နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner

ရိုဒရီရဲ့ အပြောင်းအရွှေ့ထဲ ပါဝင်လာတဲ့ ဘာစီလိုနာ၊ ချန်ပီယံလိဂ်ဖလားရ ကစားသမားကို ပစ်မှတ်ထားနေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ဒီနေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ ပီအက်စ်ဂျီ ကွင်းလယ်လူ ဝါရန် ဇိုင်းရီ-အမ်မရီကို ခေါ်ယူဖို့ ပေါင် ၅၁ သန်း နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ ပါရာဂွေး ဂိုးသမား အိုလန်ဒို ဂီးလ် ကိုလည်း စန်းလော်ရင်ဇို အသင်းထံ ကနေ ခေါ်ယူဖို့ စိတ်ဝင်စားမှုကို မြှင့်တင်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂီမာရေးစ်ကို ခေါ်ယူဖို့ အတွက် နယူးကာဆယ်အသင်းထံ တရားဝင် စတင်ဆက်သွယ် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ် ဘက်က တောင့်ခံနေမှုကြောင့် အာဆင်နယ်တို့ ခက်ခက်ခဲခဲ ညှိနှိုင်း ကြိုးပမ်းရဖွယ် ရှိနေပါတယ်။

သတင်းတွေ ထွက်ပေါ်နေပေမယ့် နည်းပြ အန်ဇို မာရက်စကာ ကတော့ လာမယ့်ရာသီ မန်စီးတီးရဲ့ အဓိက ကစားသမား အဖြစ် ဖီးလ် ဖိုဒန် ကို ဆက်လက် ထိန်းသိမ်းသွားဖို့ စီစဉ်ထားပါတယ်။ 

ဂျူဗင်တပ်စ် အသင်းဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး ရန်ဒဲလ် ကိုလို မူအာနီကို ခေါ်ယူဖို့ ခက်ခဲနေပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်မှူး ဂျော်ရွှာ ဇစ်ခ်ဇီးကို အစားထိုး ပြောင်းလဲ ခေါ်ယူဖို့ ပြန်လည် ဆက်သွယ်လာခဲ့ပါတယ်။ 

မန်ချက်စတာစီးတီး နောက်ခံလူဟောင်း ဂျွန် စတုန်းစ် ဟာ ဒီနွေရာသီမှာ လန်ဒန်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့က စိတ်ဝင်စားနေကြပြီး နည်းပြ မီခဲလ် အာတေးတားနဲ့ ရှိပြီးသား ဆက်ဆံရေးကြောင့် အာဆင်နယ်ဆီ ရောက်သွားဖို့ ရာခိုင်နှုန်း ပိုများနေပါတယ်။ 

လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် စပါး အသင်းရဲ့ ညာနောက်ခံလူ ဂျက်ဒ် စပန့်စ်ကို ခေါ်ယူဖို့ ပြင်းပြင်းထန်ထန် စိတ်ဝင်စားနေပါတယ်။ တခြား တစ်ဖက် မှာလည်း ဟားဗေး အဲလီယော့တ် အနေနဲ့ ရာသီကြို ပြင်ဆင်မှုတွေမှာ နည်းပြသစ် အန်ဒိုနီ အီရာအိုလာကို အထင်ကြီးအောင် မလုပ်နိုင်ခဲ့ရင်‌ ရောင်းထုတ်သွားဖို့ စဉ်းစားသွားမှာပါ။ 

ချဲလ်ဆီး တိုက်စစ်မှူး နီကိုးလတ်စ် ဂျက်ဆန်ဟာ အက်စတွန်ဗီလာမှာ နည်းပြဟောင်း အူနိုင်း အမ်မရီ နဲ့ ပြန်လည် လက်တွဲလိုနေပါတယ်။

ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ်ဟာ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ မန်စီးတီး ကွင်းလယ်လူ ရိုဒရီကို ခေါ်ယူချင်နေပါတယ်။ ဒါပေမယ့် ဖရန်ကီ ဒီယောင်ကို အရင် ရောင်းထုတ်နိုင်မှသာ လာလီဂါ ကလပ်က ဒီအပြောင်းအရွှေ့ကို အကောင်အထည်ဖော်နိုင်မှာပါ။ အလားတူ အက်တလက်တီကိုမက်ဒရစ် ကလည်း လွန်ခဲ့တဲ့ ၇ နှစ်က မန်စီးတီးထံ ရောင်းချခဲ့တဲ့ စပိန် ကွင်းလယ်လူကို ပြန်လည် ခေါ်ယူဖို့ လုပွဲထဲ ပါဝင်လာခဲ့ပါတယ်။ 

အက်တလက်တီကိုမက်ဒရစ် တာဝန်ရှိသူတွေက တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ် အတွက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရရင် အာဆင်နယ်ထံ ရောင်းချပေးဖို့ ပြင်ဆင်ထားကြောင်း ကစားသမားထံ အသိပေးထားပါတယ်။ 

ဘာစီလိုနာ တိုက်စစ်မှူး ဖာရန် တောရက်စ် ကို လစ်ဗာပူးလ်နဲ့ ပီအက်စ်ဂျီ တို့က ပစ်မှတ်ထားနေသလို ရီးရဲလ်မက်ဒရစ် ကလည်း မထင်မှတ်ဘဲ ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသလာခဲ့ပါတယ်။ 

ဒါကြောင့် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်မှူး ဂျော်ရွှာ ဇစ်ခ်ဇီးကို အစားထိုး ပြောင်းလဲ ခေါ်ယူဖို့ ပြန်လည် ဆက်သွယ်လာခဲ့ပါတယ်။
မက်ဒရစ် မြို့ခံ နှစ်သင်းနဲ့ သတင်းတွေ ထွက်နေတဲ့ ရိုဒရီ

ဗင်နီးစီးယက်စ် ဂျူနီယာရဲ့ အေးဂျင့်တွေဟာ ရီးရဲလ်မက်ဒရစ် ဘက်က လစာ တိုးမြှင့်ပေးတဲ့ ကမ်းလှမ်းမှုသစ် မလုပ်မချင်း စာချုပ်သစ် အတွက် တွေ့ဆုံ ဆွေးနွေးဖို့ ငြင်းဆန်ထားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အန်ဇို ဖာနန်ဒက်ဇ် ဒါမှမဟုတ် ဗီတင်ညာ တို့ထက် ဈေးချိုတဲ့ အစားထိုး ကွင်းလယ် ပစ်မှတ် အဖြစ် ပီအက်စ်ဂျီက ဖာဘီယန် ရူအစ်ဇ်ကို သတ်မှတ်လိုက်ပါတယ်။ စပိန် လက်ရွေးစင် ကစားသမား ကလည်း မိခင်နိုင်ငံဆီ ပြန်ကာ ကစားလိုနေပါတယ်။ 

စပါး အသင်းဟာ ဘင်ဖီကာ တောင်ပံ ကစားသမား အန်ဒရေးယက်စ် ရှဲလ်ဒရက်ပ် ကို ခေါ်ယူဖို့ စတင် ဆက်သွယ်ထားပြီး ချဲလ်ဆီးနဲ့ လစ်ဗာပူးလ်တို့ မပါဝင်မီ လက်ဦးမှုယူ ခေါ်ယူချင်နေပါတယ်။ 

အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ မန်စီးတီး တို့ဟာ လိုက်ပ်ဇစ် တောင်ပံ ကစားသမား ယန် ဒီယိုမန်ဒီရဲ့ အေးဂျင့်တွေနဲ့ ဆက်သွယ်ခဲ့ကြပေမယ့် ကစားသမား ကတော့ ပီအက်စ်ဂျီဆီပဲ ပြောင်းရွှေ့ချင်နေပါတယ်။ 

ဘာစီလိုနာဟာ ကလပ် ဘရုဂေး အသင်းရဲ့ အသက် ၁၈ နှစ် အရွယ် တောင်ပံ ကစားသမား ဂျက်ဆီ ဘီစီဝူးကို ယူရို ၈.၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

 :  

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်