၂၀၂၆ ကမ္ဘာ့ဖလား ကတော့ အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါ နိုင်ငံတွေမှာ အသင်းပေါင်း ၄၈ သင်းနဲ့ ရက်ပိုင်း အတွင်း သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကျင်းပတော့မှာ ဖြစ်ပါတယ်။ အသင်းလိုက် ချန်ပီယံဆု အပြင် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားကို ပေးအပ်တဲ့ “ရွှေဘောလုံးဆု”ကို ဘယ်သူဆွတ်ခူးမလဲ ဆိုတာ ကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
၁၉၈၂ ခုနှစ် ကနေ စပြီး တရားဝင် ပေးအပ်ခဲ့တဲ့ ဒီဆုကို သမိုင်းတစ်လျှောက် ကစားသမား ၁၂ ဦးသာ ရရှိဖူးပြီး၊ လီယွန်နယ် မက်ဆီ တစ်ဦးတည်းသာ (၂၀၁၄ နှင့် ၂၀၂၂) နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးထားနိုင်ပါတယ်။ ဒီတော့ ၂၀၂၆ ကမ္ဘာ့ဖလားရဲ့ ရွှေဘောလုံးဆု အတွက် ရေပန်းအစားဆုံး ကစားသမားတွေကို ဘယ်သူတွေ ဖြစ်နေသလဲ ဆိုတာ ကြည့်ရအောင်ပါ။
၁။ လီယွန်နယ် မက်ဆီ (အာဂျင်တီးနား)
၂၀၂၆ ရာသီမှတ်တမ်း – ၁၄ ပွဲမှာ ၁၉ ဂိုး ပါဝင်ပတ်သက် (၁၂ ဂိုးသွင်း၊ ၇ ဂိုးဖန်တီး)၊ အခွင့်အရေး ဖန်တီးမှု (၄၂ ကြိမ်) နဲ့ မျှော်လင့်နိုင်ခြေ ဂိုးဖန်တီးမှု (၇.၆ xA) နဲ့ လိဂ်မှာ အမြင့်ဆုံး။
အမေရိကန် မေဂျာလိဂ်ဟာ ကမ္ဘာ့အဆင့် ၂၀ ရှိတဲ့ လိဂ် ဖြစ်တာကြောင့် ဥရောပအဆင့်နဲ့ ကွာခြားနိုင်ပေမယ့်လည်း၊ Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ အာဂျင်တီးနားက ချန်ပီယံဆု ကာကွယ်နိုင်ခြေ ၁၀.၄% ရှိနေပါတယ်။ အကယ်၍ အာဂျင်တီးနား ဗိုလ်စွဲရင်တော့ မက်ဆီ အနေနဲ့ ရွှေဘောလုံးဆု အတွက် သေချာသလောက် ရှိနေပါတယ်။
၂။ လာမင်း ယာမယ် (စပိန်)
၂၀၂၅-၂၆ ရာသီမှတ်တမ်း – ပြိုင်ပွဲစုံမှာ ၄၁ ဂိုး ပါဝင်ပတ်သက် (၂၄ ဂိုးသွင်း၊ ၁၇ ဂိုးဖန်တီး)။ ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာ ဘောလုံး ဆွဲပြေးမှု အများဆုံး (ကြိုးပမ်းမှု ၄၂၉ ကြိမ်၊ အောင်မြင်မှု ၂၂၅ ကြိမ်) နဲ့ ဆွဲပြေးပြီးနောက် အခွင့်အရေး ဖန်တီးမှု အများဆုံး (၅၉ ကြိမ်)။
Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှု အရ စပိန်ဟာ ကမ္ဘာ့ဖလား ရဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ဧပြီလက ရရှိခဲ့တဲ့ ပေါင်နောက်ကြော ဒဏ်ရာကြောင့် ကိတ်ဗာဒီနဲ့ ကစားရမယ့် အဖွင့်ပွဲစဉ်ကို လွဲချော်နိုင်ခြေ ရှိခြင်းက ယာမယ် အတွက် စိုးရိမ်စရာ ဖြစ်ပါတယ်
