နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

အာဆင်နယ်တို့ ဘရူနို ဂီမာရေးစ်ကို ခေါ်ယူဖို့ ဘာကြောင့် ခက်ခဲနိုင်သလဲ | ပရီးမီးယားလိဂ်

နယူးကာဆယ် အသင်းခေါင်းဆောင် ဘရူနို ဂီမာရေးစ်ဟာ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ်ဆီ ပြောင်းရွှေ့ချင်ကြောင်း သူ့ရဲ့ ကလပ် အသင်းကို တရားဝင် အသိပေးထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် နယူးကာဆယ် ဘက်ကတော့ ဂီမာရေးစ်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ့် မီးခွက်စောင့် ဘီလူးကြီး လုပ်ပေးပါ့မလား ဆိုတာ ကတော့ တကယ့်ကို စဉ်းစားစရာ ဖြစ်နေပါတယ်။

အာဆင်နယ် အသင်းဟာ ဒီဘရာဇီးလ် ကွင်းလယ်လူကို စိတ်ဝင်စားနေတာ တော်တော် ကြာနေပြီ ဖြစ်ပြီး ပြီးခဲ့တဲ့လကတင် အသက် ၂၈ နှစ် အရွယ် ဂီမာရေးစ် အတွက် ပေါင် ၅၅ သန်း ဝန်းကျင်နဲ့ ပထမ တစ်ကြိမ် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် နယူးကာဆယ် ဘက်ကတော့ ဒီကမ်းလှမ်းမှုကို ပြတ်ပြတ်သားသားပဲ ပယ်ချခဲ့ပါတယ်။
အခုလည်း အာဆင်နယ် ဘက်က ဒုတိယအကြိမ် ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ နယူးကာဆယ် ကတော့ သူတို့ရဲ့ အကောင်းဆုံး ကစားသမားကို လက်လွှတ်ဖို့ အစီအစဉ် လုံးဝ မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် ဂီမာရေးစ် ကိုယ်တိုင် ကတော့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ တော်တော်လေး စိတ်အားထက်သန်နေပါတယ်။

ဂီမာရေးစ် အနေနဲ့ အာဆင်နယ်ကို ပြောင်းချင်တာကတော့ မဆန်းပါဘူး။ နည်းပြ မီခဲလ် အာတေးတားရဲ့ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ဖလားကို သိမ်းပိုက်နိုင်ခဲ့သလို၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မှာလည်း ပီအက်စ်ဂျီကို ပင်နယ်တီ အဆုံးအဖြတ် အထိ အကြိတ်အနယ် ကစားပြီး ဒုက္ခပေးနိုင်ခဲ့တဲ့အထိ အရှိန်အဟုန်ကောင်းနေတာပါ။ အသင်းရဲ့ လူစာရင်း ကလည်း အကောင်းဆုံး အရွယ်တွေ ဖြစ်နေလို့ အရင်က ချန်ပီယံ လစ်ဗာပူးလ် အသင်းလိုမျိုး ခြေစွမ်း ရုတ်တရက် ထိုးဆင်းသွားဖို့လည်း မရှိပါဘူး။
လက်ရှိ အာဆင်နယ်ရဲ့ ပွဲထွက် ၁၁ ယောက်က အသားကျနေပြီ ဆိုပေမယ့် ပြိုင်ပွဲစုံ အရည်အသွေးမြင့်မြင့် ကစားနိုင်ဖို့ လူအင်အား ထပ်ဖြည့်ဖို့တော့ လိုအပ်နေဆဲပါ။ အာဆင်နယ်ရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဘူကာယို ဆာကာနဲ့ ဒီကလန် ရိုက်စ် တို့ဟာ လက်ရှိ ကမ္ဘာ့ဖလားမှာ ဒဏ်ရာကိုယ်စီ ရခဲ့တာကြောင့် ကစားသမားတွေ ဘယ်လောက်အထိ အပင်ပန်းခံ ကစားနေရလဲ ဆိုတာ ကောင်းကောင်းကြီး သိသာပါတယ်။ ဒါကြောင့် ဂီမာရေးစ်သာ ရောက်လာရင် ဒေါင်ဒေါင်မြည် ကစားနိုင်တဲ့ ရိုက်စ်နဲ့ အတူ ကွင်းလယ်မှာ တွဲဖက်နိုင်မှာ ဖြစ်သလို၊ ရိုက်စ် နေရာ မှာလည်း အလှည့်ကျ ဝင်ကစားပေးနိုင်မှာပါ။ ဒါပေမယ့် ပြဿနာက ကစားသမားက ပြောင်းချင်ရုံနဲ့ နယူးကာဆယ် ဘက်က အလိုက်သင့် ခေါင်းငြိမ့်မှာ မဟုတ်တာပါပဲ။

 

