နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ဟာလန်းရဲ့ ပွဲဦးထွက် သွင်းဂိုး ၂ ဂိုးနဲ့ အီရတ်ကို ဂိုးပြတ် အနိုင်ယူခဲ့တဲ့ နော်ဝေ | ကမ္ဘာ့ဖလား

အာလင်း ဟာလန်းရဲ့ ကမ္ဘာ့ဖလား ပွဲဦးထွက်ကတော့ မျှော်လင့်ထားတဲ့ အတိုင်းပဲ တကယ့်ကို တောက်ပလွန်းခဲ့ပါတယ်။ ဘော့စတွန် စတေဒီယမ်မှာ ကစားခဲ့တဲ့ အုပ်စု (I) ပွဲစဉ်မှာ ဟာလန်းရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အတူ နော်ဝေ အသင်းက အီရတ်ကို ၄-၁ နဲ့ အပြတ်အသတ် အနိုင်ရပြီး ပြင်သစ် အသင်းနဲ့ အတူ အုပ်စုတွင်း ၃ မှတ်စီ တူညီခဲ့ပါတယ်။

အီရတ် အသင်းက ပွဲအစပိုင်းမှာ ဖိအားပေး ကစားနိုင်ခဲ့ပြီး အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ ပွဲချိန် ၂၉ မိနစ် မှာတော့ နော်ဝေတို့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ဒေးဗစ် မော်လာ ဝုလ်ဖ်ရဲ့ မြေစိုက် ဖြတ်တင်ဘောကို ဟာလန်းက ဂိုးတိုင်ဝေးမှာ အပိုင်ပိတ်သွင်းယူခဲ့တာပါ။

ဒါပေမယ့် အီရတ်တို့ လက်မလျှော့ဘဲ ပြန်လည် တိုက်စစ်ဆင်ခဲ့လို့ ပွဲချိန် ၃၉ မိနစ်မှာ အိုင်မင် ဟူစိန်က ခေါင်းတိုက်ပြီး ချေပဂိုး သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အီရတ်တို့ရဲ့ ပျော်ရွှင်မှုက ရေရှည်မခံခဲ့ပါဘူး။ ပထမပိုင်း မပြီးခင်မှာပဲ အီရတ် ဂိုးသမား ဂျာလာ ဟာဆန် ကန်တင် ရှင်းထုတ်တာကို ဟာလန်းက အတင်းလိုက်လုရင်း ဘောလုံးက ဟာလန်းနဲ့ ထိပြီး ဂိုးထဲဝင်သွားခဲ့လို့ နော်ဝေတို့ ကံကောင်း ထောက်မစွာ ဒုတိယ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အီရတ်တို့ ချေပဂိုး ရဖို့ အခွင့်အရေး ၃ ကြိမ်ထက် မနည်း ရခဲ့ပေမယ့် နော်ဝေ နောက်တန်း ဖျက်ထုတ်ပုံ ကောင်းခဲ့လို့ ဂိုးမရခဲ့ပါဘူး။

ဒုတိယပိုင်း မှာတော့ ပထမပိုင်းလောက် အခွင့်အရေးတွေ အပြန်အလှန် မရခဲ့ကြဘဲ ပွဲက အနည်းငယ် အေးသွားခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၇၆ မိနစ်မှာ ရရှိတဲ့ ထောင်ကန်ဘော ကနေ တစ်ဆင့် အော်စတီဂတ်က ခေါင်းတိုက်ပြီး နော်ဝေ အတွက် တတိယဂိုး သွင်းယူပေးခဲ့ပါတယ်။

ဟာလန်း တစ်ယောက် ပွဲပြီးခါနီးမှာ ဇီဒန်း အစ်ဘယ်လ်ရဲ့ နောက်ပြန်ပေးပုံ အမှားကနေ တဆင့် ဟက်ထရစ် ရဖို့ အခွင့်အရေး ရခဲ့သေးပေမယ့် ဂိုးသမား ဟာဆန် ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နာကျင် အချိန်ပို အရောက်မှာ ဟာလန်းရဲ့ ဖန်တီးမှု ကနေ တစ်ဆင့် အီရတ် တိုက်စစ်မှူး အိုင်မင် ဟူစိန် ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိခဲ့လို့ နော်ဝေတို့ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ပွဲပြီးခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်း ပွဲစဉ်မှာ ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေးက ၂ ဂိုး သွင်းထားတာမို့ ကမ္ဘာ့ဖလား ရွှေဖိနပ်ဆု ပြိုင်ပွဲမှာ ဟာလန်း တစ်ယောက် တုံ့ပြန်လိမ့်မယ် ဆိုတာ အားလုံး ကြိုတွေးထားတဲ့အတိုင်းပါပဲ။

ဒီပွဲမှာ ဟာလန်း ချိုးဖျက်နိုင်ခဲ့တဲ့ မှတ်တမ်းတွေကတော့ နော်ဝေ ဘောလုံးသမိုင်းမှာ ကမ္ဘာ့ဖလား ပွဲဦးထွက်မှာတင် ၁ ဂိုးထက်မက (၂ ဂိုး) သွင်းယူနိုင်တဲ့ ပထမဦးဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ နော်ဝေ လက်ရွေးစင် အသင်း အတွက် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲဆက်တိုက်မှာ ၁ ပွဲကို အနည်းဆုံး ၂ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့ပြီး စုစုပေါင်း ၁၃ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကတည်းက စတင်ပြီး နော်ဝေ အသင်း အတွက် တရားဝင်ပြိုင်ပွဲ ၁၁ ပွဲ ဆက်တိုက် ဂိုးသွင်းယူပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ နော်ဝေ အသင်း အနေနဲ့ မျှော်မှန်းဂိုး (xG) ၂.၅၈ အထိ ရှိခဲ့ပြီး ပွဲကြီးပွဲကောင်း တစ်ခုမှာ သွင်းဂိုး ၄ ဂိုး အထိ သွင်းနိုင်ခဲ့တာ ပထမဆုံးအကြိမ် ဖြစ်ပေမယ့်၊ နည်းပြ စတေးလ် ဆိုလ်ဘာကန် ကတော့ အုပ်စု ပထမ ရဖို့ ဆိုရင် ဒီထက်မက ခြေစွမ်းတက်လာဖို့ လိုအပ်သေးတယ်လို့ ယူဆထားပါတယ်။

တစ်ဖက်မှာလည်း ရှုံးနိမ့်ခဲ့တဲ့ အီရတ် အသင်း အနေနဲ့ အားရစရာအချက်တွေ ရှိခဲ့ပါတယ်။ ဒါဟာ သူတို့ အတွက် ၁၉၈၆ ခုနှစ် ဘယ်လ်ဂျီယံကို ၂ ဂိုး-၁ ဂိုးနဲ့ ရှုံးတဲ့ပွဲ ပြီးရင် သမိုင်းတစ်လျှောက် ဒုတိယမြောက် ကမ္ဘာ့ဖလား သွင်းဂိုး ဖြစ်ခဲ့သလို၊ ပွဲကစားပုံအရလည်း အုပ်စု တတိယ နေရာ အတွက် ကောင်းကောင်း အတိုက်အခံ ပြုနိုင်စွမ်းရှိကြောင်း သက်သေပြသွားနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်