နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

အေစီမီလန်က ဖိုဒန်ကို မျက်စိကျနေပြီး အာဆင်နယ်က ဘာကိုလာ ပြောင်းရွှေ့ရေးမှာ အသာစီးရနေ | ပရီးမီးယားလိဂ်

ဒီနေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

နည်းပြ သတင်းတွေရဲ့ အဆိုအရ အေစီမီလန်ဟာ ပရီးမီးယားလိဂ် ကလပ် မန်စီးတီး ကြယ်ပွင့် ဖီးလ် ဖိုဒန်ကို ခေါ်ယူဖို့ အခြေအနေကို စတင် အကဲဖြတ်နေပါတယ်။ အသက် ၂၆ နှစ် အရွယ် အင်္ဂလန်သားကို ခေါ်ယူမယ့် အံ့အားသင့်ဖွယ် အပြောင်းအရွှေ့ အတွက် သူတို့ရဲ့ အဓိက တိုက်စစ်မှူး ရာဖေးလ် လီယောင်းကို ရောင်းချပြီး ရန်ပုံငွေ ရှာဖွေသွားဖို့အထိ ပြင်ဆင်နေပါတယ်။ ဒါဟာ စာချုပ် သက်တမ်း တစ်နှစ်ပဲ ကျန်တော့တဲ့ ဖိုဒန်ရဲ့ အေးဂျင့်က ကစားသမားကို ကလပ်အသင်း အတော်များများဆီ လိုက်လံ ကမ်းလှမ်းနေပြီးနောက် မီလန် ဘက်က စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ 

တစ်ဖက်မှာလည်း ပြင်သစ်မြေ ကနေ အင်္ဂလန်ဆီ ပြောင်းရွှေ့ဖို့ ရှိနေတဲ့ ပီအက်စ်ဂျီ ကြယ်ပွင့် ဘရက်ဒ်လေ ဘာကိုလာကို ခေါ်ယူမယ့် ပြိုင်ပွဲမှာ အာဆင်နယ် အသင်းဟာ လစ်ဗာပူးလ်ထက် ပိုမို အသာစီး ရနေပါတယ်။ အကြောင်းရင်း ကတော့ ကစားသမား ကိုယ်တိုင်က အင်္ဂလန်ကို လာမယ်ဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံ အသင်း ရှိရာ လန်ဒန်မြို့ဆီ ပြောင်းရွှေ့ဖို့ ပိုမိုဆန္ဒရှိနေတာကြောင့် ဖြစ်ပါတယ်။ 

မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အက်ဒူယာဒို ကာမာဗင်ဂါကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်ဖို့ ကြိုးပမ်းတာဟာ အလကားပဲ ဖြစ်လိမ့်မယ်လို့ သိရပါတယ်။ ကစားသမား ကိုယ်တိုင်က ဘာနေဗျူးမှာပဲ ဆက်နေဖို့ လုံးဝ စိတ်ပိုင်းဖြတ်ထားတာကြောင့် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။ 

ဒါကြောင့်လည်း မန်ယူဟာ ဒီနွေရာသီမှာ အသင်းရဲ့ တတိယမြောက် ကွင်းလယ်လူ အဖြစ် ဖြည့်တင်းဖို့ ဆန်ဒါ ဘာ့ဂျ်ကို အလေးအနက် ပစ်မှတ်ထားလာပြီး အသင်းတွင်း မှာလည်း ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ နော်ဝေ ကွင်းလယ်လူရဲ့ ပြောင်းရွှေ့ကြေးက ပေါင် သန်း ၄၀ ဝန်းကျင် ရှိတာကြောင့် ကားလို့စ် ဘယ်လီဘာ့လို ကစားသမားမျိုးထက်စာရင် ယူနိုက်တက် အတွက် ငွေကြေး ပိုမိုသက်သာစေမှာ ဖြစ်ပါတယ်။ 

