နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ပွဲပြီးခါနီး အိုင်ဟန်ရဲ့ သွင်းဂိုးနဲ့အတူ ပူးတွဲအိမ်ရှင် အမေရိကန်ကို တူရကီ အံ့အားသင့်ဖွယ် အနိုင်ရရှိ | ကမ္ဘာ့ဖလား

ပူးတွဲ အိမ်ရှင် အမေရိကန် အသင်း အတွက်တော့ အုပ်စု နောက်ဆုံးပွဲမှာ တကယ့်ကို နှမြောစရာ ကောင်းတဲ့ ရလဒ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ကမ္ဘာ့ဖလား အုပ်စု (D) ရဲ့ နောက်ဆုံး ပွဲစဉ် အဖြစ် လော့စ်အိန်ဂျလိစ်မှာ ကစားခဲ့တဲ့ ပွဲမှာ တူရကီရဲ့ လူစားဝင် ကစားသမား ကန်း အိုင်ဟန်က ပွဲပြီးခါနီး အနိုင်ဂိုး သွင်းယူသွားခဲ့လို့ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် အမေရိကန်ရဲ့ ကမ္ဘာ့ဖလား အုပ်စုတွင်း ရှုံးပွဲ မရှိစံချိန်လည်း ကျိုးပျက်သွားခဲ့ရပါတယ်။

အမေရိကန် အသင်းဟာ အုပ်စုပထမနေရာ သေချာနေခဲ့တာကြောင့် နည်းပြ မော်ရီစီယို ပိုချက်တီနိုဟာ ဩစတြေးလျကို အနိုင်ရခဲ့တဲ့ ပွဲက လူစာရင်းထဲကနေ ဝက်စတန် မက်ကင်နီနဲ့ ရီကာဒို ပက်ပီ နှစ်ယောက် ကိုပဲ ချန်ပြီး လူစာရင်းကို အကြီးအကျယ် အပြောင်းအလဲ လုပ်ကာ ပွဲထွက်လာခဲ့ပါတယ်။

ပွဲက စစချင်းမှာတင် တော်တော်လေး အရှိန်အဟုန် ပြင်းခဲ့ပြီး ပွဲစလို့ ၁၀ မိနစ်အတွင်း မှာတင် နှစ်ဖက်စလုံး ဂိုးတွေ ရခဲ့ကြပါတယ်။ ပွဲချိန် ၃ မိနစ်မှာပဲ အမေရိကန်တို့ ရရှိတဲ့ ထောင့်ကန်ဘောက တစ်ဆင့် အော်စတွန် ထရက်စ်တီက အပိုင်ကန်သွင်းပြီး ပူးတွဲ အိမ်ရှင်တွေကို ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘာရစ် အယ်လ်ပါ ယီမက်ဇ် ရဲ့ လှပတဲ့ နောက်ပြန်ပေးပို့မှု ကနေ တစ်ဆင့် အာဒါ ဂူလာက ဂိုးသမား မတ် တန်နာကို ကျော်ဖြတ်ပြီး ဘယ်ခြေနဲ့ လှလှပပ ကန်သွင်းကာ ချေပဂိုး ပြန်လည် ရယူခဲ့ပါတယ်။ ဒါဟာ တူရကီ အသင်း အနေနဲ့ ဒီနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွင်း ကန်ချက် ၆၃ ကြိမ်မြောက်မှာမှ ပထမဆုံး ရရှိခဲ့တဲ့ သွင်းဂိုးလည်း ဖြစ်ပါတယ်။

အဲဒီနောက် အမေရိကန်တို့ နောက်ထပ် ဂိုးတစ်ဂိုး ရခဲ့သေးပေမယ့် လူကျွံဘော ဖြစ်လို့ ပယ်ဖျက်ခြင်း ခံခဲ့ရပါတယ်။ ပွဲချိန် ၃၁ မိနစ် မှာတော့ ဂူလာ ပါဝင်တဲ့ တူရကီ တို့ရဲ့ အကွက်စုံ တိုက်စစ်ဆင်မှု ကနေ တစ်ဆင့် အော်ကွန် ကိုကူ ကန်လိုက်တဲ့ ဘောလုံးဟာ ယီမက်ဇ်ရဲ့ ဒူးနဲ့ထိပြီး လမ်းကြောင်းပြောင်းကာ ဂိုးထဲဝင်သွားခဲ့လို့ တူရကီတို့ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ထရက်စ်တီ သွင်းခဲ့တဲ့ အဖွင့်ဂိုးဟာ ပွဲစလို့ ၂ မိနစ်နဲ့ ၁၃ စက္ကန့်မှာတင် ရခဲ့တာဖြစ်လို့ အမေရိကန်ရဲ့ ကမ္ဘာ့ဖလား သမိုင်းမှာ ဒုတိယ အမြန်ဆုံး သွင်းဂိုး ဖြစ်လာခဲ့ပါတယ်။
ရှုံးထွက်အဆင့်မှာ ဘော့စနီးယားနဲ့ ရင်ဆိုင်ရမယ့် အမေရိကန်

