နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

အာဆင်နယ်ရဲ့ ကစားကွက် ဗျူဟာကို ဝေဖန်ခဲ့ကြတဲ့ အပေါ် လက်မခံကြောင်း တုန့်ပြန်လာတဲ့ ဝီလီယမ် ဆလီဘာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ်ရဲ့ တည်ကန်ဘော (Set-piece) ကျွမ်းကျင်မှုက လူတိုင်းရဲ့ ထောက်ခံမှု ကိုတော့ အမြဲတမ်း မရရှိခဲ့ပါဘူး။ ဒီအချိန်မှာ အာဆင်နယ် ဗဟိုနောက်ခံလူ ဝီလီယမ် ဆလီဘာဟာ အသင်းကို သံသယဝင်ခဲ့ကြသူတွေ မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့တဲ့ အတွက် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သလို၊ သူတို့ကို အောင်မြင်မှုဆီ ပို့ဆောင်ပေးခဲ့ပြီး ဝေဖန်မှုတွေ ရှိနေတဲ့ ကစားကွက်ဗျူဟာတွေ ကိုလည်း ဆက်လက် အသုံးပြုသွားမယ်လို့ ကတိပြု ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ဝေဖန်မှုတွေ ကြားကပဲ သူ့အတွက် ၂၂ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို တကျော့ပြန် ရယူနိုင်ခဲ့ပြီး မြောက်လန်ဒန်မှာ အနီရောင်တွေ လွှမ်းခြုံသွားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအောင်မြင်မှုဆီ လျှောက်လှမ်းခဲ့တဲ့ သူတို့ရဲ့ ပုံစံ ကိုတော့ Dark Arts တွေ၊ Ugly Wins တွေနဲ့ တည်ဆောက်ခဲ့တယ် ဆိုပြီး တချို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ တည်ကန်ဘောတွေ ကိုပဲ အလွန်အကျွံ အမှီပြုနေတယ်လို့ ပြောရင်တော့ မတရားရာကျပါလိမ့်မယ်။ ဒါပေမယ့် ဂန်းနား တို့ဟာ ထောင့်ကန်ဘောတွေ၊ ပြစ်ဒဏ်ဘောတွေနဲ့ လက်ပစ်ဘောတွေနဲ့ အခွင့်ကောင်းယူဖို့ သူတို့ရဲ့ ဗျူဟာကို ဖုံးကွယ်ထားခြင်း မရှိဘဲ၊ ထိထိရောက်ရောက် အသုံးချပြခဲ့ကြပါတယ်။

ဆလီဘာက“ဒီရာသီမှာ ကွင်းထဲမှာ ကစားနေတဲ့ အသင်းက တစ်သင်းတည်းပဲ ရှိသလိုမျိုး သူတို့ ပြောနေကြတဲ့ စကားလုံးတိုင်းကို ကျွန်တော် သဘောမတူပါဘူး”လို့ ဆလီဘာက L’Équipe ကို ပြောကြားခဲ့ပါတယ်။ 

ကျွန်တော်တို့ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးမှာ ရှိနေချိန်မှာတောင် သူတို့က တစ်ချိန်ချိန်မှာ ဖလားလွဲပြီး ဒုတိယနေရာကို ပြန်ကျသွားလိမ့်မယ်လို့ ပြောနေခဲ့ကြတာ။
ချန်ပီယံလိဂ် မှာတော့ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ အာဆင်နယ်

“ကျွန်တော်တို့ ဘောလုံး ကစားခဲ့တာပါ။ ဒါပေမယ့် တစ်ခါတရံမှာ ကျွန်တော်တို့ တည်ကန်ဘောတွေ ကနေ ဂိုးတွေ အများကြီး ပိုသွင်းခဲ့တာ တော့ အမှန်ပါပဲ။ ဒါက ရူးချင်စရာပါပဲ။ အခုဆိုရင် သင် မြင်တွေ့နေရတဲ့အတိုင်း ပရီးမီးယားလိဂ်မှာ လူတိုင်းက လူပစ်ဘောတွေကို အဝေးကြီး ပစ်နေကြပြီ၊ လူတိုင်းက ထောင့်ကန်ဘောတွေ ကိုပဲ အာရုံစိုက်နေကြပြီ။ ဒါက ကျွန်တော်တို့ အသင်း တစ်သင်းတည်း လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်တော် တို့က တခြားသူတွေထက် ပိုပြီး ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်တာပဲ ရှိတာပါ။ ဒါကြောင့် ဒါဟာ သဘာဝပဲဖြစ်ပြီး ကျွန်တော်တို့ ကတော့ ဒီပုံစံ အတိုင်းပဲ ဆက်သွားမှာပါ။ “ဖလားလွဲမယ့် အသင်း”လို့ လှောင်ပြောင်တာတွေ မရှိတော့ပါဘူး။” လို့ ဆလီဘာက ဆိုပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ရလို့ ရာသီသိမ်းချိန်မှာ စိတ်နှလုံးထိခိုက်စရာ ဖြစ်ခဲ့ရပေမယ့်၊ အာဆင်နယ် အနေနဲ့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို နောက်ဆုံးမှာ အဆုံးသတ် သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဒီရာသီဟာ အလွန်ကောင်းမွန်တဲ့ ရာသီ တစ်ခု ဖြစ်ခဲ့တာ ကတော့ ငြင်းပယ်လို့ မရပါဘူး။

