ဘရာဇီးလ် – ဂျပန်
၂၀၂၆ လာမယ့် တနင်္လာနေ့ မှာတော့ ကမ္ဘာ့ဖလားရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ် တစ်ပွဲ အဖြစ် ဘရာဇီးလ်နဲ့ ဂျပန်တို့ ထိပ်တိုက်တွေ့ဆုံတော့မှာ ဖြစ်ပါတယ်။ ဟူစတန်မြို့က NRG Stadium မှာ ယှဉ်ပြိုင်မယ့် ဒီပွဲဟာ အုပ်စု (C) မှာ ပထမ ရရှိခဲ့တဲ့ ဘရာဇီးလ်နဲ့ အုပ်စု (F) မှာ ဒုတိယရခဲ့တဲ့ ဂျပန် တို့ရဲ့ ပွဲစဉ် ဖြစ်ပြီး၊ အနိုင်ရတဲ့ အသင်း ကတော့ ၁၆ သင်းအဆင့်မှာ အိုင်ဗရီကို့စ် သို့မဟုတ် နော်ဝေ အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဘရာဇီးလ်
“ ပွဲအစထက် ပွဲအဆုံးက ပိုအရေးကြီးတယ်” ဆိုတဲ့ စကားအတိုင်း ဘရာဇီးလ် အသင်းဟာ အုပ်စု အဖွင့်ပွဲမှာ မော်ရိုကိုနဲ့ ၁-၁ သရေကျပြီး စိတ်ပျက်စရာ စတင်ခဲ့ရပေမယ့် နောက်ပိုင်း မှာတော့ ဆရာကျကျ ရုန်းထွက်ပြနိုင်ခဲ့ပါတယ်။ အုပ်စု နောက်ဆုံး နှစ်ပွဲစလုံးမှာ ဟေတီနဲ့ စကော့တလန် တို့ကို ၃-၀ ဂိုးစီနဲ့ အပြတ်အသတ် အနိုင်ယူခဲ့ပြီး၊ အဲဒီပွဲတွေမှာ ဗင်နီးစီးယပ်စ် ဂျူနီယာနဲ့ မားသီးယပ်စ် ကူညာ တို့က အဓိက အစွမ်းပြခဲ့ကြပါတယ်။ ရလဒ် အနေနဲ့ နည်းပြ ကာလို အန်ဆယ်လော့တီရဲ့ အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် တက်ခဲ့တဲ့ မော်ရိုကို အသင်းကို ဂိုးကွာခြားချက် အသာနဲ့ ကျော်ဖြတ်ပြီး အုပ်စု ပထမနဲ့ နောက်တစ်ဆင့် တက်လာခဲ့တာပါ။
ကမ္ဘာ့ဖလား ၅ ကြိမ် ချန်ပီယံ ဘရာဇီးလ်ဟာ ၁၉၈၂ ခုနှစ် နောက်ပိုင်း ကမ္ဘာ့ဖလား အုပ်စု အဆင့် ကနေ လှည့်ပြန်ခဲ့ရတာမျိုး တစ်ကြိမ်မှ မရှိသေးပါဘူး။ သူတို့သာ အခုအတိုင်း အရှိန်အဟုန် ကောင်းကောင်းနဲ့ ဆက်သွားနိုင်ရင် ဆီမီးဖိုင်နယ်မှာ လက်ရှိ ချန်ပီယံ အာဂျင်တီးနားနဲ့ ထိပ်တိုက်တွေ့မယ့်ပွဲက “စူပါကလက်ဆီကို” လို့ ခေါ်တဲ့ ပွဲကြီး ပွဲကောင်း ဖြစ်လာဖို့ ရှိနေပါတယ်။
