နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ကမ္ဘာ့ချန်ပီယံဘွဲ့ကို အကြိတ်အနယ်လုကြမယ့် ကိုပါ ချန်ပီယံနဲ့ ယူရို ချန်ပီယံ | ကမ္ဘာ့ဖလား (ပွဲကြိုသုံးသပ်ချက်)

စပိန် – အာဂျင်တီးနား

ကမ္ဘာ့ဖလားရဲ့ အကြီးကျယ်ဆုံး စင်မြင့်ထက်မှာ ပြီးပြည့်စုံတဲ့ ခံစစ်နဲ့ အားကောင်းတဲ့ တိုက်စစ်တို့ ထိပ်တိုက် တွေ့ဆုံကြတော့မှာပါ။ လာမယ့် တနင်္ဂနွေနေ့ည MetLife ကွင်းကြီးထဲမှာ ယူရို ချန်ပီယံနဲ့ ကိုပါအမေရိက ချန်ပီယံ တို့ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အဖြစ် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။

ယူရို ၂၀၂၄ ချန်ပီယံ စပိန် အသင်းဟာ သူတို့ရဲ့ ဒုတိယမြောက် ကမ္ဘာ့ဖလား ဆုဖလားကို သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။ တစ်ဖက်က အာဂျင်တီးနား ကတော့ ၂၀၂၄ ကိုပါအမေရိက ဖလားကို ကာကွယ်ထားနိုင်ခဲ့ပြီး၊ အခုတစ်ကြိမ်မှာ ၁၉၆၂ ခုနှစ်က ဘရာဇီးလ် အသင်း နောက်ပိုင်း ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆက် ဗိုလ်စွဲတဲ့ ပထမဆုံး အသင်း ဖြစ်လာဖို့ ရည်မှန်းထားပါတယ်။ ပွဲမစခင် အလေးပေးမှုမှာ စပိန်က ရေပန်းစားနေပေမယ့် ရှုံးထွက်အဆင့် ရောက်ကတည်းက လက်ရှိ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားဟာ သူတို့ ဘာကြောင့် ချန်ပီယံ ဖြစ်ခဲ့လဲ ဆိုတာကို ကွင်းတွင်း ခြေစွမ်းနဲ့ သက်သေပြနေဆဲ ဖြစ်ပါတယ်။

 

စပိန်

လူတိုင်းက စပိန်ရဲ့ လူငယ် ကြယ်ပွင့် လာမင်း ယာမယ်ရဲ့ တိုးအားဆွဲအားတွေ အကြောင်းပဲ တဖွဖွ ပြောနေကြတာပါ။ ယာမယ်ဟာ ဒီပြိုင်ပွဲမှာ ၁ ဂိုးသွင်း၊ ပင်နယ်တီ ၁ ကြိမ် ရအောင် ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း စပိန်ကို ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးခဲ့တာ ကတော့ နည်းပြ လူးဝစ် ဒီလာဖွန်တေရဲ့ ကျောက်ဆောင်လို ခိုင်မာတဲ့ ခံစစ်တန်းပဲ ဖြစ်ပါတယ်။

စပိန်ဟာ ဘယ်လ်ဂျီယံနဲ့ ပွဲမှာ ဒီကက်တီလာယာရဲ့ ချေပဂိုး မပေးရခင် အထိ ၆၄၉ မိနစ်တိုင်တိုင် ဂိုးမပေးရအောင် ကစားနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ မီခဲလ် မာရီနိုရဲ့ နောက်ကျဂိုးကြောင့် စပိန် အနိုင်ရခဲ့တာပါ။ ဆီမီးဖိုင်နယ် မှာလည်း ကြောက်စရာ ကောင်းတဲ့ ပြင်သစ် တိုက်စစ်ကို ၂-၀ နဲ့ အပြတ်အသတ် ထိန်းချုပ်ပြီး ဗိုလ်လုပွဲ တက်လာခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်နဲ့ ပွဲမှာ အိုယာဇာဘယ်ရဲ့ တည်ငြိမ်တဲ့ ပင်နယ်တီဂိုးနဲ့ အတူ ပက်ဒရို ပေါ်ရိုရဲ့ လှပတဲ့ ဒုတိယဂိုးတွေနဲ့ အတူ စပိန် အသင်းဟာ ပြင်သစ် နည်းပြ ဒက်စ်ရွှမ့်စ် ကြိုတင် ပြောခဲ့သလိုပဲ ရေပန်းစားတဲ့ အတိုင်း ကစားပြသွားခဲ့ပါတယ်။

