ပရီးမီးယားလိဂ် တစ်ရာသီအတွင်း ဂိုးအများဆုံး သွင်းယူနိုင်တဲ့ စံချိန်ကို ၂၀၂၂-၂၃ ရာသီတုန်းက အာလင်း ဟာလန်းက ရိုက်ချိုးခဲ့ပါတယ်။ ဒါဆိုရင် ဒီစံချိန်ကို ကျော်ဖြတ်မယ့်သူ ပေါ်ထွက်လာဖို့ ဘယ်လောက်အထိ စောင့်ဆိုင်းရဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။
အလန် ရှီးယားနဲ့ အန်ဒီ ကိုးလ်တို့ တင်ရှိထားတဲ့ ပရီးမီးယားလိဂ် ရာသီ အလိုက် အများဆုံး သွင်းဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ ၂၈ နှစ်အထိ ကြာမြင့်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် မေလ ၃ ရက်နေ့မှာ သွင်းယူခဲ့တဲ့ ဟာလန်းရဲ့ ၃၅ ဂိုးမြောက် ပရီးမီးယားလိဂ် ဂိုးဟာ ရှီးယားနဲ့ ကိုးလ် တို့ရဲ့ ၃၄ ဂိုးစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီး၊ ရာသီ မပြီးဆုံးမီမှာပဲ သူ့ရဲ့ ဂိုးအရေအတွက်ကို ထပ်မံ တိုးမြှင့်နိုင်ခဲ့ပါတယ်။
အခုတစ်ခါ မှာတော့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တစ်ရာသီ အတွင်း ဂိုးအများဆုံး သွင်းယူထားနိုင်သူတွေ အကြောင်းကို အသေးစိတ် ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
၁။ အာလင်း ဟာလန်း – ၂၀၂၂-၂၃ ရာသီ (၃၆ ဂိုး)
အင်္ဂလန်မြေမှာ ပထမဆုံး လာရောက် ကစားတဲ့ ရာသီမှာပဲ အာလင်း ဟားလန်းက ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအတွင်း ဂိုးအများဆုံး သွင်းတဲ့ စံချိန်ကို ရိုက်ချိုးပစ်ခဲ့တာပါ။ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက် အဲဗာတန် အသင်းကို မန်စီးတီးက ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ သူဟာ ၂၀၂၂-၂၃ ပရီးမီးယားလိဂ် ရာသီရဲ့ ၃၆ ဂိုးမြောက် ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒါဟာ ၁၉၆၆-၆၇ ရာသီမှာ ရွန် ဒေးဗစ် သွင်းယူခဲ့တဲ့ ၃၇ ဂိုး နောက်ပိုင်း အင်္ဂလန် ထိပ်တန်းလိဂ်ရဲ့ တစ်ရာသီ အတွင်း ၃၅ ဂိုး ထက် ပိုမိုသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။
