နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကမ္ဘာ့ဖလား ပလေးအော့ဖ် အတွက် ပြင်ဆင်နေတဲ့ အီတလီက အကောင်းမြင်စိတ်နဲ့ ရှေ့ဆက်မယ်လို့ ဆိုလိုက်တဲ့ တိုနာလီ

အီတလီ လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို သုံးကြိမ် ဆက်တိုက် လွဲချော်မယ့် အရေး ကနေ ကာကွယ်ဖို့ ကြိုးပမ်းနေရပါတယ်။ ဒီအခြေအနေကို ကျော်ဖြတ်နိုင်ဖို့ အတွက် ဆိုရင်တော့ ဒီလနှောင်းပိုင်း မြောက်အိုင်ယာလန်နဲ့ ရင်ဆိုင်ရမယ့် ပလေးအော့ဖ် ဆီမီးဖိုင်နယ် ပွဲစဉ်ကို အရင်ဆုံး ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

လက်ရှိမှာ အီတလီ အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု (I) မှာ နော်ဝေ အသင်းရဲ့ အနောက် ဒုတိယနေရာ နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အုပ်စုဗိုလ် နော်ဝေ အသင်းက ပွဲတိုင်း အနိုင်ရပြီး ခြေစွမ်းပြခဲ့တာကြောင့် အီတလီ တို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ဝင်ခွင့် ရဖို့ အတွက် ပလေးအော့ဖ်အဆင့်ကို သုံးကြိမ် ဆက်တိုက် ဆင်းကစားခဲ့ရတာ ဖြစ်ပါတယ်။

အီတလီဟာ ၂၀၁၈ ခုနှစ်မှာ ဆွီဒင်ကို ရှုံးပြီး ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့သလို၊ ၂၀၂၂ ခုနှစ် မှာလည်း မြောက်မက်ဆီဒိုးနီးယားကို ရှုံးပြီး ထပ်မံ လွဲချော်ခဲ့ဖူးပါတယ်။ ဒါကြောင့် အခုတစ်ကြိမ် မှာတော့ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို တို့မှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို အရောက် လှမ်းနိုင်ဖို့ တိုနာလီက စိတ်ပိုင်းဖြတ်ထားပါတယ်။

ဒီတော့ အီတလီ အနေနဲ့ ဒီတစ်ကြိမ် ကမ္ဘာ့ဖလားကို အရောက်လှမ်းနိုင်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ပလေးအော့ဖ်နဲ့ နည်းပြ ဂတ်တူဆို အပေါ် သုံးသပ် ပြောဆိုလိုက်တဲ့ တိုနာလီ

ဒါကြောင့် နယူးကာဆယ် ကွင်းလယ်လူ တိုနာလီက အခုလိုပဲ Sky Sport Italia ကို ပြောကြားလာခဲ့ပါတယ်။ “ဒီလက (နယူးကာဆယ်နဲ့) ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ပွဲတွေကြောင့် တော်တော်လေး အလုပ်များမယ့် လပါပဲ။ မတ်လကုန်မှာ ကျွန်တော်တို့ စိတ်အားထက်သန်စွာ စောင့်မျှော်နေတဲ့ အလွန်အရေးကြီးတဲ့ အရာ တစ်ခု ရှိနေပါတယ်။ ဒါဟာ ကျွန်တော်တို့ အတွက် အကြီးမားဆုံး ပွဲစဉ်တွေ ထဲက တစ်ခု ဖြစ်လာမှာ ဖြစ်လို့ အမှားအယွင်း မရှိ ကစားရပါမယ်။ ဖိအားတွေ ရှိနေပေမယ့် ကျွန်တော် ကတော့ အကောင်းမြင်စိတ်နဲ့ပဲ ကြည့်ချင်ပါတယ်။ ဒါဟာ ဘောလုံး လောကရဲ့ လှပတဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။” လို့ တိုနာလီက ဆိုပါတယ်။

အဲဒီနောက် တိုနာလီက နည်းပြ ဂျန်နာရို ဂတ်တူဆိုနဲ့ ပတ်သတ်ပြီးတော့လည်း “သူ့ရဲ့ ကစားသမားဘဝ ကတည်းက ကျွန်တော် သဘောကျတဲ့ အချက်တွေကို အတုယူခဲ့တာပါ။ သူ့ကို လူကိုယ်တိုင် မသိခင် ကတည်းက သူက ကျွန်တော့် အပေါ် သြဇာ အရှိဆုံးသူ ဖြစ်ခဲ့ပါတယ်။ သူနဲ့ ဆုံပြီးတဲ့ နောက်မှာ သူဟာ တကယ့်ကို စစ်မှန်တဲ့သူ တစ်ယောက် ဆိုတာ သိခဲ့ရတယ်။ သူ တစ်ခုခု ပြောဖို့ လိုအပ်လာရင် မျက်နှာချင်းဆိုင် အချိန်မဆိုင်းဘဲ ပြောတတ်တယ်။ ဒါဟာ ကျွန်တော်တို့ အတွက် ကောင်းပါတယ်။ အခြေအနေတွေ မကောင်းတဲ့ အခါမျိုးမှာ ကျွန်တော် တို့ကို တည့်တည့်မတ်မတ် ပြောဆို လမ်းညွှန်ပေးမယ့်သူမျိုး လိုအပ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

၂၀၀၆ ကမ္ဘာ့ဖလား ချန်ပီယံဟောင်း ဂျန်နာရို ဂတ်တူဆိုဟာ အီတလီ လက်ရွေးစင် အသင်းကို ကမ္ဘာ့ဖလားဆီ ပြန်လည် ပို့ဆောင်ပေးဖို့ တာဝန်ယူထားရသူ ဖြစ်ပါတယ်။ တိုနာလီက ဂတ်တူဆိုဟာ သူ့ရဲ့ အကြီးမားဆုံး စံပြ ပုဂ္ဂိုလ် ဖြစ်ကြောင်း အခုလို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အီတလီဟာ မတ်လ ၂၆ ရက်နေ့မှာ မြောက်အိုင်ယာလန်နဲ့ ကစားရမှာ ဖြစ်ပြီး အဲဒီပွဲမှာ အနိုင်ရတဲ့ အသင်းဟာ ဝေးလ်စ် သို့မဟုတ် ဘော့စနီးယားတို့ နှစ်သင်းထဲက အနိုင်ရတဲ့ အသင်းနဲ့ ကမ္ဘာ့ဖလား ဝင်ခွင့် အတွက် နောက်ဆုံးအဆင့် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီတော့ အီတလီ အနေနဲ့ ဒီတစ်ကြိမ် ကမ္ဘာ့ဖလားကို အရောက်လှမ်းနိုင်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်