ဘရာဇီးလ်ဟာ အစောပိုင်း ကစားခဲ့တဲ့ ၁၂ ပွဲမှာ ၅ ပွဲသာ နိုင်ခဲ့လို့ ဝေဖန်ခံခဲ့ရပေမယ့်၊ အခု နောက်ဆုံး ကစားခဲ့တဲ့ ၆ ပွဲမှာ ၅ ပွဲ အထိ ပြန်လည် အနိုင်ရရှိထားပြီး လိုအပ်တဲ့အချိန်မှာ ပုံစံကောင်း ပြန်ရနေပါပြီ။ ခံစစ်ပိုင်း မှာလည်း ဟေတီနဲ့ ပွဲမတိုင်ခင် ၆ ပွဲ ဆက်တိုက် ဂိုးပေးခဲ့ရပေမယ့် အခုနောက်ဆုံး နှစ်ပွဲ မှာတော့ ဂိုးမပေးရအောင် ထိန်းထားနိုင်ခဲ့ပါတယ်။
ဂျပန်
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဂါဘရီရယ် မက်ဂါဟေးစ် မာကွင်ညော့စ်တို့ မပါဝင်တဲ့ ဘရာဇီးလ် ခံစစ်ကို ဂျပန် အသင်းက ၃-၂ ဂိုးနဲ့ အနိုင်ယူပြီး ဘရာဇီးလ် အပေါ် ပထမဆုံးအကြိမ် သမိုင်းဝင် နိုင်ပွဲ ရရှိခဲ့ဖူးပါတယ်။ နည်းပြ ဟာဂျီမဲ မိုရိယာဆု ရဲ့ ဂျပန် အသင်းဟာ အဲဒီပွဲတင်မကဘဲ ၂၀၂၆ ခုနှစ် အတွင်းမှာ အင်္ဂလန်ကို အနိုင်ရရှိခဲ့သလို၊ နယ်သာလန် ကိုလည်း သရေ ကစားထားနိုင်ခဲ့လို့ ဒီနှစ် ကမ္ဘာ့ဖလားရဲ့ ဖျက်မြင်း ဖြစ်လာနိုင်ကြောင်း သက်သေပြနေပါတယ်။
ဂျပန်အသင်းဟာ ဇွန် ၂၅ ရက်က ကစားခဲ့တဲ့ ဆွီဒင်နဲ့ပွဲမှာ ၁-၁ သရေကျခဲ့လို့ အုပ်စု (F) ရဲ့ ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ဂျပန် ဂိုးသမား ဇီယွန် ဆူဇူကီးရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့်သာ သရေရလဒ်ကို ထိန်းထားနိုင်ခဲ့တာပါ။ ဆွီဒင် တိုက်စစ်မှူး အန်သိုနီ အီလန်ဂါ သွင်းယူခဲ့တဲ့ အဲဒီဂိုးဟာ ဂျပန် အသင်း နောက်ဆုံး ကစားခဲ့တဲ့ မိနစ် ၅၄၀ အတွင်းမှာမှ ၃ ဂိုးမြောက် ပေးလိုက်ရတဲ့ ဂိုး ဖြစ်လို့ ခံစစ်ပိုင်း ကတော့ တော်တော်လေး စိတ်ချရတဲ့ အနေအထားမှာ ရှိပါတယ်။

ဂျပန် အသင်း အတွက် အဓိက စိန်ခေါ်မှု ကတော့ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အမျိုးသား ဘောလုံး ပြိုင်ပွဲတွေမှာ ရှုံးထွက်ဆင့် ပွဲစဉ်ကို တစ်ကြိမ်မှ မနိုင်ဖူးသေးတဲ့ ကျိန်စာ ရှိနေတာပါပဲ။ သူတို့ဟာ ၂၀၀၂၊ ၂၀၁၀၊ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ၁၆ သင်း အဆင့် အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ရှုံးထွက် ပွဲတွေမှာ ဆက်တိုက် ရှုံးနိမ့်ခဲ့ရဖူးပါတယ်။