အာဆင်နယ်အနေနဲ့ ဂီမာရေးစ်ကို အမှန်တကယ်ရော ခေါ်ယူနိုင်ပါ့မလား

သူ အသင်းကို ရောက်လာခဲ့တဲ့ ၄ နှစ်ကျော် အတွင်း သူ မပါဘဲ နယူးကာဆယ် ပရီးမီးယားလိဂ်မှာ ပထမဆုံး နိုင်ပွဲ ရဖို့ ပြီးခဲ့တဲ့ မတ်လ အထိတောင် စောင့်ခဲ့ရတာပါ။
နယူးကာဆယ် အတွက် အရေးပါတဲ့ ကစားသမား ဖြစ်နေဆဲ ဘရူနို ဂီမာရေးစ်

နယူးကာဆယ် အတွက် ဂီမာရေးစ်က ဘယ်လောက် အထိ အရေးပါလဲဆိုတာ ပြောပြဖို့တောင် လိုမယ် မထင်ပါဘူး။ သူ အသင်းကို ရောက်လာခဲ့တဲ့ ၄ နှစ်ကျော် အတွင်း သူ မပါဘဲ နယူးကာဆယ် ပရီးမီးယားလိဂ်မှာ ပထမဆုံး နိုင်ပွဲ ရဖို့ ပြီးခဲ့တဲ့ မတ်လ အထိတောင် စောင့်ခဲ့ရတာပါ။ သူဟာ အက်ဒီ ဟောင်းဝ်ရဲ့ အသင်းအတွက် “ဦးနှောက်၊ နှလုံးသားနဲ့ အသက်ရှူလမ်းကြောင်း” လို့ ပြောရလောက်အောင် အရေးပါပြီး သူ မပါရင် အသင်းက ကစားကွက် ပျက်သွားတတ်ပါတယ်။ ဒါ့အပြင် သူက အသင်းအတွက် ခြေစွမ်းလည်း တည်ငြိမ်သလို အမြဲတမ်း အားကိုးရသူလည်း ဖြစ်ပါတယ်။ နောက်ထပ် အချက်တစ်ခုကတော့ နယူးကာဆယ်ဟာ ဂီမာရေးစ်ကို ရောင်းဖို့ မလိုသလို၊ ဆက်ထိန်းထားနိုင်တဲ့ ငွေကြေး အင်အားလည်း အပြည့်ရှိနေတာပါ။

ငှက်ကြား တို့ဟာ ဒီနွေရာသီမှာတင် အန်သိုနီ ဂေါ်ဒွန်နဲ့ ဆန်ဒရို တိုနာလီတို့ကို ရောင်းချခဲ့လို့ ပေါင်သန်း ၂၀၀ ဝန်းကျင် ရရှိထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် အရင်နှစ်တွေကလို ပရီမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း (PSR) ကြောင့် အကျပ်ရိုက်ပြီး ကစားသမား ရောင်းရမယ့် အခြေအနေမျိုး မရှိတော့ပါဘူး။ အထူးသဖြင့် အာဆင်နယ်က ကမ်းလှမ်းထားတဲ့ ပမာဏမျိုးနဲ့တော့ လုံးဝ ရောင်းမှာ မဟုတ်ပါဘူး။

အာဆင်နယ် ဘက်က အခုထိ ပေါင် သန်း ၆၀ ဝန်းကျင်ထက် ပိုပေးဖို့ တွန့်ဆုတ်နေဆဲပါ။ ဂီမာရေးစ်ထက် အသက် ၂ နှစ် ပိုငယ်ပေမယ့် အသင်းအတွက် အရေးပါမှု အပိုင်းမှာ အများကြီး လိုသေးတဲ့ တိုနာလီ ကိုတောင် စပါး အသင်းက အနည်းဆုံး ပေါင် သန်း ၁၀၀ အထိ ပေးပြီး ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်ဘက်က ဒီထက်အများကြီး ပိုပေးမယ့် ကမ်းလှမ်းမှုမျိုး မလုပ်ဘူး ဆိုရင်တော့ ဂီမာရေးစ် အနေနဲ့ နယူးကာဆယ် ကနေ ထွက်ခွာခွင့်ရဖို့ အတော်လေး ရုန်းကန်ရဦးမှာပါ။ ပြီးခဲ့တဲ့ နွေရာသီက အလက်ဇန္တား အိဆက်ခ်ဟာ အသင်းနဲ့ အဆင်မပြေဖြစ်ပြီး အဝတ်လဲခန်း အတွင်း ဇွတ်အတင်း ပြဿနာ ရှာကာ အသင်း ကနေ ထွက်ခွာသွားခဲ့ဖူးပါတယ်။ ဒါပေမယ့် အသင်းရဲ့ ဂန္ထဝင် အလန်ရှီးယားလိုမျိုး ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုကို ရချင်ပါတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောထားဖူးတဲ့ ဂီမာရေးစ်လို ကစားသမားမျိုး ကတော့ အသင်းနဲ့ ဆက်ဆံရေး အပျက်ခံပြီး ဇွတ်တရွတ် ထွက်ခွာမယ့် လမ်းကို ရွေးချယ်ဖို့ ကတော့ တော်တော်လေး အလှမ်းဝေးနေပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်