၁၉၂၇-၂၈ ရာသီက အဲဗာတန် တိုက်စစ်မှူး ဒစ်ခ်ဆီ ဒင်းန်း တင်ရှိထားတဲ့ ဂိုး ၆၀ ဆိုတဲ့ အင်္ဂလန် ထိပ်တန်းလိဂ် သမိုင်းတစ်လျှောက် အများဆုံး စံချိန် ကိုတော့ မမီခဲ့ပေမဲ့ ဟာလန်းဟာ အန်ဒီ ကိုးလ် (၁၉၉၃-၉၄ မှာ ၃၄ ဂိုး) နဲ့ ကဲလ်ဗင် ဖိလစ်ပ် (၁၉၉၉-၀၀ မှာ ၃၀ ဂိုး) တို့ နောက်ပိုင်း ပရီးမီးယားလိဂ် ပွဲဦးထွက် ရာသီမှာပဲ ဂိုး ၃၀ နဲ့ အထက် သွင်းယူနိုင်တဲ့ တတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲသမိုင်းမှာ ပွဲစဉ် ၂၇ ပွဲနဲ့ ဂိုး ၃၀ ပြည့်မြောက်တဲ့ အမြန်ဆုံး ကစားသမား စံချိန် ကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။
ဟားလန်းရဲ့ ၃၆ ဂိုးမှာ ဟက်ထရစ် ၄ ကြိမ် ပါဝင်ခဲ့ပြီး ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း သူ့ထက် ဟက်ထရစ် ပိုမိုသွင်းယူနိုင်ခဲ့သူဆိုလို့ ၁၉၉၅-၉၆ ရာသီက အလန် ရှီးယား (၅ ကြိမ်) တစ်ဦးပဲ ရှိခဲ့ဖူးပါတယ်။
၂။ အလန် ရှီးယား – ၁၉၉၄-၉၅ ရာသီ (၃၄ ဂိုး)
အလန် ရှီးယားဟာ ၁၉၉၃-၉၄ ရာသီမှာ ၃၁ ဂိုး အထိ သွင်းယူခဲ့ပေမဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒီအချိန်က အန်ဒီ ကိုးလ်က ရရှိသွားခဲ့တာ ဖြစ်ပြီး သူတို့ နှစ်ဦးစလုံးဟာ အင်္ဂလန် ဘောလုံးလောကရဲ့ ထိပ်ဆုံးမှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ စိုးမိုးမှုကို စိန်ခေါ်ဖို့ ကြိုးစားနေကြသူတွေ ဖြစ်ပါတယ်။ ၁၉၉၄-၉၅ ရာသီ မှာတော့ ရှီးယားဟာ ကိုးလ်ထက် ဂိုးပိုမိုသွင်းယူနိုင်ခဲ့ရုံတင်မကဘဲ ဘလက်ဘန်း ရိုဗာစ်ကို ၁၉၁၄ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် လိဂ်ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ရှီးယားဟာ ၄၂ ပွဲမှာ ၃၄ ဂိုး သွင်းယူခဲ့တာပါ။ ဂိုးအရေအတွက်က တကယ်ကို အံ့ဩစရာကောင်းသလို၊ ကစားသမားဘဝ တစ်လျှောက် ဒဏ်ရာ ပြဿနာတွေ ကြုံတွေ့ခဲ့ရတဲ့ သူ့အနေနဲ့ လိဂ်ပွဲစဉ် ၄၂ ပွဲလုံးမှာ ပွဲထွက် ကစားခွင့် ရခဲ့ပြီး ၂ ပွဲသာ လူစားလဲခံခဲ့ရတာက ပိုပြီး အံ့ဩစရာကောင်းပါတယ်။ ဒါဟာ ရှီးယားရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝမှာ ရာသီတစ်ခုရဲ့ ပွဲစဉ် အားလုံးကို ပွဲထွက်ကစားနိုင်ခဲ့တဲ့ တစ်ခုတည်းသော ရာသီဖြစ်ခဲ့ပြီး၊ ရလဒ် အဖြစ် သူ့ကစားသမားဘဝရဲ့ တစ်ခုတည်းသော ဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ရှီးယားဟာ ဘယ်ခြေကို အသုံးပြုလေ့ မရှိတာကြောင့် ၁၉၉၄-၉၅ ရာသီမှာ သွင်းယူခဲ့တဲ့ ၃၄ ဂိုးထဲက ၁ ဂိုးတည်းသာ ဘယ်ခြေနဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ ၃ ရာသီဆက် ချန်ပီယံ ဖြစ်ရေးကို တားဆီးဖို့ ကြိုးစားချိန်မှာ ရှီးယားနဲ့ ဘလက်ဘန်း တို့ဟာ ပွဲစကတည်းက ဖိအားပေး ကစားခဲ့တာကြောင့် သူ့ရဲ့ ၃၄ ဂိုးထဲက ၉ ဂိုးဟာ ပွဲချိန် ပထမ ၁၅ မိနစ်အတွင်း မှာတင် ရရှိခဲ့တာ ဖြစ်ပါတယ်။
၃။ အန်ဒီ ကိုးလ် – ၁၉၉၃-၉၄ ရာသီ (၃၄ ဂိုး)
၁၉၉၄-၉၅ ရာသီမှာ ဘလက်ဘန်းရဲ့ ချန်ပီယံဆု စိန်ခေါ်မှုကို ဟန့်တားဖို့ မန်ချက်စတာယူနိုက်တက် လုပ်ဆောင်ခဲ့တဲ့ နည်းလမ်း တစ်ခု ကတော့ ၁၉၉၅ ဇန်နဝါရီမှာ ဂိုး ၃၄ ဂိုးနဲ့ ရွှေဖိနပ်ဆု ရထားတဲ့ နယူးကာဆယ် တိုက်စစ်မှူး အန်ဒီ ကိုးလ်ကို ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ အားဖြည့်မှုကို ဘာမှပြောစရာ မရှိပေမယ့် နယူးကာဆယ် အသင်း အနေနဲ့ အဓိက တိုက်စစ်မှူးကို ရောင်းထုတ်လိုက်တာ ကိုတော့ လူတိုင်းက အံ့အားသင့်ခဲ့ကြပါတယ်။
ရှေ့ရာသီ ၁၉၉၂-၉၃ မှာ နယူးကာဆယ်ကို ထိပ်တန်းလိဂ်ဆီ ပြန်လည် ပို့ဆောင်ပေးခဲ့တဲ့ ကိုးလ်ဟာ ၁၉၉၃-၉၄ ရာသီမှာ ၃၄ ဂိုး သွင်းယူခဲ့သလို ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါတယ်။ ၂၀၂၀-၂၁ ရာသီမှာ ဟယ်ရီကိန်း မစွမ်းဆောက်နိုင်မီ အထိ ဘယ်သူမှ တစ်ရာသီ အတွင်း ဒီစံချိန် နှစ်ခုစလုံးနဲ့ ထိပ်ဆုံးမှာ မရပ်တည်နိုင်ခဲ့ကြပါဘူး။ ပိုပြီး အံ့ဩဖို့ကောင်းတာက ကိုးလ်ရဲ့ ၃၄ ဂိုးထဲမှာ ပင်နယ်တီ မပါဝင်ခဲ့တာ ဖြစ်ပြီး၊ ၂၀၀၈ ပရီးမီးယားလိဂ် ကစားသမားဘဝ မသိမ်းမီ အထိ သူသွင်းယူခဲ့တဲ့ ၁၈၇ ဂိုးထဲမှာ ပင်နယ်တီဂိုး ၁ ဂိုးသာ ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ကိုးလ်ဟာ ကစားသမားဘဝမှာ ပရီးမီးယားလိဂ် ၅ ကြိမ်၊ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ၁ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်နဲ့ လိဂ်ဖလား ၁ ကြိမ် ရရှိခဲ့ပေမဲ့ ဒီဆုဖလားတွေ အားလုံးဟာ သူ တိုင်းပြည်ရဲ့ အတောက်ပဆုံး တိုက်စစ်မှူး ဖြစ်ခဲ့တဲ့ ၁၉၉၃-၉၄ ရာသီ နောက်ပိုင်းမှ ရရှိခဲ့တာ ဖြစ်ပါတယ်။
၄။ မိုဟာမက် ဆာလာ – ၂၀၁၇-၁၈ ရာသီ (၃၂ ဂိုး)
