နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ကွန်ဖရင့်လိဂ် ဗိုလ်လုပွဲမှာ သမိုင်းသစ် ရေးထိုးဖို့ ထိပ်တိုက် တွေ့ဆုံနေတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ရာယို ဗလက်ကာနို

ခရစ္စတယ်ပဲလေ့စ်ဟာ လိုက်ပ်ဇစ်မြို့က Red Bull Arenaမှာ ကျင်းပမယ့် ကွန်ဖရင့်လိဂ် ဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ရာယို ဗလက်ကာနို တို့ကတော့ သမိုင်းဝင် အောင်မြင်မှု ရရှိဖို့ အတွက် ထိပ်တိုက် ရင်ဆိုင်သွားကြတော့မှာ ဖြစ်ပါတယ်။

ဒီနှစ် ဘောလုံးရာသီ ပြိုင်ပွဲ မတိုင်မီခင် အထိ နှစ်သင်းစလုံးဟာ ဥရောပအဆင့် အဓိက ပြိုင်ပွဲ တစ်ခုရဲ့ ဗိုလ်လုပွဲကို တစ်ကြိမ်မှ တက်ရောက်နိုင်ခဲ့ခြင်း မရှိသလို၊ ဆုဖလား ဆွတ်ခူးနိုင်ခြင်းလည်း မရှိခဲ့ဖူးပါဘူး။ 

 

ခရစ္စတယ်ပဲလေ့စ်ကို အောင်မြင်မှုနဲ့ အတူ လမ်းခွဲလိုတဲ့ အိုလီဗာ ဂလက်စနာ

နည်းပြ အိုလီဗာ ဂလက်စနာ ကတော့ လာမယ့် နွေရာသီ အသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ဇန်နဝါရီလ ကတည်းက ကြေညာခဲ့ပြီးနောက် အခု ရာယို ဗလက်ကာနိုနဲ့ ပွဲစဉ် ကတော့ သူ့အတွက် ပဲလေ့စ်ကို နောက်ဆုံး ကိုင်တွယ်မယ့် ပွဲစဉ် ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ ပဲလေ့စ်ကို စတင်ကိုင်တွယ်ခဲ့ပြီးနောက် သြစတြီးယား လူမျိုး နည်းပြက ပဲလေ့စ် အသင်းရဲ့ ခေတ်သစ် သမိုင်းတလျှောက် အအောင်မြင်ဆုံးသော အချိန်ကာလ တစ်ခုကို ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်က ပဲလေ့စ်ဟာ မန်ချက်စတာစီးတီးကို ၁-၀ နဲ့ အံ့အားသင့်ဖွယ် အနိုင်ယူကာ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့ရုံ သာမက လအနည်းငယ် အကြာမှာ ကွန်မြူနတီဒိုင်း ကိုပါ ထပ်မံ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပဲလေ့စ်က ဒီရာသီ ပြည်တွင်းလိဂ်မှာ မျှော်မှန်းထားသလောက် ခရီးမရောက်ခဲ့ပေမယ့်လည်း ဥရောပ စင်မြင့်ထက်က စွန့်စားခန်း ကတော့ သူတို့ အတွက် စိတ်သက်သာစရာ ဖြစ်ခဲ့ပါတယ်။

ရာယို ဗလက်ကာနို ကတော့ ကွန့်ဖရင့်လိဂ်မှာ ဒီအဆင့် အထိ တက်ရောက်လာနိုင်ခဲ့တာ သူတို့ အသင်း အတွက်ရော၊ ဘောလုံး ပရိသတ်တွေ အတွက်ပါ အံ့အားသင့်စရာ ဖြစ်ပါတယ်။
ပဲလေ့စ် နည်းပြ ဘဝကို အောင်မြင်မှုတွေနဲ့ အဆုံးသတ်ချင်နေတဲ့ ဂလက်စ်နာ

ပဲလေ့စ်ဟာ ကွန့်ဖရင့်လိဂ် ခြေစစ်ပွဲ တစ်ဆင့်ကို ကျော်ဖြတ်ခဲ့ပြီးနောက် အုပ်စုအဆင့် ၆ ပွဲမှာ ၃ ပွဲသာ အနိုင်ရရှိခဲ့တာကြောင့် အဆင့် ၁၀ နေရာနဲ့သာ အုပ်စု အဆင့်ကို အဆုံးသတ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဇရင်စကီ၊ အေအီးကေ လာနာကာ၊ ဖီအိုရင်တီးနားနဲ့ ရှက်တာဒိုးနက် တို့ကို နှစ်ကျော့ပေါင်း ရလဒ်တွေနဲ့ အနိုင်ယူကာ ဂျာမနီမြေမှာ ကစားမယ့် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

နည်းပြ ဂလက်စနာ အနေနဲ့ အသင်း ကနေ မထွက်ခွာမီ အောင်မြင်မှု တစ်ခုနဲ့ လမ်းခွဲဖို့ ပြင်းပြနေပေမယ့်လည်း ဗုဒ္ဓဟူးနေ့ညမှာ သူတို့လိုပဲ သမိုင်းသစ် ရေးထိုးဖို့ ကြိုးပမ်းနေတဲ့ အသင်း တစ်သင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

 

