ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ရဲ့ စိတ်လှုပ်ရှားစရာ ပွဲစဉ် တစ်ပွဲ အဖြစ် နော်ဝေ အသင်းဟာ ဘရာဇီးလ် အသင်းနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ စတာလီ ဆိုးလ်ဘာကန် ကတော့ ကောင်းမွန်တဲ့ ရလဒ် တစ်ခု ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
နယူးယောက် နယူးဂျာစီ ကွင်းကြီးထဲမှာ ကစားမယ့် ဒီပွဲကြီးမှာ နော်ဝေ အသင်း အနေနဲ့ ပွဲရဲ့ ဆူညံသံတွေ၊ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် အာရုံမပျက်ဘဲ ကွင်းထဲက ကစားကွက် အပေါ် မှာပဲ အပြည့်အဝ အာရုံစိုက် ကစားသွားရမှာ ဖြစ်ပါတယ်။ ဒါဟာ နော်ဝေ အသင်း အတွက် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဒုတိယမြောက် ရှုံးထွက် ပွဲစဉ် ဖြစ်ပါတယ်။ အခု မြောက်အမေရိက ကမ္ဘာ့ဖလား ခရီးစဉ် မတိုင်ခင် အထိ နော်ဝေဟာ သူတို့ရဲ့ သမိုင်းတစ်လျှောက် အဓိက ပြိုင်ပွဲကြီးတွေမှာ ရှုံးထွက်ပွဲ ၂ ပွဲပဲ ကစားဖူးတာပါ။
တစ်ဖက် မှာတော့ သူတို့ ရင်ဆိုင်ရမယ့် ဘရာဇီးလ် အသင်းဟာ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် နောက်ဆုံး ၁၀ ပွဲမှာ ၉ ပွဲအထိ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့တဲ့ အသင်းကြီး ဖြစ်ပါတယ်။ ဘရာဇီးလ်တို့ ၁၆ သင်း အဆင့် ကနေ လှည့်ပြန်ခဲ့ရတာ ဆိုလို့ ၁၉၉၀ တုန်းက အာဂျင်တီးနားကို ၁-၀ နဲ့ ရှုံးခဲ့တဲ့ တစ်ကြိမ်ပဲ ရှိခဲ့ဖူးပါတယ်။
ဒါပေမယ့် နော်ဝေတို့ ကလည်း ပြီးခဲ့တဲ့ပွဲမှာ အိုင်ဗရီကို့စ်ကို ၂-၁ နဲ့ နိုင်ပြီး သူတို့ရဲ့ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ပထမဆုံး ရှုံးထွက် နိုင်ပွဲကို ဖော်ဆောင်ထားနိုင်ခဲ့တာမို့လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ တက်လှမ်းလာတာ ဖြစ်ပါတယ်။ အဲဒီပွဲတုန်းက မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းက ပွဲချိန် ၈၆ မိနစ်မှာ အနိုင်ဂိုး သွင်းပေးခဲ့တာပါ။
“ကျွန်တော်တို့က ကွင်းထဲက ကစားပွဲကိုပဲ အာရုံစိုက် ကစားရမှာပါ။ ပွဲရဲ့ အခြေအနေတွေ၊ ဘေးပတ်ဝန်းကျင် ဂယက်တွေ နောက်ကို မျောမပါသွားဖို့ လိုပါတယ်။ ပွဲကြီးပွဲကောင်းမို့လို့ ဆိုပြီး ဖိအားတွေနဲ့ ကစားတာမျိုး မဟုတ်ဘဲ ရိုးရိုးရှင်းရှင်းနဲ့ ကိုယ့်ဂိမ်းကိုယ် ကစားသွားဖို့ပါပဲ။” လို့ နည်းပြ ဆိုးလ်ဘာကန်က ပြောပါတယ်။

