နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်စီးတီးနဲ့ သက်တမ်းတိုး စာချုပ်သစ်ချုပ်ဆိုပြီး ကောလာဟလတွေကို အဆုံးသတ်လိုက်တဲ့ ဖီးလ် ဖိုဒန် | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး မန်ချက်စတာစီးတီး အကယ်ဒမီထွက် ကြယ်ပွင့် ကစားသမားလေး ဖီးလ် ဖိုဒန် ကတော့ အသင်းနဲ့ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ စီတီဇင်တို့ အတွက်တော့ သတင်းကောင်း ဖြစ်ခဲ့ပြီး ဖိုဒန် အနေနဲ့ ပရီးမီးယားလိဂ် ကလပ်မှာ ၂၀၃၀ အထိ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ဖိုဒန်တစ်ယောက် ပုံမှန် ခြေစွမ်း ရဖို့ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် မန်စီးတီး ဘက်ကတော့ သူ့ကို ၂၀၃၀ ပြည့်နှစ် အထိ အသင်းမှာ ဆက်ထိန်းထားဖို့ ၄ နှစ် စာချုပ်သစ် ချုပ်ဆိုလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ် အနေနဲ့ ဖိုဒန်ကို နောက်ထပ် ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်လည်း ရှိနေပါသေးတယ်။

၉ နှစ်သား အရွယ်ကတည်းက မန်စီးတီးမှာ ကြီးပြင်းလာခဲ့တဲ့ လက်ရှိ အသက် ၂၆ နှစ် အရွယ် ကွင်းလယ် ဖန်တီးရှင် ဖိုဒန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီမှာ အသင်းအတွက် ပွဲပေါင်း ၅၀ (၃၃ ပွဲ ပွဲထွက်) ပါဝင် ကစားပေးခဲ့ပါတယ်။ ဒါ့အပြင် သူက ၁၀ ဂိုးသွင်း၊ ၇ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ကာ စုစုပေါင်း ဂိုးပါဝင် ပတ်သက်မှု ၁၇ ကြိမ်နဲ့ ဂိုးဖန်တီးမှု အခွင့်အရေး ၇၆ ကြိမ် အထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပုံမှန် ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရတာကြောင့် ပြီးခဲ့တဲ့ နွေရာသီ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား လူစာရင်း မှာတော့ ပါဝင်ခွင့် မရခဲ့ပါဘူး။

ဒါပေမယ့်လည်း ၂၀၂၃-၂၄ ရာသီတုန်းက ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ ဖိုဒန်ဟာ လွန်ခဲ့တဲ့ မေလ အတွင်းက မန်စီးတီး အသင်း အတွက် ပရီးမီးယားလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု အကြိမ် ၁၀၀ နဲ့အထက် စံချိန်တင်နိုင်ခဲ့တဲ့ ၆ ယောက်မြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် နောက်ဆုံး ၆ ရာသီ ဆက်တိုက် အနည်းဆုံး ၁၀ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ကစားသမား ၃ ဦးထဲမှာလည်း ပါဝင်နေတာပါ။ ၂၀၁၇ ခုနှစ်မှာ ပပ် ဂွါဒီယိုလာ လက်ထက် စီနီယာ အသင်းကြီးမှာ စတင် ပွဲထွက်ခွင့်ရခဲ့တဲ့ ဖိုဒန်ဟာ မန်စီးတီး အတွက် ပွဲပေါင်း ၃၆၉ ပွဲ ကစားပေးထားပြီး ဂိုး ၁၁၀ သွင်းယူကာ ၆၅ ကြိမ် ဂိုးဖန်တီးပေးထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ် အနေနဲ့ ဖိုဒန်ကို နောက်ထပ် ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်လည်း ရှိနေပါသေးတယ်။
ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့တဲ့ ဖီးလ် ဖိုဒန်