ဒီတစ်ကြိမ် မှာတော့ ဂျပန်တို့ အနေနဲ့ ဘရာဇီးလ်လို အသင်းကြီးကို ကျော်ဖြတ်ပြီး သူတို့ကို အမြဲခြောက်လှန့်နေတဲ့ အဲဒီရှုံးထွက်အဆင့် ကျိန်စာကို ချေဖျက်နိုင်မလား၊ ဒါမှမဟုတ် ၅ ကြိမ်မြောက် ချန်ပီယံ ဘရာဇီးလ်ကပဲ သူတို့ရဲ့ အရှိန်အဟုန်ကို ဆက်ထိန်းသွားမလား ဆိုတာ တနင်္လာနေ့ညမှာ ရင်ခုန်စွာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘရာဇီးလ် – အလီဆွန်၊ ဒန်နီလို၊ မာကွင်ညော့စ်၊ ဂါဘရီရယ်၊ ဆန်းတို့စ်၊ ဂီမာရေးစ်၊ ကက်စ်မဲရိုး၊ ရေယန်၊ ပက်ကေးတား၊ ဗင်နီးစီးယပ်စ်၊ ကူညာ
ဂျပန် – ဆူဇူကီး၊ အီတို၊ တိုမီယာဆု၊ အီတာကူရာ၊ ဒိုအန်၊ ဆာနို၊ တာနာကာ၊ နာကာမူရာ၊ ကာမာဒါ၊ မာအီဒါ၊ ယူအီဒါ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဂျပန် အသင်းနဲ့ နောက်ဆုံး တွေ့ခဲ့တဲ့ ခြေစမ်းပွဲ မှာတော့ ဘရာဇီးလ် ခံစစ်က အကြီးအကျယ် အခြေအနေ ဆိုးရွားခဲ့ဖူးတာ ကိုတော့ သတိထားရပါလိမ့်မယ်။ ဒီနှစ်သင်းက နောက်ဆုံး ၇ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘရာဇီးလ်က ၆ ကြိမ် နိုင်ပြီး ဂျပန်က ၁ ကြိမ် အနိုင်ရထားပါတယ်။ ကမ္ဘာ့ဖလား တစ်ကြိမ် တွေ့ဆုံထားခဲ့ရာ မှာတော့ ၁-၄ ရလဒ်နဲ့ ဘရာဇီးလ်က အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘရာဇီးလ် နိုင်ရင် ၁.၇၃ ဆ၊ ဂျပန် နိုင်ရင် ၄.၈၃ ဆ၊ သရေ ဆိုရင်တော့ ၃.၆၂ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ဘရာဇီးလ် ဘက်ကပဲ ကြေးဖွင့်ထားပြီး ဘွတ်ကီတွေ အနေနဲ့ ဆမ်ဘာတွေ ကျိန်းသေပေါက် အနိုင်ရမယ်လို့ တွက်ဆထားပုံပါပဲ။ အန်ဆယ်လော့တီရဲ့ ဦးဆောင်မှုနဲ့ ဘရာဇီးလ်က အကောင်းဆုံး ပုံစံ မရသေးပေမယ့် လက်တလောမှာတော့ တစ်ပွဲထက် တစ်ပွဲ ပိုကောင်းတဲ့ ပုံစံကို ပြသလာနိုင်ပါတယ်။ တစ်ဖက်က ဂျပန် ကလည်း အဆိပ်ရှိတဲ့ အသင်းတစ်သင်း ဖြစ်တာကြောင့် ဘရာဇီးလ်တို့ လျှော့တွက်ရင် မှားသွားပါလိမ့်မယ်။ ဘရာဇီးလ်နဲ့ ဘက်မှာပဲ ရပ်တည်ရမှာ ဖြစ်ပေမယ့် အချိန်ပိုထိ ရောက်သွားနိုင်တာ ကိုလည်း သတိပြုရပါလိမ့်မယ်။
ခန့်မှန်းရလဒ်
ဘရာဇီးလ် ၂-၁ ဂျပန်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