နည်းပြ ဆိုးလ်ဘာကန်က ဘရာဇီးလို အသင်းကြီးကို ယှဉ်နိုင်ဖို့ အတွက် လက်ရှိ ပြိုင်ပွဲမှာ ၅ ဂိုး သွင်းထားတဲ့ တိုက်စစ်မှူး ဟာလန်းရဲ့ အခန်းကဏ္ဍက ဘယ်လောက် အရေးကြီးလဲဆိုတာ ကိုလည်း မြှောက်ပြောသွားခဲ့ပါတယ်။ တကယ်လို့ ဟာလန်းသာ အခုပွဲမှာ ဂိုးထပ်သွင်းနိုင်ရင် ကမ္ဘာ့ဖလား ပထမဆုံး ၄ ပွဲ ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ၈ ဦးမြောက် ဥရောပ ကစားသမား ဖြစ်လာမှာပါ။ ဒါဟာ ၁၉၉၈ တုန်းက အီတလီ အတွက် ခရစ်စတီယန် ဗီရေရီ စံချိန်တင်ပြီးကတည်းက ပထမဆုံး အကြိမ် ပြန်လည် မြင်တွေ့ရမယ့် စံချိန်လည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဟာလန်းဟာ နော်ဝေ လက်ရွေးစင် အသင်း အတွက် အဓိက ပြိုင်ပွဲ ၁၃ ပွဲ ဆက်တိုက် ဂိုးသွင်းထားနိုင်ခဲ့ပြီး စုစုပေါင်း ၂၅ ဂိုးအထိ ရရှိထားပါတယ်။
“ကျွန်တော်တို့ အသင်းဟာ ဟာလန်းဆီကို ဘောလုံး အကောင်းဆုံး ရောက်အောင် ပံ့ပိုးပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေတွေ့ရှိထားပြီလို့ ထင်ပါတယ်။ ကျွန်တော် တို့က တိုက်စစ် အသားပေး အသင်း ဖြစ်တာကြောင့် ဘရာဇီးလ်နဲ့ ပွဲကို မစောင့်နိုင်အောင် ဖြစ်နေတာပါ။ ဘရာဇီးလ်နဲ့ ကစားရမယ့် မိနစ် ၉၀ ဒါမှမဟုတ် မိနစ် ၁၂၀ အတွင်း မှာတော့ အချိန်အနည်းနဲ့ အများ ခံစစ်ပိတ် ကစားရမယ့် အပိုင်းတွေ ရှိလာမှာ ဖြစ်လို့ အဲဒီအချိန်မျိုးမှာ ကျွန်တော်တို့ တောင့်ခံနိုင်ဖို့ အကောင်းဆုံး ပြင်ဆင်ထားရမယ်။” လို့ နော်ဝေ နည်းပြက ဆိုပါတယ်။
ဒါပေမယ့် ဟာလန်းကို အားကိုးသလိုပဲ ဘရာဇီးလ်ရဲ့ တိုက်စစ်အန္တရာယ်၊ အထူးသဖြင့် ဗင်နီးစီယပ်စ် ဂျူနီယာ ကိုလည်း နည်းပြ ဆိုးလ်ဘာကန်က တော်တော်လေး သတိထားနေပါတယ်။ ဗင်နီးစီးယပ်စ်ဟာ အခုနှစ် ကမ္ဘာ့ဖလား ၄ ပွဲ ကစားထားရာမှာ ၄ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးပေးထားတာပါ။
ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ကို ဘယ်လို တားဆီးမလဲ ဆိုတဲ့ အချက်အပေါ် ဆိုးလ်ဘာကန်က “ကျွန်တော် တို့ရဲ့ ဘယ်နောက်ခံလူ၊ ညာနောက်ခံလူတွေက အရေးကြီးပါတယ်။ ဒါပေမယ့် ပိုအရေးကြီးတာက တောင်ပံ ခံစစ် ကစားသမားတွေ အနေနဲ့ ဗင်နီနဲ့ တစ်ယောက်ချင်း ရင်ဆိုင်ရမယ့် အခြေအနေမျိုး မဖြစ်အောင် ဘေးကနေ ဝိုင်းကူပေးဖို့ပါပဲ။ တစ်ယောက်တည်း ရင်ဆိုင်ရရင် ဒုက္ခရောက်နိုင်ပါတယ်။ ကျွန်တော် တို့ရဲ့ ဇုန်လိုက်ခံစစ် ကစားပုံက အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ခံစစ်မှာ ဘယ်သူပဲ ကစားကစား နောက်ကစားသမား တစ်ယောက်က အမြဲတမ်း အနောက်ကနေ ဝိုင်းကူပေးတဲ့ ပုံစံမျိုးနဲ့ သွားမှာပါ။” လို့ ရှင်းပြခဲ့ပါတယ်။
