နယူးကာဆယ် နည်းပြ အက်ဒီ ဟောင်းဝ် ကတော့ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကနေ မထင်မှတ်ပဲ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ ငှက်ကြား တို့ရဲ့ ဂန္ထဝင် တိုက်စစ်မှူးဟောင်း အလန် ရှီးယား ကတော့ သူ့အသင်းဟောင်းရဲ့ အနာဂတ် အတွက် အဆိုးဆုံး အခြေအနေတွေကို စိုးရိမ်နေပါတယ်။
ကြာသပတေးနေ့က ထွက်ပေါ်ခဲ့တဲ့ သတင်းများစွာအရ အက်ဒီ ဟောင်းဝ်ဟာ နယူးကာဆယ်ကို ၅ နှစ်ကြာ ကိုင်တွယ်ပြီးနောက် အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဟောင်းဝ်ဟာ ဆော်ဒီအာရေဗျ ပြည်သူ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (PIF) က အသင်းကို ဝယ်ယူခဲ့ပြီး တစ်လ အကြာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ နယူးကာဆယ်ကို စတင် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
သူဟာ အသင်းကို ပြိုင်ပွဲစုံ ၂၃၁ ပွဲအထိ ကိုင်တွယ်ခဲ့ပြီး ၁၁၂ ပွဲ အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့သလို (၄၈ ပွဲ သရေ၊ ၇၁ ပွဲ ရှုံး)၊ ပြီးခဲ့တဲ့နှစ်က ခရာဘောင်ဖလားကို ဆွတ်ခူးပေးပြီး အသင်းရဲ့ နှစ်ပေါင်း ၇၀ ကြာ ပြည်တွင်း ဆုဖလား ငတ်မွတ်မှု ကိုလည်း အဆုံးသတ်ပေးခဲ့သူပါ။ နယူးကာဆယ် သမိုင်းမှာ သူ့ထက် ပရီးမီးယားလိဂ် အနိုင် ရာခိုင်နှုန်း ပိုကောင်းတဲ့ နည်းပြဆိုလို့ ကီဗင် ကီးဂန်း (၅၄.၆%) တစ်ယောက်ပဲ ရှိပါတယ်။ ဟောင်းဝ် ကတော့ ပွဲပေါင်း ၁၇၉ ပွဲမှာ ၈၄ ပွဲ အနိုင်ရကာ ၄၆.၉% နဲ့ ဒုတိယ အကောင်းဆုံး နည်းပြ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၅-၂၆ ရာသီမှာတော့ ကွင်းတွင်း၊ ကွင်းပြင် စိန်ခေါ်မှုများစွာနဲ့ ကြုံတွေ့ခဲ့ရပြီး နယူးကာဆယ်ဟာ အဆင့် ၁၂ နေရာနဲ့ပဲ ရာသီသိမ်းခဲ့ရသလို လိဂ်ပွဲ ၁၇ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၇-၁၈ ရာသီနောက်ပိုင်း တစ်ရာသီ အတွင်း ပရီးမီးယားလိဂ်မှာ အများဆုံး ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။
အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်သူ အလန် ရှီးယား ကတော့ ဟောင်းဝ် ထွက်ခွာသွားခဲ့ရင် အသင်းဟောင်းရဲ့ အခြေအနေဟာ ဒီထက်မက ပိုဆိုးသွားနိုင်တယ်လို့ ယုံကြည်နေပါတယ်။ “ကျေးဇူးပါ အက်ဒီ ဟောင်းဝ်။ ခင်းဗျားဟာ နယူးကာဆယ် ပရိသတ် တစ်ယောက် အနေနဲ့ ကျွန်တော့်ရဲ့ ဘဝမှာ အကောင်းဆုံးနေ့ တစ်နေ့ကို ပေးစွမ်းခဲ့ပါတယ်” လို့ ရှီးယားက BBC Sport ဝက်ဘ်ဆိုက်က သူ့ရဲ့ ဆောင်းပါးမှာ ရေးသားထားပါတယ်။
“သူ အသင်း ကနေ ထွက်ခွာရတဲ့ အကြောင်းအရင်းပဲ ဖြစ်ဖြစ်၊ အသက် ၅၅ နှစ် ရှိပြီ ဖြစ်တဲ့ ကျွန်တော့် အရွယ် ဒါမှမဟုတ် ကျွန်တော့်ထက် ငယ်တဲ့ ပရိသတ်တိုင်းလည်း ဒီလိုပဲ ပြောကြမှာပါ။ ဝင်ဘလေမှာ ခရာဘောင်ဖလား ဗိုလ်လုပွဲတုန်းက အမှတ်တရနေ့လေးနဲ့ ဆုဖလား ငတ်မွတ်မှုကို အဆုံးသတ်ပေးခဲ့တာကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ အက်ဒီဟာ ဂန္ထဝင် တစ်ယောက် အဖြစ် အမြဲ ရှိနေမှာပါ။”
“ကျွန်တော်ဟာ ဒီလို အခိုက်အတန့်မျိုးကို ဘဝတစ်ခုလုံး မျှော်လင့်ခဲ့ရတာပါ။ ဒါကို ပြောင်းလဲပေးခဲ့တာကြောင့် သူ့ကို သတိရနေမှာ ဖြစ်ပြီး ၂၀၂၁ နိုဝင်ဘာမှာ တာဝန်ယူခဲ့တည်းက လုပ်ဆောင်ပေးခဲ့သမျှ အရာ အားလုံး အတွက် အထူးပဲ ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။ အဲဒီနှစ်မှာ အက်ဒီက အသင်းကို တန်းမဆင်းရအောင် ကယ်တင်ပေးခဲ့သလို နောက်ထပ် ၃ ရာသီမှာ အဆင့် ၄၊ ၇ နဲ့ ၅ နေရာတွေ ရောက်အောင် ပို့ဆောင်ပေးခဲ့ပြီး ချန်ပီယံလိဂ် ညချမ်း အမှတ်တရကောင်းတွေ ကိုလည်း ဖန်တီးပေးခဲ့တာပါ။” လို့ ရှီးယားက ရေးသားထားခဲ့ပါတယ်။
ကစားသမား ရောင်းထုတ်မှုတွေနဲ့ အနာဂတ် အတွက် စိုးရိမ်မှု

ဆက်လက်ပြီး ရှီးယားက “ပြီးခဲ့တဲ့ နွေရာသီမှာ အလက်ဇန္တား အိဆက်ခ် ထွက်ခွာသွားခဲ့ပြီး အဓိက အပြောင်းအရွှေ့ ပစ်မှတ်တွေကို မခေါ်ယူနိုင်ခဲ့တာက နယူးကာဆယ်ကို အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။ စိတ်ပျက်စရာကောင်းတာက ဒီအခြေအနေဟာ ဒီနှစ်မှာလည်း ဆက်ဖြစ်နေတာပါပဲ။ ဒါဟာ အသင်းမှာ ဆက်နေမလား၊ ထွက်မလားဆိုတဲ့ အက်ဒီရဲ့ ဆုံးဖြတ်ချက်ကို သက်ရောက်သွားခဲ့ရင်လည်း ကျွန်တော် မအံ့ဩပါဘူး။ ဒါ့အပြင် နောက်ထပ် ဘာတွေ ဖြစ်လာမလဲဆိုတာကိုပါ စိုးရိမ်မိပါတယ်။ ပရိသတ် တစ်ယောက် အနေနဲ့ ပြောရရင်တော့ ကျွန်တော်တို့ ရုန်းကန်ရမယ့် ရာသီသစ်နဲ့ ခက်ခဲတဲ့ အချိန်တွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရတော့မှာပါ” လို့ ဆိုပါတယ်။