မိုဟာမက် ဆာလာရဲ့ နေရာကို အစားထိုးဖို့ ရှာဖွေနေဆဲ ဖြစ်တဲ့ လစ်ဗာပူးလ် အသင်းဟာ ဘုန်းမောက် တောင်ပံ ကစားသမား ရေယန်ကို ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအသက် ၂၀ အရွယ် ဘရာဇီးလ် လူငယ်လေးဟာ လစ်ဗာပူးလ်ရဲ့ မျက်စိကျနေတဲ့ ကစားသမား တော်တော်များများထဲက တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေးက ပေါင် သန်း ၁၃၀ အထိ မြင့်မားစွာ သတ်မှတ်ထားပေမယ့် အဲဒီအချက်က ၂၀၂၇ ခုနှစ်ကျမှသာ အသက်ဝင်မှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် လစ်ဗာပူးလ်ဟာ မိန့်ဇ် အသင်းရဲ့ ဂျပန် ကွင်းလယ်လူ ကိုင်ရှု ဆာနိုကို ခေါ်ယူဖို့ ပြိုင်ပွဲ မှာလည်း အရှေ့ဆုံးက ဦးဆောင်နေပြီး ပေါင် ၅၁ သန်း နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေပါတယ်။ ဒါပေမယ့် အာဆင်နယ်၊ စပါးနဲ့ ဒေါ့မန် အသင်းတို့ ကလည်း ကစားသမားရဲ့ အသိုင်းအဝိုင်းဆီ ဆက်သွယ်မှုတွေ ပြုလုပ်ထားကြပါတယ်။

အင်တာမီလန် အသင်းက စိတ်ဝင်စားနေတဲ့ နောက်ခံလူ ခရစ္စတီယန် ရိုမီယို အတွက် စပါး အသင်းက ပေါင် ၄၂.၅ သန်းနဲ့ ဂျက်ပ် စပဲန့်စ် အတွက် ပေါင် ၃၄ သန်း အထိ တန်ကြေး သတ်မှတ်ထားပါတယ်။ ဒီလို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေဟာ အီတလီ ချန်ပီယံ အင်တာမီလန် အတွက်တော့ အဓိက အဟန့်အတားကြီး ဖြစ်နေပါတယ်။

ဒါ့အပြင် နော့တမ်ဟမ်ဖောရက်စ် အသင်းက စပါး လူငယ် ကွင်းလယ်လူ လူးကပ်စ် ဘက်ဂျ်ဗဲလ်ကို ခေါ်ယူဖို့ ပထမအကြိမ် အဖြစ် ပေါင် ၃၈ သန်းနဲ့ ကမ်းလှမ်းခဲ့တာကို စပါးဘက်က ပယ်ချခဲ့ပြီးနောက် နှစ်ဦး နှစ်ဖက် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ 

အကြောင်းရင်း ကတော့ ကစားသမား ကိုယ်တိုင်က အင်္ဂလန်ကို လာမယ်ဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံ အသင်း ရှိရာ လန်ဒန်မြို့ဆီ ပြောင်းရွှေ့ဖို့ ပိုမိုဆန္ဒရှိနေတာကြောင့် ဖြစ်ပါတယ်။
အာဆင်နယ်ဆီ ပိုမို ပြောင်းရွှေ့ချင်နေတဲ့ ဘာကိုလာ

ချဲလ်ဆီး အသင်းဟာ ပေါ်တို ဂိုးသမား ဒီယိုဂို ကော်စတာရဲ့ စာချုပ် ဖျက်သိမ်းကြေး ဖြစ်တဲ့ ပေါင်သန်း ၅၀ ကျော် ကို ပေးချေဖို့ လိုအပ်ချက်တွေ အများကြီး ရှိနေသေးပါတယ်။ ဒါပေမယ့် ပေါ်တို အသင်း ဘက်က စိုးရိမ်နေတာ ကတော့ အပြောင်းအရွှေ့ဈေးကွက် ပိတ်ခါနီးနောက်ကျမှ ပီအက်စ်ဂျီ ဒါမှမဟုတ် ဘေယန်မြူးနစ် တို့လို ကလပ် အသင်း တစ်သင်းသင်းက ဒီစာချုပ်ဖျက်သိမ်းကြေးကို လာရောက် ပေးချေပြီး အရခေါ်သွားမှာကို ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ချဲလ်ဆီးဟာ နောက်ခံလူ ထရီဗော့ ချာလိုဘာ့ အတွက် ကမ်းလှမ်းမှု နှစ်ကြိမ်တိုင်တိုင်ကို ပယ်ချခဲ့ပြီး သူ့ရဲ့တန်ကြေးကို ပေါင် ၃၅ သန်း အထိ သတ်မှတ်ထားပါတယ်။ ကစားသမား ကိုယ်တိုင်က အီတလီဆီ ပြောင်းရွှေ့ချင်နေပြီး လက်ရှိ မှာတော့ အင်တာမီလန်နဲ့ ကိုမို တို့က အပြိုင်အဆိုင် လိုက်နေကြပါတယ်။ 