သမိုင်းသစ်ရေးထိုးဖို့ မျှော်လင့်နေတဲ့ ရာယို ဗလက်ကာနို

ရာယို ဗလက်ကာနို ကတော့ ကွန့်ဖရင့်လိဂ်မှာ ဒီအဆင့် အထိ တက်ရောက်လာနိုင်ခဲ့တာ သူတို့ အသင်း အတွက်ရော၊ ဘောလုံး ပရိသတ်တွေ အတွက်ပါ အံ့အားသင့်စရာ ဖြစ်ပါတယ်။ သူတို့ရဲ့ အိမ်ကွင်း ဖြစ်တဲ့ Vallecas Stadiumဟာ ပျက်စီး ယိုယွင်းနေပြီး အသင်းပိုင်ရှင် ရာအူးလ် မာတင်ပရီဆာနဲ့ ပရိသတ်တွေ အကြား ဆက်ဆံရေး တင်းမာနေသလို ကလပ်အသင်းတွင် အွန်လိုင်း လက်မှတ်ရောင်းချတဲ့ စနစ်တောင် မရှိသေးပါဘူး။

ဒါပေမယ့်လည်း ကွင်းတွင်း ခြေစွမ်းပိုင်း ကတော့ လွန်ခဲ့တဲ့ ၁၂ လတာ ကာလ အတွင်း မယုံနိုင်စရာကောင်းလောက်အောင် အရာရာတိုင်းက အဆင်ပြေချောမွေ့ခဲ့ပါတယ်။ ရာယို ဗလက်ကာနိုက ၂၀၂၄-၂၅ ရာသီ လာလီဂါ ပြိုင်ပွဲမှာ အဆင့် ၈ နေရာနဲ့ အဆုံးသတ်ကာ ကွန်ဖရင့်လိဂ် ဝင်ခွင့်ကို ရရှိခဲ့ပြီးနောက် အကောင်းဆုံး ပုံစံကို ဆက်တိုက် ပြသနိုင်ခဲ့ပါတယ်။

အုပ်စု အဆင့် ၆ ပွဲမှာ ၄ ပွဲ အနိုင်ရရှိခဲ့ကာ ၁၆ သင်း အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ဆမ်ဆွန်စပေါ၊ အေအီးကေ အေသင်နဲ့ လီဂူးဝမ်း ကလပ် စထရာဘိုး တို့ကို နှစ်ကျော့ပေါင်း ရလဒ်တွေနဲ့ အနိုင်ယူကာ အသင်း သမိုင်းတလျှောက် ပထမဆုံးအကြိမ် ဥရောပ ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဒီရာသီဟာ ရာယို ဗလက်ကာနို အသင်း ဘယ်တော့မှ မမေ့နိုင်တော့တဲ့ ရာသီ တစ်ခု ဖြစ်လာတော့မှာပါ။ အကယ်၍ သူတို့သာ ပဲလေ့စ်ကို အနိုင်ရရှိခဲ့ရင်တော့ ဒီရာသီ ရီးရဲလ်မက်ဒရစ်နဲ့ အက်တလက်တီကိုမက်ဒရစ်တို့ ဆုဖလား တစ်လုံးမှ မရရှိခဲ့တဲ့ နောက်ပိုင်း မက်ဒရစ် မြို့ဆီသို့ အနည်းဆုံး ဆုဖလားတစ်လုံး ယူဆောင်သွားနိုင်မှာလည်း ဖြစ်ပါတယ်။

 

အသင်း သတင်းများ

ပဲလေ့စ်ဟာ ဗိုလ်လုပွဲ အတွက် ချိတ်ခ် ဒူကူရေးနဲ့ အက်ဒီ အန်ကတ်တီးယား တို့ကို သေချာပေါက် လက်လွှတ်ထားရမှာ ဖြစ်ပြီး တခြား ကစားသမား တချို့ ကလည်း ပါဝင်နိုင်ဖို့ မသေချာဘဲ ဖြစ်နေပါတယ်။ ခရစ် ရစ်ချက်နဲ့ ဘော်နာ ဆိုဆာ တို့ကလည်း ပါဝင်ကစားဖို့ မသေချာသေးပဲ အာဒမ် ဝှာတန် ကတော့ အာဆင်နယ်နဲ့ ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ပေမယ့်လည်း အခုပွဲမှာ ပါဝင်ကစားနိုင်ဖွယ် ရှိနေပါတယ်။

ရာယို ဗလက်ကာနို မှာတော့ လူးဝစ် ဖိလစ်ပီက ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားလို့စ် မာတင်နဲ့ အီလီယပ်စ် အာခိုမက်ချ်တို့ ကလည်း ရာယို အသင်း သမိုင်းရဲ့ အကြီးကျယ်ဆုံး ပွဲစဉ် အတွက် ပါဝင်နိုင်ဖို့ မသေချာသေးပါဘူး။

 

ပွဲကြိုခန့်မှန်းချက်

ဒီပွဲစဉ်ဟာ ရလဒ် ခန့်မှန်းဖို့ တော်တော်လေး ခက်ခဲပါတယ်။ ပဲလေ့စ်ဟာ အုပ်စု အဆင့် တက်ရောက်နိုင်ခဲ့ ကတည်းက ဆုဖလား ရရှိဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါဝင်ခဲ့ပေမယ့်လည်း ရာယို ဗလက်ကာနို ကလည်း နောက်ဆုံး အဆင့်တွေ ရောက်လာတာနဲ့ အမျှ ပိုမို တောင့်တင်းလာပါတယ်။။

ဒီပွဲက အချိန်ပိုအထိ သေချာပေါက် ရောက်ရှိသွားနိုင်ပြီး ပဲလေ့စ်က ပင်နယ်တီ အဆုံးအဖြတ်မှာ အသာစီးရကာ အနိုင်ရရှိသွားနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် နည်းပြ ဂလက်စနာ အနေနဲ့ အသင်း အတွက် ပြီးပြည့်စုံတဲ့ နှုတ်ဆက်ခြင်း အောင်ပွဲကို ရရှိသွားဖို့ များနေတယ်လို့ပဲ သုံးသပ်ချင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်