စပိန် ခံစစ်ဟာ မိုက်ကယ် အိုလီဆေးကို လူကပ် ကစားပြီး ကီလီယန် အမ်ဘာပေး ကိုလည်း ခြေချုပ်မိအောင် လုပ်နိုင်ခဲ့လို့ ပြင်သစ်ရဲ့ မျှော်မှန်းဂိုး (Expected Goals) ကို ၀.၃၁ ပဲ ရှိအောင် ကန့်သတ်နိုင်ခဲ့ပါတယ်။ ဒါဟာ ဒီပြိုင်ပွဲမှာ စပိန်နဲ့ တွေ့ခဲ့တဲ့ အသင်းတွေရဲ့ ပျမ်းမျှ မျှော်မှန်းဂိုး ပမာဏလည်း ဖြစ်ပါတယ်။ ကိပ်ဗာဒီနဲ့ ပွဲမှာ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တဲ့ အဖွင့် ပွဲစဉ် အပြီး မှာတော့ ဥရောပ ချန်ပီယံ စပိန်ဟာ ၆ ပွဲ ဆက်တိုက် နိုင်ပွဲရခဲ့ပြီး ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ပြိုင်ပွဲ တစ်ခုတည်းမှာ ပေးဂိုး မရှိပွဲ ၆ ပွဲ အထိ ရအောင် ကစားနိုင်တဲ့ ပထမဆုံး အသင်း အဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး၊ စပိန်အသင်းဟာ ၂၀၂၄ ခုနှစ် မတ်လက ကိုလံဘီယာကို ရှုံးနိမ့်ခဲ့ပြီး ကတည်းက အခုအချိန် အထိ ၃၇ ပွဲ ဆက်တိုက် ရှုံးပွဲမရှိ စံချိန်တင်ထားတာပါ။ တနင်္ဂနွေနေ့ ပွဲမှာသာ ထပ်နိုင်ရင် အီတလီ အသင်းရဲ့ ယူရို ၂၀၂၀ တုန်းက စံချိန်ကို ကျော်ဖြတ်ပြီး အမျိုးသား ဘောလုံးလောကမှာ သမိုင်းတစ်လျှောက် အရှည်ကြာဆုံး ရှုံးပွဲ မရှိ စံချိန်သစ်ကို ပိုင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

 

အာဂျင်တီးနား

ယူရို ၂၀၂၄ ချန်ပီယံ စပိန် အသင်းဟာ သူတို့ရဲ့ ဒုတိယမြောက် ကမ္ဘာ့ဖလား ဆုဖလားကို သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။
ကမ္ဘာ့ဖလား ၂ ကြိမ်ဆက် ချန်ပီယံ ဖြစ်ဖို့ ရည်မှန်းထားတဲ့ အာဂျင်တီးနား

တစ်ဖက်က အာဂျင်တီးနား ကတော့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အီကွေဒေါကို ၁-၀ နဲ့ ရှုံးခဲ့တာက နောက်ဆုံး ရှုံးပွဲ ဖြစ်ပြီး အခုဆိုရင် သမိုင်းဝင် စံချိန် တစ်ခု အတွက် ဦးတည်နေပါတယ်။ ၂၀၂၁ နဲ့ ၂၀၂၄ ကိုပါအမေရိက ချန်ပီယံ၊ ကြားထဲမှာ ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ နည်းပြ စကာလိုနီရဲ့ အာဂျင်တီးနား အသင်းဟာ အခုပွဲမှာသာ နိုင်ရင် သမိုင်းတစ်လျှောက် အဓိက ပြိုင်ပွဲကြီး ၄ ခုကို ဆက်တိုက် ဗိုလ်စွဲတဲ့ ပထမဆုံး အသင်း ဖြစ်လာမှာ ဖြစ်ပြီး ဘောလုံးသမိုင်းမှာ အကောင်းဆုံး အသင်း တစ်သင်း အဖြစ် သတ်မှတ်ခံရတော့မှာပါ။

လက်ရှိ ချန်ပီယံ အာဂျင်တီးနားဟာ စပိန်လို ခံစစ်အင်အားမျိုး မပြနိုင်ခဲ့ပါဘူး။ ဆီမီးဖိုင်နယ် ဗုဒ္ဓဟူးနေ့ပွဲမှာ အင်္ဂလန် အသင်းက အန်သိုနီ ဂေါ်ဒွန်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်တာ ခံခဲ့ရပါသေးတယ်။ ဒါပေမယ့် သောမတ်စ် တူချယ်ရဲ့ အင်္ဂလန် အသင်း အမှားအယွင်း ဖြစ်သွားချိန်မှာတော့ လီယွန်နယ် မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားဟာ ပွဲကို ပြန်လည်စိုးမိုးနိုင်ခဲ့ပါတယ်။

အင်္ဂလန် အသင်း ဘက်ကို တရစပ် ဖိအားပေးရင်း မက်ဆီရဲ့ ဖန်တီးပေးမှု ကနေ တစ်ဆင့် အန်ဇို ဖာနန်ဒက်စ်နဲ့ လူစားဝင် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ် တို့က ဂိုးတွေသွင်းယူပြီး အသင်းကို (၇) ကြိမ်မြောက် ကမ္ဘာ့ဖလား ဗိုလ်လုပွဲဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အာဂျင်တီးနားရဲ့ ဆောင်ပုဒ်က “ မင်းတို့ ဘယ်လောက် သွင်းသွင်း ငါတို့က ပိုသွင်းမယ်” ဆိုတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ စကာလိုနီရဲ့ အသင်းဟာ ၅ ပွဲ ဆက်တိုက် ပေးဂိုး ရှိခဲ့ပေမယ့် ပွဲတိုင်းမှာ အနည်းဆုံး ၂ ဂိုးစီ သွင်းယူနိုင်ခဲ့ပြီး စုစုပေါင်း ၁၉ ဂိုးနဲ့ ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး အသင်း ဖြစ်နေပါတယ်။