ကိုးလ်နဲ့ ရှီးယား တို့ရဲ့ ၃၄ ဂိုး စံချိန်တွေဟာ အသင်း ၂၂ သင်း ပါဝင်ပြီး ၄၂ ပွဲ ကစားရတဲ့ ရာသီတွေမှာ ပေါ်ထွက်ခဲ့တာပါ။ ၁၉၉၅-၉၆ ရာသီကစလို့ အသင်းတွေဟာ ၃၈ ပွဲပဲ ကစားရတော့တာကြောင့် ၃၁ ဂိုး ဆိုတာ ပရီးမီးယားလိဂ် ရာသီတစ်ခုမှာ ရယူနိုင်တဲ့ အမြင့်ဆုံး စွမ်းဆောင်ရည် ဖြစ်နေခဲ့ပါတယ်။
ဒါပေမယ့် လစ်ဗာပူးလ် အသင်းက ချဲလ်ဆီး တိုက်စစ်မှူးဟောင်း မိုဟာမက် ဆာလာကို ရိုးမား ကနေ ၂၀၁၇ မှာ ပြန်လည် ခေါ်ယူခဲ့ပြီးနောက် ဒီအခြေအနေ ပြောင်းလဲသွားခဲ့ပါတယ်။ အီဂျစ် တိုက်စစ်မှူးဟာ အန်းဖီးလ်မှာ ဆာဒီယို မာနေး၊ ရောဘတ်တို ဖေမီနို တို့နဲ့ အတူ နာမည်ကျော် ၃ ယောက်တွဲ တိုက်စစ်ကို ဖန်တီးခဲ့ပါတယ်။ ဝက်ဖို့ဒ်နဲ့ အဝေးကွင်း ပွဲစဉ် မှာတင် စတင် ဂိုးသွင်းယူခဲ့ပြီး အိမ်ကွင်း ပွဲစဉ် မှာတော့ ၄ ဂိုး အထိ သွင်းယူခဲ့ပါတယ်။ အာဆင်နယ်၊ ချဲလ်ဆီးတို့ အပြင် မန်စီးတီးကို ၄-၃ နဲ့ အနိုင်ရတဲ့ ပွဲမှာလည်း အဝေး ကနေ ဂိုးသွင်းယူခဲ့ပါတယ်။ စပါး အသင်းနဲ့ ပွဲမှာ ၃ ဂိုး သွင်းယူခဲ့သလို၊ အရေးကြီးဆုံး အဖြစ် ရာသီ နောက်ဆုံးပွဲစဉ် ဘရိုက်တန် အသင်းနဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ၃၈ ပွဲ ကစားရတဲ့ ရာသီမှာ ၃၂ ဂိုး ဆိုတဲ့ မှတ်တမ်းသစ်ကို စိုက်ထူနိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဆာဂျီယို ရာမို့စ်နဲ့ ယှဉ်ပြိုင်ရင်း ပုခုံး ဒဏ်ရာ ရရှိခဲ့တာကြောင့် စိတ်ပျက်စရာ ကြုံတွေ့ခဲ့ရပေမယ့် ဆာလာရဲ့ ၂၀၁၇-၁၈ ရာသီ ကတော့ အင်္ဂလန် ထိပ်တန်းလိဂ် သမိုင်းမှာ အကောင်းဆုံးတွေ ထဲက တစ်ခု အဖြစ် ကျန်ရစ်ခဲ့ပါတယ်။
၅။ လူးဝစ် ဆွာရက်ဇ် – ၂၀၁၃-၁၄ ရာသီ (၃၁ ဂိုး)
ဆာလာ စံချိန်တွေကို မကျော်ဖြတ်မီ ၃၁ ဂိုးနဲ့ ပူးတွဲ ရပ်တည်နေသူ ၃ ဦး ရှိခဲ့ပြီး အဲဒီအထဲက တစ်ယောက် ကတော့ အန်းဖီးလ်ရဲ့ ကြယ်ပွင့်ဟောင်း လူးဝစ် ဆွာရက်ဇ် ဖြစ်ပါတယ်။ ဥရုဂွေး တိုက်စစ်မှူးဟာ စက်တင်ဘာလကုန် အထိ ဂိုးမသွင်းနိုင်ခဲ့တာဟာ ခြေစွမ်းမပြနိုင်လို့ သို့မဟုတ် ဒဏ်ရာကြောင့် မဟုတ်ဘဲ၊ ၂၀၁၃ ဧပြီလ ချဲလ်ဆီးနဲ့ ပွဲမှာ အိုင်ဗန်နိုဗစ်ကို ကိုက်ခဲ့တာကြောင့် ၁၀ ပွဲ ပယ် ပြစ်ဒဏ် ခံနေရလို့ ဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ ၂၀၁၃-၁၄ ရာသီမှာ ၃၃ ပွဲပဲ ကစားခဲ့ရပေမယ့် ဆုံးရှုံးသွားတဲ့ အချိန်တွေကို အမီပြန်လိုက်နိုင်ခဲ့ပါတယ်။