ဂန်းနား တို့ဟာ ပြီးခဲ့တဲ့ ဆုဖလား ပြိုင်ဆိုင်မှုတွေမှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ အချိန်အတော်ကြာ ရပ်တည်နိုင်ခဲ့ပြီးမှ ရာသီနှောင်းပိုင်းမှာ လက်လွှတ်ခဲ့ရတာကြောင့် “အရေးကြီးရင် ဖလားလွဲတတ်တဲ့ အသင်း” Bottling အဖြစ် စွပ်စွဲခံခဲ့ရဖူးပါတယ်။ ဒီနှစ် ဧပြီလတုန်း ကလည်း မန်ချက်စတာစီးတီးကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပပ် ဂွါဒီယိုလာရဲ့ အသင်းကို အသာစီးရသွားစေခဲ့ပြီး အရင်လို ကံကြမ္မာဆိုးမျိုးနဲ့ ထပ်ကြုံရတော့မယ်လို့ ထင်ကြေးပေးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ အောင်မြင်မှု အတွက် မဆုတ်မနစ် ကြိုးပမ်းမှု ကတော့ ပြင်းထန်တဲ့ ရာသီကုန်မှာ အောင်မြင်မှု အသီးအပွင့်တွေ ခံစားခဲ့ရပါတယ်။

“ဟာသတွေ အများကြီး ရှိခဲ့ပြီး လူတွေက ကျွန်တော်တို့ကို လှောင်ပြောင်ခဲ့ကြတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးမှာ ရှိနေချိန်မှာတောင် သူတို့က တစ်ချိန်ချိန်မှာ ဖလားလွဲပြီး ဒုတိယနေရာကို ပြန်ကျသွားလိမ့်မယ်လို့ ပြောနေခဲ့ကြတာ။ ဒါက ဘောလုံးလောကရဲ့ နောက်ပြောင် ကျီစယ်မှုတွေပါ၊ ဒီလိုပဲ ရှိတတ်ပါတယ်။ အဲဒါကို ပြောင်းလဲချင်ရင်တော့ သင် နိုင်ပွဲ ရအောင် လုပ်ဖို့ပဲ လိုပါတယ်။ အခု ကျွန်တော်တို့ ဖလားရသွားပြီ ဆိုတော့ သူတို့ ဘာမှ ထပ်ပြောလို့ မရတော့ပါဘူး။“ကျွန်တော် ပထမဆုံး ရောက်ရှိလာတဲ့ ရာသီတုန်းက ကျွန်တော်တို့ မယုံနိုင်စရာကောင်းတဲ့ ဘောလုံး စတိုင်လ်နဲ့ ကစားခဲ့ကြတာပါ။ အဲဒီရာသီတုန်းက ကျွန်တော်တို့ ဖလားနဲ့ ထိုက်တန်ပါတယ်လို့ ပြောခဲ့တဲ့ ရာသီပေါ့။ ထုံးစံအတိုင်းပဲ၊ လူတွေက ကျွန်တော် တို့ကို လှောင်ကြောင်ခဲ့ကြတယ်။ ကျွန်တော်တို့ ဒုတိယနဲ့ပဲ ပြီးဆုံးခဲ့ရတယ်။ ဒုတိယမြောက် ရာသီ မှာလည်း ကျွန်တော်တို့ ကောင်းမွန်တဲ့ ဘောလုံး စတိုင်လ်နဲ့ ကစားခဲ့ပြီး ဒုတိယနဲ့ပဲ ပြီးဆုံးခဲ့ပြန်တယ်။ လူတွေက လှောင်ပြောင်ပြီး ‘ဖလားလွဲတဲ့ ကောင်တွေ၊ ဖလားလွဲတဲ့ ကောင်တွေ’ လို့ ပြောခဲ့ကြတယ်။ ပြီးခဲ့တဲ့ ရာသီ ကလည်း ပထမ နှစ်ရာသီလောက် မကောင်းခဲ့ရင်တောင် ကျွန်တော်တို့ တော်တော်လေး ကောင်းကောင်း ကစားနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒုတိယနဲ့ပဲ ထပ်ပြီး ပြီးဆုံးခဲ့ရတာပါ။” လို့ ဆလီဘာက ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်