ကိန်းဂဏန်းတွေအရတော့ ဘရာဇီးလ် အသင်းဟာ အခုနှစ် ကမ္ဘာ့ဖလားမှာ တစ်ပွဲကို ပျမ်းမျှ ဂိုးပေါက် ကန်သွင်းမှု ၁၅ ကြိမ် (၄ ပွဲမှာ အကြိမ် ၆၀) ပြုလုပ်ထားပါတယ်။ ဒါဟာ ၁၉၆၆ နောက်ပိုင်း ဘရာဇီးလ် အသင်းရဲ့ ကမ္ဘာ့ဖလား မှတ်တမ်းတွေထဲမှာ ၁၉၉၈ တုန်းက (၁၄.၄ ကြိမ်) ပြီးရင် ဒုတိယမြောက် ဂိုးပေါက်ကန်သွင်းမှု အနည်းဆုံး စံချိန် ဖြစ်နေပေမယ့် တစ်ကြိမ်ကန်ရင် ဂိုးရနိုင်ခြေ မျှော်မှန်းချက် (xG) မှာတော့ ၀.၁၆ နဲ့ သမိုင်းတစ်လျှောက် အမြင့်ဆုံး ဖြစ်နေတာကြောင့် သူတို့ရတဲ့ အခွင့်အရေးတွေက အရည်အသွေး ပိုကောင်းတယ်လို့ ဆိုရမှာပါ။
ဒါဟာ နှစ်သင်းစလုံး အတွက် ပြိုင်ပွဲစုံ ၅ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပြီး ကမ္ဘာ့ဖလား မှာတော့ ဒုတိယအကြိမ်မြောက် ဆုံတွေ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၉၈ ကမ္ဘာ့ဖလားတုန်း ကတော့ နော်ဝေက ဘရာဇီးလ်ကို ၂-၁ နဲ့ နိုင်ခဲ့ဖူးတာကြောင့် နည်းပြ ဆိုးလ်ဘာကန်က အဲဒီသမိုင်းကို ထပ်မံဖော်ဆောင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် အသင်း အနေနဲ့ အကောင်းဆုံး ခြေစွမ်းပြမှသာ အခွင့်အရေး ရှိမယ်လို့ သူက ဝန်ခံခဲ့ပါတယ်။
“ကျွန်တော့် အမြင်တော့ သူတို့က လွန်ခဲ့တဲ့ နှစ်တွေကလိုမျိုး အပြတ်အသတ် အကြိုက်ဆုံး အသင်းတော့ မဟုတ်တော့ပါဘူး။ ကျွန်တော် တို့လည်း ကာလရှည်ကြာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့သလို အသင်း မှာလည်း ယုံကြည်မှု အပြည့်ရှိနေပါတယ်။ ဘောလုံးနဲ့ အတူ ကစားရမယ့် ကစားကွက် ပုံစံလည်း အသေအချာ ရှိထားတာက ကျွန်တော် တို့ကို အများကြီး အထောက်အကူပြုပါတယ်။
နိုင်နိုင်ခြေ ရာခိုင်နှုန်း ကိုတော့ အတိအကျပြောဖို့ ခက်ပါတယ်၊ ၆၀-၄၀ လား၊ ၇၀-၃၀ လား ဆိုတာထက် အရေးကြီးဆုံးက ကျွန်တော်တို့ ခြေစွမ်းပြနိုင်တဲ့နေ့မျိုး ဆိုရင် ဘရာဇီးလ်ကို ဒုက္ခပေးနိုင်တယ် ဆိုတာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံးပုံစံ ရမှ ဖြစ်မှာပါ၊ မဟုတ်ရင်တော့ ဘာအခွင့်အရေးမှ ရှိမှာ မဟုတ်ဘူး။ အကယ်၍သာ ကျွန်တော်တို့ အကောင်းဆုံး ပုံစံအတိုင်း ကစားနိုင်ခဲ့မယ် ဆိုရင်တော့ ဘရာဇီးလ်ကို ကျော်ဖြတ်နိုင်မယ့် အခွင့်အရေးက အပြည့်အဝ ရှိနေပါတယ်။” လို့ ပွဲကြိုသုံးသပ် စကားဆိုသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