၃။ ဟယ်ရီ ကိန်း (အင်္ဂလန်)
၂၀၂၅-၂၆ ရာသီမှတ်တမ်း – ပြိုင်ပွဲစုံ ၅၁ ပွဲမှာ ၆၁ ဂိုး သွင်းယူကာ ၇ ကြိမ် ဂိုးဖန်တီး (စုစုပေါင်း ၆၈ ဂိုး ပါဝင်ပတ်သက်)။ သူ့ရဲ့ မျှော်မှန်းဂိုး (xG) ၄၄.၄ ထက် ၁၆.၆ ဂိုး ပိုမိုသွင်းယူနိုင်ခဲ့ပြီး ဥရောပမှာ အကောင်းဆုံး စွမ်းဆောင်ရည် ဖြစ်ပါတယ်။
သောမတ်စ် တူချယ်ရဲ့ အင်္ဂလန် အသင်းဟာ နှစ်ပေါင်း ၆၀ ကြာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားကို ရရှိဖို့ ၁၀.၆% အခွင့်အရေး ရှိနေပါတယ်။ ကိန်းဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ၈ ဂိုး သွင်းထားပြီး ဂယ်ရီ လိုင်နီကာရဲ့ စံချိန် (၁၀ ဂိုး) ကို ကျော်ဖြတ်ဖို့ ၃ ဂိုးသာ လိုပါတော့တယ်။ ဒါပေမယ့်လည်း သမိုင်းတစ်လျှောက် ရွှေဘောလုံးဆုရှင်တွေမှာ ဂိုးသွင်း အများဆုံး ရွှေဖိနပ်ဆုရှင်က ရရှိခဲ့ခြင်းမှာ ရော့ဆီ (၁၉၈၂) နဲ့ စခီလာချီ (၁၉၉၀) တို့ နှစ်ဦးသာ ရှိခဲ့ဖူးပါတယ်။
၄။ ကီလီယန် အမ်ဘာပေ (ပြင်သစ်)
အမ်ဘာပေး ကတော့ ၂၀၂၂ ကမ္ဘာ့ဖလား ဖိုင်နယ် ဟက်ထရစ် အပါအဝင် ပွဲစဉ် တစ်ခုတည်း အတွင်း ၈ ဂိုး အထိ သွင်းခဲ့သူ ဖြစ်ပါတယ်။
ပြင်သစ်ဟာ ကမ္ဘာ့ဖလား ရရှိဖို့ ၁၂.၈% နဲ့ ဒုတိယမြောက် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ အမ်ဘာပေးဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးအများဆုံး စံချိန်ရှင် ကလိုဆေး (၁၆ ဂိုး) ကို ကျော်ဖြတ်ဖို့ ၅ ဂိုးသာ လိုပါတော့တယ်။ အုပ်စု ပထမရရင်တော့ ၁၆ သင်း အဆင့်မှာ ဂျာမနီနဲ့ ဆုံနိုင်တဲ့ အခက်အခဲ ရှိပေမယ့်လည်း ပြင်သစ်သာ ဗိုလ်စွဲရင်တော့ အမ်ဘာပေးက အဓိက ဆုရှင် ဖြစ်လာမှာပါ။
၅။ ဗင်နီးစီးယပ်စ် ဂျူနီယာ (ဘရာဇီးလ်)
လက်ရွေးစင် အသင်းမှာ ၄၉ ပွဲကစား ၉ ဂိုးသာ သွင်းထားနိုင်တာကြောင့် ခြေစွမ်းပြဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
ကာလို အန်ဆယ်လော့တီ ဦးဆောင်တဲ့ ဘရာဇီးလ်က ၆ ကြိမ်မြောက် ချန်ပီယံဆုကို မျှော်လင့်နေပါတယ်။ ဒဏ်ရာရနေပြီး အသက်အရွယ်ရလာတဲ့ နေမာရဲ့ အရိပ်အောက် ကနေ ရုန်းထွက်ကာ ဗင်နီးစီးယပ်စ် အနေနဲ့ အန်ဆယ်လော့တီရဲ့ တိုက်စစ်ဗျူဟာအောက်မှာ ဘရာဇီးလ်ကို ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်နိုင်ပါက ရွှေဘောလုံးဆုကို သိမ်းပိုက်နိုင်မှာ ဖြစ်ပါတယ်။
