးပါတယ်။

အဲဒါက ၂၀၀၄ ခုနှစ် မေလတုန်းကပါ။ မက်ဆီက ဘာစီလိုနာ လူငယ်အသင်းမှာ ခြေစွမ်းပြနေချိန်ဖြစ်ပြီး၊ ဒီလာဖွန်တေက ဆီဗီလာ ယူ-၁၉ အသင်းကို ကိုင်တွယ်နေတဲ့ အချိန်ဖြစ်ပါတယ်။ အဲ့ဒီ ဖလားပွဲစဉ်မှာ ဒီလာဖွန်တေက မက်ဆီကို လူကပ်စောင့်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ပွဲချိန် မိနစ် ၇၀ အထိ ခြေပဂိုးမရှိ သုည-သုည ဖြစ်နေခဲ့ပြီး၊ မက်ဆီကို လူကပ်စောင့်နေတဲ့ ကစားသမား အဝါကတ် ပြသခံရတာကြောင့် လဲလှယ်လိုက်တဲ့ အချိန် မှာတော့ အမှားကြီး မှားသွားခဲ့ပါတယ်။ လူကပ်စောင့်တဲ့သူ မရှိတော့တဲ့ နောက်ဆုံး ၁၅ မိနစ် အတွင်းမှာပဲ မက်ဆီက စပိန် နည်းပြရဲ့ ဆီဗီလာ အသင်းကို ၄ ဂိုး ဆက်တိုက် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အခု ဗိုလ်လုပွဲ မှာတော့ လူကပ် မစောင့်ပေမယ့် အဲ့ဒီလိုမျိုး အဖြစ်ဆိုးနဲ့ ကြုံရမှာ မဟုတ်ဘူးလို့ ဒီလာဖွန်တေက ယုံကြည်နေပါတယ်။ “မက်ဆီကို လူကပ်စောင့်မှာလား ဆိုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကို အထူးဂရုစိုက် စောင့်ကြည့်သွားမှာလား ဆိုရင်တော့ ဟုတ်ပါတယ်။ ဒါဟာ သူတို့ အသင်း ဘက်ကလည်း ကျွန်တော် တို့ရဲ့ ကစားသမားတွေကို အထူးသတိထား စောင့်ကြည့်ရမှာနဲ့ အတူတူပါပဲ။” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

စပိန် အသင်းမှာ အာဂျင်တီးနား ခံစစ်က သတိထားရမယ့် လာမင်း ယာမယ်နဲ့ မီခဲလ် အိုယာဇာဘယ်လ် တို့လို တိုက်စစ် ကစားသမားကောင်းတွေ ရှိနေပါတယ်။ ဒါ့အပြင် လက်ရှိ ဥရောပ ချန်ပီယံ စပိန် အသင်းဟာ ပြိုင်ပွဲ တစ်ခုလုံးမှာ ၁ ဂိုးတည်းသာ ပေးထားရတာကြောင့် ခံစစ်ပိုင်း ကိုလည်း အပြည့်အဝ ယုံကြည်မှု ရှိနေတာပါ။

ဒါပေမယ့် စပိန် အသင်း အနေနဲ့ ပွဲပြီးခါနီး နောက်ဆုံး ၁၅ မိနစ် ကိုတော့ အထူးသတိထားရမှာ ဖြစ်ပါတယ်။ အာဂျင်တီးနား အသင်းနဲ့ မက်ဆီဟာ ပွဲပြီးခါနီး အချိန်တွေမှာ ပိုပြီး အန္တရာယ်ပြုနိုင်စွမ်း ရှိလာတတ်လို့ပါ။ အာဂျင်တီးနား အသင်းဟာ ယခုနွေရာသီမှာ သွင်းယူထားတဲ့ စုစုပေါင်း ၁၉ ဂိုးအနက် ၁၂ ဂိုးကို ပွဲချိန် ၇၅ မိနစ်နောက်ပိုင်းမှ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ၁၂ ဂိုးထဲမှာ မက်ဆီ ကိုယ်တိုင် ၄ ဂိုး သွင်းပြီး ၃ ဂိုး ဖန်တီးပေးခဲ့တာ ဖြစ်တာကြောင့် စပိန် အသင်း အနေနဲ့ ပွဲပြီးဆုံးတဲ့ အထိ အာရုံစိုက်မှုကို လုံးဝလျှော့ချလို့ ရမှာ မဟုတ်ပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်