ဆွာရက်ဇ်ဟာ အောက်တိုဘာမှာ ဝက်စ်ဘရွန်း၊ မတ်လမှာ ကာဒစ်ဖ်၊ ခရစ္စမတ်မတိုမီ နော့ဝှစ်ချ် အသင်းကို ၄ ဂိုး အပါအဝင် ဟက်ထရစ်တွေ သွင်းယူခဲ့ပါတယ်။ ဒီဇင်ဘာလ တစ်လတည်းမှာတင် ၁၀ ဂိုး သွင်းယူခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ်ရဲ့ တစ်လ အတွင်း ဂိုးအများဆုံး စံချိန် အဖြစ် ယခုတိုင် တည်ရှိနေဆဲပါ။
ကွင်းတွင်း ဝေဖန်စရာဆိုလို့ လစ်ဗာပူးလ် အသင်းရဲ့ ချန်ပီယံဆု ရယူနိုင်ရေး နီးစပ်ပြီးမှ လွဲချော်ခဲ့ရတဲ့ ဧပြီနဲ့ မေလတွေ အတွင်း ၂ ဂိုးပဲ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အတွက်တော့ တကယ်ကို အံ့ဩဖွယ်ရာ ရာသီ တစ်ခု ဖြစ်ခဲ့ပါတယ်။
၆။ ခရစ္စတီယာနို ရော်နယ်ဒို – ၂၀၀၇-၀၈ ရာသီ (၃၁ ဂိုး)
ဒီရာသီဟာ ၂၀၀၉ မှာ ရီးရဲလ်မက်ဒရစ်ဆီ မပြောင်းရွှေ့မီ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ထူးချွန် ထက်မြက်မှုကို ပထမဆုံး အစစ်အမှန် မြင်တွေ့ခဲ့ရတဲ့ ရာသီ ဖြစ်ပါတယ်။ ၂၀၀၇-၀၈ မှာ မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ဖလားကို ၂ ရာသီဆက် ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ် ဖလား ကိုပါ ဆွတ်ခူးနိုင်ခဲ့တာပါ။
ရော်နယ်ဒို၊ ဝိန်း ရွန်နီနဲ့ ကားလို့စ် တိဗက်ဇ် တို့ရဲ့ တွဲဖက်မှုဟာ အလွန် ကြောက်စရာ ကောင်းခဲ့ပြီး၊ တခြား နှစ်ယောက်ဟာ ရော်နယ်ဒို အကျိုးအမြတ် ရရှိဖို့ အတွက် ပင်ပန်းခံ ကစားပေးခဲ့ကြပါတယ်။ ရာသီအစ ဒုတိယမြောက် ပွဲစဉ် မှာတင် ရော်နယ်ဒို အနီကတ် ထိခဲ့တာကြောင့် စတင်ပုံ မကောင်းခဲ့ဘဲ စက်တင်ဘာလကုန် ဘာမင်ဂမ်နဲ့ ပွဲကျမှ ပထမဆုံးဂိုး စတင်ရရှိခဲ့တာပါ။
အဲဒီရာသီမှာ ရော်နယ်ဒိုဟာ ဟက်ထရစ်ထက် ၁ ပွဲ ၂ ဂိုး သွင်းယူတာ ပိုများခဲ့ပါတယ်။ သူ့ရဲ့ ဒုတိယနဲ့ တတိယမြောက် ပရီးမီးယားလိဂ် ဟက်ထရစ်တွေကို ၂၀၂၁-၂၂ ရာသီ ရောက်မှ သွင်းယူနိုင်ခဲ့တာပါ။ အောက်တိုဘာမှာ ဝီဂန်၊ နိုဝင်ဘာမှာ ဘလက်ဘန်း၊ ဒီဇင်ဘာမှာ ဖူလ်ဟမ်နဲ့ အဲဗာတန်၊ ဇန်နဝါရီမှာ ပို့စ်မောက်၊ ဖေဖော်ဝါရီမှာ နယူးကာဆယ်၊ မတ်လမှာ ဘာတန်နဲ့ မေလမှာ ဝက်စ်ဟမ်း တို့ကို ၂ ဂိုးစီ သွင်းယူခဲ့ပါတယ်။