ဒါဟာ အာဂျင်တီးနား ကမ္ဘာ့ဖလား သမိုင်းမှာ ဂိုးအများဆုံး သွင်းနိုင်တဲ့ စံချိန်လည်း ဖြစ်ပါတယ်။ အခုဆိုရင် အာဂျင်တီးနားဟာ ၁၉၃၈ က အီတလီ၊ ၁၉၆၂ က ဘရာဇီးလ် တို့လို ကမ္ဘာ့ဖလားကို ကာကွယ်နိုင်တဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာဖို့ နီးစပ်နေပါပြီ။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ နှစ်သင်းစလုံး ဒဏ်ရာနဲ့ ပွဲပယ် ကင်းရှင်းနေပြီး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာနိုင်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

စပိန် – ဆီမွန်၊ ပေါ်ရို၊ ကူဘာဆီ၊ လာပေါ့တ်၊ ကူကာရယ်လာ၊ ရိုဒရီ၊ ရူအစ်ဇ်၊ လာမင်း ယာမယ်၊ အော်လမို၊ ဘာအီနာ၊ အိုယာဇာဘယ်

အာဂျင်တီးနား – အမ်မီ မာတီနက်ဇ်၊ မွန်တီရယ်၊ ရိုမီယို၊ လီဆန်ဒရို မာတီနက်ဇ်၊ တက်ဂ်လီယာဖီကို၊ ဒီပေါလ်၊ ပါရီဒက်စ်၊ ဖာနန်ဒက်ဇ်၊ မက် အယ်လစ္စတာ၊ မက်ဆီ၊ အဲလ်ဗာရက်ဇ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

၂၁ ရာစုအတွင်း စပိန်နဲ့ တွေ့ဆုံခဲ့တဲ့ ၄ ပွဲမှာ အာဂျင်တီးနားက ၃ ပွဲ အထိ ရှုံးနိမ့်ခဲ့ဖူးပြီး ၂၀၁၈ ခြေစမ်းပွဲတုန်းက ဆိုရင် ၆-၁ နဲ့ ဂိုးပြတ် ရှုံးခဲ့ဖူးပါတယ်။ ဒါပေမယ့် လာမယ့် တနင်္ဂနွေနေ့ ဗိုလ်လုပွဲ ကတော့ အဲ့ဒီတုန်းကလို မဟုတ်ဘဲ အကြိတ်အနယ် ရှိပြီး ဂိုးမြူးမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ သေချာသလောက် ရှိနေပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ စပိန် နိုင်ရင် ၂.၃၃ ဆ၊ အာဂျင်တီးနား နိုင်ရင် ၃.၃၂ ဆ၊ သရေ ဆိုရင်တော့ ၃.၀၂ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း စပိန် ဘက်ကပဲ ကြေးဖွင့်ထားပါတယ်။ စပိန်ရဲ့ တည်ငြိမ်ပြီး အဆင့်အတန်း မြင့်မားတဲ့ ကစားပုံနဲ့ အာဂျင်တီးနားရဲ့ စိတ်ဓာတ်နဲ့ ဇွဲနပဲ အားပြိုင်ကြမယ့် ပွဲ ဖြစ်ပါတယ်။ ဗိုလ်လုပွဲ ဖြစ်လို့ ၅၀-၅၀ ဖြစ်ပေမယ့် တခြားအသင်းတွေနဲ့ မတူပဲ တည်ငြိမ်လွန်းတဲ့ စပိန် ကိုတော့ အာဂျင်တီးနားတို့ အရင်ပွဲတွေလို မထင်မှတ်တာတွေ လုပ်ပြနိုင်ပါ့မလား ဆိုတာ သံသယ ဖြစ်စရာ ရှိပါတယ်။ အထူးသဖြင့် စပိန် ကွင်းလယ်ရဲ့ ထိန်းချုပ် ကစားပုံနဲ့ ခံစစ် ကျစ်လျစ်မှုကို ပိုပြီး ယုံကြည်မှု ရှိနေတာပါ။ ဒီလို ပြောလို့ စပိန် တိုက်စစ်က အားနည်းနေတာလည်း မဟုတ်ပြန်ပါဘူး။ အလွယ် ပြောရရင် စပိန်ဟာ အာဂျင်တီးနားထက် ကွင်းတွင်း စွမ်းဆောင်ရည် အနည်းငယ် ပိုကောင်းပြီး အာဂျင်တီးနား ကတော့ စိတ်ဓာတ်ပိုင်းမှာ ပိုသာနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် စပိန် ကိုပဲ ရွေးချယ်ထားချင်ပါတယ်။ ဂိုးမပြတ်ပဲ ကပ်နိုင်မယ့် ပွဲမျိုးပါ။

ခန့်မှန်းရလဒ် စပိန် ၂-၁ အာဂျင်တီးနား

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘတ်စကတ်ဘော STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်