ဂိုးသမား နေရာမှာတော့ စထရာဘိုး အသင်းက ချဲလ်ဆီး ဂိုးသမား ဂါဘရီရယ် စလိုနီနာကို စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ပြင်သစ် ကလပ်ဟာ စလိုနီနာကို ခေါ်ယူမလား ချဲလ်ဆီးရဲ့ တခြား ဂိုးသမား တစ်ဦး ဖြစ်တဲ့ ဖိလစ် ဂျော်ဂျန်ဆင် ကိုပဲ ပြောင်းလဲ ခေါ်ယူမလား ဆိုတာ ကိုပါ ထည့်သွင်း စဉ်းစားနေပုံ ရပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်း အနေနဲ့ ဘေယန်မြူးနစ် ကြယ်ပွင့် မိုက်ကယ် အိုလီဆေးကို ခေါ်ယူနိုင်မယ့် တစ်ခုတည်းသော နည်းလမ်း ကတော့ ကစားသမား ကိုယ်တိုင်က ဘေယန် ကနေ ထွက်ခွာချင်ပါတယ်လို့ ကလပ်ဆီ တရားဝင် အသိပေးပြောကြားလာမှပဲ ဖြစ်နိုင်ပါလိမ့်မယ်။

တစ်ဖက်မှာလည်း စပါးနောက်ခံလူ ခရစ္စတီယန် ရိုမီယိုဟာ အက်တလက်တီကို မက်ဒရစ် ဒါမှမဟုတ် အင်တာမီလန်တို့ထက် ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ကိုပဲ ဦးစားပေးလိုနေပါတယ်။ ဘာစီလိုနာ အတွက် ခံစစ်ဗဟိုနေရာက အရေးတကြီး လိုအပ်နေတာမျိုး မဟုတ်သလို၊ ကစားသမားတွေ အရင် ရောင်းထုတ်ခြင်း မရှိဘဲ အပြီးသတ် ခေါ်ယူဖို့ ခက်ခဲနိုင်ပေမယ့် အငှားစာချုပ်နဲ့ ဆိုရင်တော့ ကတ်တလန် ကလပ်က အလွန်စိတ်ဝင်စားဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ဘာစီလိုနာရဲ့ ဝါရင့်နောက်ခံလူ ရော်နယ် အာရူဟို ကိုတော့ အက်တလက်တီကို နည်းပြ ဒီယေဂို ဆီမြွန်နီက အလွန်သဘောကျနေတယ်လို့ သိရပါတယ်။

ဂိုးသမား နေရာ အတွက် ရီးရဲလ်မက်ဒရစ်ဟာ ဘင်ဖီကာ ဂိုးသမား အာနက်တိုလီ ထရူဘင်ကို ခေါ်ယူဖို့ အက်စတွန်ဗီလာ၊ စပါးတို့နဲ့ အပြိုင် ကြိုးပမ်းလာနိုင်ပါတယ်။ အကယ်၍ ဘာနေဗျူးဆီ ပြောင်းရွှေ့ဖြစ်ခဲ့ရင် ယူကရိန်း ဂိုးသမားဟာ သူ့ကို ခေါ်ယူဖို့ အဓိက တွန်းအားပေးနေတဲ့ နည်းပြ ဟိုဆေး မော်ရင်ညိုနဲ့ ပြန်လည် ဆုံတွေ့မှာ ဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ်နောက်ခံလူ ရာအူးလ် အဆန်စီယိုဟာ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ တံခါးဖွင့်လိုက်ပြီ ဖြစ်ပြီး၊ သူ့ရဲ့ အေးဂျင့် ဂျော့ခ်ျ မန်းဒက်စ် ကတော့ ကစားသမားရဲ့ လစာနှုန်းထား လျော့ကျသွားခြင်း မရှိမယ့် အခွင့်အရေးကောင်းတွေကို လိုက်လံရှာဖွေနေပြီ ဖြစ်ပါတယ်။ 

ခရစ္စတယ်ပဲလစ် အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ထွက်ခွာသွားခဲ့တဲ့ နောက်ခံလူ မာ့ခ် ဂူဟီရဲ့ နေရာမှာ အစားထိုးဖို့ အတွက် အော့စ်ဘတ် နောက်ခံလူ ခရစ္စလိန်း မတ်ဆီမာကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ပြသလာခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်