၆။ ခရစ္စတီယာနို ရော်နယ်ဒို (ပေါ်တူဂီ)

အသက် ၄၁ နှစ် အရွယ် ရော်နယ်ဒိုက သမိုင်းတစ်လျှောက် ၆ ကြိမ်မြောက် ကမ္ဘာ့ဖလား အဖြစ် မက်ဆီ၊ အိုချိုအာ တို့နဲ့ အတူ ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ရော်နယ်ဒို ကစားနေတဲ့ ဆော်ဒီပရိူလိဂ်က အဆင့်နိမ့်ပေမယ့်လည်း ပေါ်တူဂီ အသင်း မှာတော့ ချန်ပီယံ ဖြစ်ဖို့ ၇% (ပဥ္စမမြောက် ရေပန်းအစားဆုံး) ရှိတဲ့ တောင့်တင်းသော လူစာရင်း ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် ၈ ပွဲမှာ ဂိုး/ဂိုးဖန်တီးမှု လုံးဝ မရှိသေးတဲ့ စံချိန်ဆိုးကို ဖြတ်ကျော်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါ်တူဂီမှာ ပြီးခဲ့တဲ့ ရာသီက ဂိုးဖန်တီးမှု ၂၁ ကြိမ် ပြုလုပ်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်လို တောက်ပသူတွေ ရှိနေပါတယ်။
ရွှေဘောလုံးဆုကို မျှော်လင့်နိုင်တဲ့ တခြားသော ကစားသမားများ
သမိုင်းမှာ ၂၀၀၂ ခုနှစ်က အိုလီဗာခန်းနဲ့ ၂၀၁၀ ပြည့်နှစ်က ဒီယေဂို ဖော်လန် တို့လို မျှော်လင့်မထားသူတွေ ရရှိခဲ့ဖူးတာကြောင့် အောက်ပါ ကစားသမားတွေ ကိုလည်း ချန်လှပ်ထားလို့ မရနိုင်ပါဘူး။
လူးဝစ် ဒီးယက်ဇ်နဲ့ ဂျိမ်းစ် ရိုဒရီဂွက်ဇ် (ကိုလံဘီယာ) – ဒီးယက်ဇ်ဟာ ခြေစစ်ပွဲမှာ ၇ ဂိုး သွင်းခဲ့ပြီး၊ ၂၀၂၄ ကိုပါအမေရိက အကောင်းဆုံး ကစားသမား ရိုဒရီဂွက်ဇ်က ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ခဲ့ပါတယ်။
မိုက်ကယ် အိုလီဆေး (ပြင်သစ်) – ဘေယန်မြူးနစ် အတွက် ဘွန်ဒက်စ်လီဂါမှာ ၁၅ ဂိုးသွင်း၊ ၁၉ ကြိမ် ဖန်တီးထားပြီး အခုလည်း ခြေစမ်းပွဲတွေမှာ ဂိုးတွေ မြူးနေပါတယ်။
အားလင်း ဟာလန်း (နော်ဝေ) – ဂိုးသွင်းစက်တစ်လုံး ဖြစ်တာကြောင့် လျှော့တွက်လို့ မရပါဘူး။
ကီဗင် ဒီဘရွန်းနားနဲ့ ဂျရယ်မီ ဒိုကု (ဘယ်လ်ဂျီယံ) – အသင်း အနေနဲ့ အမြင်ဆုံး အဆင့်တွေကို ရောက်ရင်တော့ အခွင့်အရေး ရှိနေပါတယ်။
ဂျမဲလ် မူစီအာလာနဲ့ ဖလော်ရီယန် ဗစ်ဇ် (ဂျာမနီ) – ဂျာမနီရဲ့ ထိပ်တန်း ဖန်တီးရှင်တွေ ဖြစ်တာကြောင့် မျှော်လင့်ချက် ရှိနေကြပါလိမ့်မယ်။
သေချာတာ ကတော့ ၂၀၂၆ ကမ္ဘာ့ဖလား ရွှေဘောလုံးဆု ပြိုင်ပွဲဟာ သမိုင်းတစ်လျှောက် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