အက်ဒီ ဟောင်းဝ် နေရာ မှာတော့ ဆော်ဒီ ကလပ် အဲလ်လ်-အာလီ နည်းပြ မားသီးယက်စ် ယက်စ်လေဟာ နယူးကာဆယ်ရဲ့ နည်းပြသစ် အဖြစ် တာဝန်ယူတော့မှာ ဖြစ်ပါတယ်။ ယက်စ်လေဟာ သူ့ရဲ့ နည်းပြဘဝ လိုင်ဖာရင်၊ ဆဲလ်ဘာ့ဂ်နဲ့ အဲလ်အာလီ တို့မှာ ၂၄၄ ပွဲ ကိုင်တွယ်ခဲ့ရာ ၁၆၂ ပွဲ အထိ အနိုင်ရရှိထားတာကြောင့် အနိုင်ရာခိုင်နှုန်း ၆၆.၄% အထိ ရှိထားသူပါ။
ရှီးယား ကတော့ အလက်ဇန္တား အိဆက်ခ် လစ်ဗာပူးလ်ဆီ ထွက်ခွာသွားခဲ့ရာ ကနေ စတင်ခဲ့တဲ့ နယူးကာဆယ်ရဲ့ ကစားသမား အပြောင်းအလဲ ကိစ္စတွေမှာ ဟောင်းဝ် အတွက် စာနာမိကြောင်းလည်း ပြောခဲ့ပါသေးတယ်။ အကြောင်းကတော့ အန်သိုနီ ဂေါ်ဒွန်က ဘာစီလိုနာဆီ၊ ဆန်ဒရို တိုနာလီက စပါးဆီ အသီးသီး ပြောင်းရွှေ့သွားခဲ့ကြပြီး အသင်းခေါင်းဆောင် ဘရူနို ဂီမာရေးစ် ကလည်း အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ ရေပန်းစားနေလို့ ဖြစ်ပါတယ်။
“အက်ဒီ ထွက်ခွာသွားတဲ့ အချိန်အခါက ကျွန်တော့် အတွက် အံ့ဩစရာ အကောင်းဆုံးပါပဲ။ ရာသီကြို လေ့ကျင့်ရေး စပြီး ၃ ပတ်အကြာ၊ ပရီးမီးယားလိဂ် ပြန်စဖို့ ၃ ပတ်ပဲ လိုတော့တဲ့ အချိန်မှာ ဖြစ်သွားခဲ့တာပါ။ ကွင်းနောက်ကွယ်မှာ ဘာတွေဖြစ်ခဲ့လဲ ကျွန်တော် အတိအကျ မသိပေမယ့် သူ့ဘက်က ကြည့်ရင်တော့ သူ့ရဲ့ အကောင်းဆုံး ကစားသမားတွေကို ရောင်းထုတ်နေရတာကို မြင်တွေ့ခဲ့ရလို့ ဖြစ်ပါလိမ့်မယ်။ ပထမ အိဆက်ခ်၊ အခု နွေရာသီမှာ ဂေါ်ဒွန်နဲ့ တိုနာလီ၊ ပြီးတော့ အသင်းခေါင်းဆောင် ဘရူနိုရဲ့ အနာဂတ် သတင်းတွေ အထိပေါ့။”
“ဒီအလုပ်ဟာ မူလကတည်းက ခက်ခဲလှပါတယ်၊ အခုတော့ ပိုပြီး ခက်ခဲလာခဲ့ပါပြီ။ အကောင်းဆုံး ကစားသမားတွေကို ဆက်တိုက် ရောင်းထုတ်နေပြီး အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရပ်တည်နိုင်ဖို့ မျှော်လင့်လို့ မရပါဘူး။ ကျွန်တော် မှားတာပဲ ဖြစ်ပါစေလို့ မျှော်လင့်ပေမယ့် နောက်ထပ် ထွက်ခွာသွားမယ့်သူဟာ ဘရူနို ဖြစ်လာဖို့ ကတော့ ရှောင်လွှဲလို့ ရနိုင်မှာ မဟုတ်တော့ပါဘူး” လို့ ရှီးယားက သုံးသပ်သွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