အနာဂတ်ကို စီးတီးမှာပဲ ဆက်လက် မြှုပ်နှံလိုက်တာနဲ့ ပတ်သက်ပြီး ဖိုဒန်က “မန်စီးတီးမှာ အနာဂတ်ကို ဆက်လက် မြှုပ်နှံခွင့်ရတာဟာ ကျွန်တော့်အတွက်တော့ ရင်ထဲကလာတဲ့ ဝမ်းမြောက်မှုပါပဲ။ ဒီအသင်းမှာ ကစားခွင့် ရဖို့ ဆိုတာ ကျွန်တော့် တစ်သက်လုံး လိုချင်ခဲ့တဲ့ တစ်ခုတည်းသော အရာ ဖြစ်ပြီး ဒီအင်္ကျီကို ဝတ်ဆင်ရတာ အမြဲတမ်း ဂုဏ်ယူစရာပါ။ ဆုဖလားပေါင်း များစွာ ဆွတ်ခူးနိုင်ခဲ့တဲ့ သမိုင်းဝင် ကာလ တစ်ခုမှာ ပါဝင်ခွင့်ရခဲ့တာ ကိုလည်း သတိရ ကျေးဇူးတင်နေမှာပါ။ ဒါပေမယ့် ကျွန်တော် တို့က အမြဲတမ်း အနာဂတ် ကိုပဲ ကြည့်ပြီး နောက်ထပ် ဆုဖလားတွေ ထပ်မံ ဆွတ်ခူးနိုင်ဖို့ ကြိုးစားနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ဂွါဒီယိုလာရဲ့ လက်ထောက် နည်းပြဟောင်း ဖြစ်ခဲ့ပြီး အခု မန်စီးတီးရဲ့ နည်းပြသစ် ဖြစ်လာသူ အန်ဇို မာရက်စကာနဲ့ ပြန်လည် လက်တွဲရမယ့် အပေါ် မှာလည်း ဖိုဒန်က “အန်ဇိုနဲ့ ပြန်ပြီး လက်တွဲလုပ်ကိုင်ရတော့မှာမို့လို့ မစောင့်နိုင်တော့ပါဘူး။ သူဟာ ကျွန်တော်တို့ ဖလား ၃ လုံး ရခဲ့တဲ့ ၂၀၂၂-၂၃ ရာသီတုန်းက အတော်လေး အံ့ဩဖို့ကောင်းခဲ့သလို ကစားသမားတွေ အားလုံးရဲ့ လေးစား ချစ်ခင်မှုကို ရရှိခဲ့သူပါ။ သူ အသင်းကို ပြန်ရောက်လာတာ တကယ်ကို ရင်ခုန်စရာပါပဲ။ ကျွန်တော့် အနေနဲ့ အသင်းရဲ့ နည်းပြတွေ၊ ကမ္ဘာ့အဆင့် ကစားသမားတွေ ဆီကနေ အများကြီး တိုးတက် ပြောင်းလဲလာခဲ့သလို အရင်က ပထမ အသင်းကြီးကို ကျွန်တော် စရောက်တုန်းက ရှိခဲ့တဲ့ ဂန္ထဝင် အများစု ထွက်ခွာသွားကြချိန်မှာ အခုလို ကလပ်အသင်းရဲ့ ကစားသမားဘဝ နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းရမှာမို့လို့လည်း စိတ်လှုပ်ရှားနေပါတယ်” လို့ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။
မန်စီးတီး အသင်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ ဟူးဂိုးဗီယားနား ကလည်း “မန်စီးတီးမှာ ရှိတဲ့ သူတိုင်း ဖီးလ် အတွက် အလွန်ပဲ ဂုဏ်ယူမိပါတယ်။ သူဟာ ကျွန်တော်တို့ အကယ်ဒမီရဲ့ ကောင်းမွန်တဲ့ အနှစ်သာရတွေကို ပုံဖော်ပြနေသူပါ။ သူဟာ ထူးခြားတဲ့ ပါရမီရှင် တစ်ယောက် ဖြစ်ပြီး သူ့ရဲ့ ဖန်တီးနိုင်စွမ်းတွေကို ကြည့်ရှု ရတာဟာ တကယ့်ကို ပျော်စရာပါပဲ” လို့ ချီးကျူးစကား ဆိုသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်