နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ရေယို ဗလက်ကာနိုကို အိမ်ကွင်းမှာ ပြန်လည် အနိုင်ယူဖို့ ဆန္ဒပြင်းပြနေတဲ့ ဂယ်ရီ အိုနေးလ် | ယူရိုပါကွန့်ဖရင့်လိဂ်

စထရာဘိုး အသင်း ကတော့ ယူရိုပါကွန့်ဖရင့်လိဂ် ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ဖို့ အတွက် ပထမအကျော့က ၁-၀ နဲ့ ရှုံးနိမ့်ထားမှုကို အိမ်ကွင်းမှာ ပြောင်းပြန်လှန်နိုင်ဖို့ လိုအပ်နေပါတယ်။ ဒီအချိန်မှာ စထရာဘိုး နည်းပြ ဂယ်ရီ အိုနေးလ်က သူ့အသင်းဟာ ရေယို ဗလက်ကာနိုကို အနိုင်ယူပြီး ယူရိုပါကွန့်ဖရင့်လိဂ် ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ဖို့ အတွက် “စစ်ပွဲတစ်ပွဲလို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီ” လို့ ကတိပြု ကြုံးဝါးလိုက်ပါတယ်။

ပြီးခဲ့တဲ့ တပတ်က စပိန်မြေမှာ ကစားခဲ့တဲ့ ပထမအကျော့မှာ အယ်လီမာအိုရဲ့ ခေါင်းတိုက်ဂိုးကြောင့် ရေယို ဗလက်ကာနိုက ၁-၀ နဲ့ အိမ်ကွင်းမှာ အနိုင်ရထားခဲ့ပြီး အခု ကြာသပတေးနေ့ ပြင်သစ်မြေဆီ လာရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးက သူတို့ရဲ့ ကလပ် သမိုင်းတစ်လျှောက် ပထမဆုံးသော ဥရောပအဆင့် ဗိုလ်လုပွဲဆီ တက်ရောက်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ စထရာဘိုး အနေနဲ့ ယူရိုပါကွန့်ဖရင့်လိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ရင်တော့ ၈ သင်းမြောက် ပြင်သစ် ကလပ် ဖြစ်လာမှာ ဖြစ်ပါတယ်။ ရေယို ကတော့ ၁၃ သင်းမြောက် စပိန် ကလပ် ဖြစ်လာမှာပါ။

နည်းပြ ဂယ်ရီ အိုနေးလ်က သူတို့ရဲ့ အိမ်ကွင်း Stade de la Meinau မှာ ရင်ဆိုင်ရမယ့် ဒီပွဲစဉ်ရဲ့ အရေးပါမှုကို ကောင်းစွာ သဘောပေါက်ထားပါတယ်။ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ အိုနေးလ်က အောက်ပါ အတိုင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ဒီမှာ စစ်ပွဲ တစ်ခု အတွက် အသင့်ဖြစ်နေပါပြီ။ ကျွန်တော် တို့ရဲ့ ဒီကွင်းမှာ ဘာတွေ လုပ်ပြနိုင်တယ် ဆိုတာကို အရင်ကလည်း သက်သေပြခဲ့ပြီးသားပါ။ မနက်ဖြန် မှာလည်း အဲဒီလို စွမ်းဆောင်ရည်မျိုးကို ထပ်ပြီး ပြသနိုင်ဖို့ ကြိုးစားသွားမှာပါ။ ယူရိုပါကွန့်ဖရင့်လိဂ် ဆီမီးဖိုင်နယ်လို ပွဲမျိုးကို ကိုယ့်အိမ်ကွင်းမှာ အသင်းကို ကိုယ်စားပြုပြီး ကစားရတာဟာ ကြီးမားတဲ့ ဂုဏ်ယူမှု တစ်ခုပါပဲ။” လို့ အိုနေးလ် က ဆိုပါတယ်။

စထရာဘိုးဟာ ၂၀၀၃-၀၄ ရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်ခဲ့တဲ့ မိုနာကို အသင်း နောက်ပိုင်း (မိုနာကိုဟာ အဲဒီအချိန်က ပထမအကျော့ ရှုံးနိမ့်မှုကို အကြိမ်ကြိမ် ပြန်လည် ကျော်ဖြတ်နိုင်ခဲ့ပါတယ်) ဥရောပပြိုင်ပွဲ တစ်ခုတည်းမှာပဲ ပထမအကျော့ ရှုံးနိမ့်မှုကို တစ်ကြိမ်ထက်မက ပြန်လည် ကျော်ဖြတ်ပြနိုင်တဲ့ ပထမဆုံး ပြင်သစ် ကလပ် ဖြစ်လာဖို့ အခွင့်အရေး ရှိနေပါတယ်။ ၎င်းတို့ဟာ ကွာတားဖိုင်နယ် မှာလည်း မိန့်ဇ် ကို ပထမအကျော့က ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း အိမ်ကွင်းမှာ ၄-၀ နဲ့ အပြတ်အသတ် အနိုင်ယူကာ အလှည့်အပြောင်း ပြုလုပ်နိုင်ခဲ့ဖူးပါတယ်။

စထရာဘိုး အတွက် နောက်ထပ် အားတက်စရာ အချက်က သူတို့ဟာ ဥရောပပြိုင်ပွဲတွေရဲ့ ရှုံးထွက် အဆင့် ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရတဲ့ ၁၁ ပွဲ စလုံးမှာ (၇ ပွဲနိုင်၊ ၄ ပွဲ သရေ) နဲ့ ရှုံးပွဲ လုံးဝ မရှိသေးခြင်း ဖြစ်ပါတယ်။ ဂယ်ရီ အိုနေးလ်က ဆက်လက်ပြီး “ဒီလို ပရိသတ်တွေ၊ ဒီလို ကလပ် အသင်း အတွက် အသင်းကို အကောင်းဆုံး ပြင်ဆင်ပေးဖို့ ကျွန်တော့် အပေါ် တာဝန်ရှိနေတာဟာ တကယ့်ကို ဂုဏ်ယူစရာနဲ့ အခွင့်ထူးတစ်ခုပါ။ ဒီရာသီမှာ ကျွန်တော်တို့ ကြီးမားတဲ့ အောင်မြင်မှုတွေ ရထားပြီးသား ဖြစ်ပေမယ့် ဒါဟာ ကျွန်တော်တို့ ထပ်ပြီး ကျော်ဖြတ်ရမယ့် ခြေလှမ်းသစ် တစ်ခုပါပဲ။” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်