သူ့ရဲ့ ၃၁ ဂိုးမြောက်ဂိုး ကိုတော့ ဝီဂန်ကို ၂-၀ နဲ့ အနိုင်ရပြီး ချဲလ်ဆီးကို ကျော်ဖြတ်ကာ ချန်ပီယံ ဖြစ်ခဲ့တဲ့ လိဂ် နောက်ဆုံး ပွဲစဉ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် မော်စကိုမှာ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း ချဲလ်ဆီး အသင်းကို ပင်နယ်တီနဲ့ အနိုင်ရရှိခဲ့ကြပါတယ်။
၇။ အလန် ရှီးယား – ၁၉၉၅-၉၆ ရာသီ (၃၁ ဂိုး)
၁၉၉၅ သြဂုတ်လမှာ အလန် ရှီးယားဟာ ၃၄ ဂိုး သွင်းယူထားတဲ့ ရာသီကို ဖြတ်သန်းထားပြီး အင်္ဂလန် ချန်ပီယံ အသင်းမှာ ကစားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ ကင်နီ ဒဲလ်ဂလစ်ရှ်က ဒါရိုက်တာ ရာထူး ပြောင်းလဲ ရယူခဲ့တာကြောင့် ရေး ဟာဖို့ဒ် နည်းပြ ဖြစ်လာခဲ့ပြီး ဘလက်ဘန်း အသင်း အနေနဲ့ ချန်ပီယံဆု ထိန်းသိမ်းဖို့ အခွင့်အရေး မရှိသလောက် နည်းပါးသွားခဲ့ပါတယ်။
ဒါကြောင့် ဘလက်ဘန်း အသင်း အဆင့် ၇ သာ ရခဲ့တဲ့ ၃၈ ပွဲ ရာသီမှာ ရှီးယားက စံချိန်တင် ၃၁ ဂိုး အထိ သွင်းယူနိုင်ခဲ့တာဟာ တကယ်ကို လေးစားစရာပါ။ အဲဒီရာသီမှာ သူဟာ ပရီးမီးယားလိဂ် စံချိန် အဖြစ် ရာသီ တစ်ခု အတွင်း ဟက်ထရစ် ၅ ကြိမ် အထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဝင်ဘယ်ဒန် အသင်းနဲ့ ပွဲစဉ်မှာ ၂ ဂိုးသွင်းပြီး ရာသီကို အဆုံးသတ်ခဲ့တာဟာ အီးဝုဒ်ပါ့ခ် ကွင်းမှာ ဘလက်ဘန်း အင်္ကျီနဲ့ ရှီးယား ဂိုးသွင်းတာကို နောက်ဆုံး မြင်တွေ့ခဲ့ရခြင်းလည်း ဖြစ်ပါတယ်။ သူဟာ ယူရို ၉၆ ပြိုင်ပွဲမှာ ဂိုးအများဆုံး သွင်းယူသူ ဖြစ်ခဲ့ပြီးနောက် နယူးကာဆယ် အသင်းဆီကို စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ နယူးကာဆယ်မှာ ဘလက်ဘန်းထက် ဂိုးများများ သွင်းယူနိုင်ခဲ့ပေမယ့် ဒီလို ဂိုးသွင်းနှုန်းမျိုးတော့ နောက်ထပ် မရရှိတော့ပါဘူး။
၈။ အလန် ရှီးယား – ၁၉၉၃-၉၄ ရာသီ (၃၁ ဂိုး)
အလန် ရှီးရာ ရဲ့ နောက်ထပ် ၃၁ ဂိုး ရာသီ တစ်ခု ဖြစ်ပါတယ်။ ဒီ ၃၁ ဂိုးဟာ ၄၂ ပွဲ ကစားရတဲ့ ရာသီမှာ ရရှိခဲ့တာကြောင့် ၁၉၉၅-၉၆ ထက်စာရင် ထူးခြားမှု နည်းနိုင်ပေမယ့် ရှီးယားဟာ အဝေးကွင်းဂိုး ၁၂ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး၊ ၁၉၉၂-၉၃ မှာ ဖြစ်ပွားခဲ့တဲ့ ဒူးဒဏ်ရာနဲ့ ပတ်သက်ပြီး သံသယတွေကို အပြတ်အသတ် အဖြေပေးနိုင်ခဲ့တဲ့ ရာသီလည်း ဖြစ်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