ဒုတိယပိုင်းအစ ၄၉ မိနစ်မှာ အမေရိကန်တို့ ချေပဂိုး ပြန်ရခဲ့ပါတယ်။ တူရကီ နောက်ခံလူတွေ ဖျက်ထုတ်လိုက်လို့ ဂိုးဧရိယာ အပြင်ဘက် ရောက်လာတဲ့ ဘောလုံးကို ဆီဘက်စတီယန် ဘာဟော်တာက အပြင်း ကန်သွင်းပြီး ၂ ဂိုး ၂ ဂိုး ဖြစ်စေခဲ့တာပါ။ အဲဒီနောက် ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ အမေရိကန် ကြယ်ပွင့် ခရစ်ရှန် ပူလီဆစ်ခ် လူစားဝင်လာခဲ့ပြီး ၅ မိနစ် အတွင်း မှာတင် ဂိုးရမယ့် အခွင့်အရေး နှစ်ကြိမ်ရခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယအကြိမ် ကန်ချက်ဟာ တကယ့်ကို ဂိုးဝင်လုနီးပါး ဖြစ်ခဲ့ပေမယ့် တူရကီ ဂိုးသမား အူဂါချန် ချက်ကာ လက်စွမ်းပြ ပုတ်ထုတ်နိုင်ခဲ့လို့ တိုင်ထိထွက်ခဲ့ရပါတယ်။

တစ်ဖက်မှာလည်း တူရကီရဲ့ ကီနန် ယီလ်ဒစ်ရဲ့ ကန်ချက် လွဲချော်ခဲ့လို့ ရင်ခုန်ခဲ့ရပါသေးတယ်။ ဒါပေမယ့် ပွဲချိန် ၉၈ မိနစ် မှာတော့ ဂျန် အူဇွန်ရဲ့ ဖြတ်တင်ဘောကို လူစားဝင် ကစားသမား အိုင်ဟန်က လှမ်းပိတ်ပြီး သွင်းယူပေးခဲ့တာကြောင့် တူရကီတို့ ၃ မှတ်လုံး အပိုင်သိမ်းသွားခဲ့ပြီး ကယ်လီဖိုးနီးယား ကွင်းကြီး တစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အမေရိကန် အသင်းဟာ ပြီးခဲ့တဲ့ပွဲနဲ့ စာရင် ပွဲထွက်လူစာရင်းကို ၉ ယောက် အထိ ပြောင်းလဲခဲ့ပါတယ်။ ကမ္ဘာ့ဖလား သမိုင်းမှာ တစ်ပွဲနဲ့ တစ်ပွဲ အကြား ဒီထက်လူစာရင်း ပိုပြောင်းခဲ့တာ ၃ ကြိမ်ပဲ ရှိဖူးပါတယ်။ ၂၀၀၆ မှာ စပိန် ၁၁ ယောက်၊ ၂၀၁၈ မှာ ဘယ်လ်ဂျီယံ ၁၀ ယောက်နဲ့ ၂၀၂၂ မှာ ဘရာဇီးလ် ၁၀ ယောက် တို့ပဲ ဖြစ်ပါတယ်။

ထရက်စ်တီ သွင်းခဲ့တဲ့ အဖွင့်ဂိုးဟာ ပွဲစလို့ ၂ မိနစ်နဲ့ ၁၃ စက္ကန့်မှာတင် ရခဲ့တာဖြစ်လို့ အမေရိကန်ရဲ့ ကမ္ဘာ့ဖလား သမိုင်းမှာ ဒုတိယ အမြန်ဆုံး သွင်းဂိုး ဖြစ်လာခဲ့ပါတယ်။ ပထမ ဂိုး ကတော့ ၂၀၁၄ တုန်းက ဂါနာကို ၃၀ စက္ကန့်နဲ့ သွင်းခဲ့တဲ့ ကလင့်ပ် ဒမ့်ပ်ဆေး ဖြစ်ပါတယ်။ တူရကီအသင်းဟာ ပြီးခဲ့တဲ့ နှစ်ပွဲလုံးမှာ ကန်ချက် ၆၂ ကြိမ် ရှိခဲ့ပေမယ့် တစ်ဂိုးမှ မရခဲ့ဘဲ၊ ဒီပွဲ မှာတော့ သူတို့ရဲ့ ပထမဆုံး ကန်ချက် နှစ်ကြိမ်လုံးကို ဂိုး အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

အမေရိကန် အသင်းဟာ ပထမပိုင်းနဲ့ ဒုတိယပိုင်း နှစ်ခုစလုံးရဲ့ အစ ၄ မိနစ် အတွင်းမှာ ဂိုးသွင်းနိုင်တဲ့ အသင်း ဖြစ်လာခဲ့ပြီး၊ အခုပြိုင်ပွဲမှာ သွင်းဂိုး ၈ ဂိုးအထိ ရှိလာတာဟာ သူတို့ရဲ့ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းနိုင်တဲ့ စံချိန်သစ်လည်း ဖြစ်ပါတယ်။ ရှုံးနိမ့်ခဲ့ပေမယ့် အမေရိကန် အသင်းဟာ ရမှတ် ၆ မှတ်နဲ့ အုပ်စု ပထမရကာ ၃၂ သင်း အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီး ဘော့စနီးယား-ဟာဇီဂိုဗီးနား အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ ဒါပေမယ့် အမေရိကန်တို့ အနေနဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ပွဲ ၂၀ မှာ ဥရောပ အသင်းတွေကို ၁ ပွဲပဲ နိုင်ဖူးတဲ့ မှတ်တမ်းဆိုးရှိနေလို့ နောက်တဆင့် မှာတော့ ဒီထက်ပိုပြီး အာရုံစိုက် ကစားရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်