နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ဩစတြီးယားကို အကောင်းဆုံး ကျော်ဖြတ်ပြီး ပေါ်တူဂီနဲ့ ရင်ဆိုင်ရတော့မယ့် စပိန် | ကမ္ဘာ့ဖလား

လော့စ်အိန်ဂျလိစ် ကွင်းကြီးထဲမှာ ကစားခဲ့တဲ့ စပိန်နဲ့ သြစတြီးယား တို့ရဲ့ ကမ္ဘာ့ဖလား ၃၂ သင်း အဆင့် ရှုံးထွက် ပွဲစဉ် မှာတော့ လက်ရှိ ဥရောပချန်ပီယံ စပိန်အသင်းဟာ ဂိုးမသွင်းနိုင်တာ ကြာပြီ ဖြစ်တဲ့ ကမ္ဘာ့ဖလား ရှုံးထွက် အဆင့် ဂိုးငတ်မွတ်မှုကို အကောင်းဆုံး ချေဖျက်ပြီး သြစတြီးယားကို ၃ ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ယူကာ ၁၆ သင်းအဆင့်ကို တက်လှမ်းသွားခဲ့ပါပြီ။ စပိန် အသင်းဟာ ကမ္ဘာ့ဖလား နောက်တစ်ဆင့်မှာ ခရိုအေးရှားကို အနိုင်ရခဲ့တဲ့ ပေါ်တူဂီ အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။

ဒီပွဲမှာ စပိန်အတွက် မီခဲလ် အိုယာဇာဘယ်က ၂ ဂိုး သွင်းယူခဲ့ပြီး ပတ်ဒရို ပေါ်ရိုက ၁ ဂိုး သွင်းပေးခဲ့တာပါ။ အစပိုင်း ပထမ ၅ မိနစ် မှာတော့ စပိန်တို့ ပေးပို့မှု ၁၅ ကြိမ်ပဲ လုပ်နိုင်ခဲ့လို့ ၂၀၁၄ နောက်ပိုင်း သူတို့ရဲ့ ကမ္ဘာ့ဖလား ပွဲစတင်ချိန် ပေးပို့မှု အနည်းဆုံး စံချိန်ဖြစ်ခဲ့ပေမယ့်၊ ပွဲကိုတော့ တောက်လျှောက် ဖိအားပေး ကစားသွားခဲ့ပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာ စပိန် နောက်ခံလူ ကူကူရယ်လာက ကန်သွင်းပြီး ဂိုးရခဲ့ပေမယ့် ကူဘာဆီက သြစတြီးယား ဂိုးသမား ဆလဂါကို ဖောက်ဖျက် ကျူးလွန်ခဲ့တယ် ဆိုပြီး ဒိုင်လူကြီးက ဂိုးအဖြစ် မသတ်မှတ်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဒါပေမယ့် ပွဲချိန် ၃၅ မိနစ် မှာတော့ ကူကူရယ်လာရဲ့ ဖြတ်တင်ဘော ကနေ အိုယာဇာဘယ်က အပိုင်ပိတ်သွင်းပြီး စပိန် အတွက် ဦးဆောင်ဂိုး ရှာဖွေပေးခဲ့ပါတယ်။ ပထမပိုင်း မပြီးခင်မှာ စပိန်တို့ ထပ်ဆင့် ကန်ချက်တွေကို သြစတြီးယား ဂိုးသမား လက်စွမ်းပြ ကာကွယ်သွားခဲ့လို့ ၁ ဂိုး ဂိုးမရှိနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် မိနစ် ၆၀ မှာ သြစတြီးယား ဘက်က လူစားဝင်လာတဲ့ တိုက်စစ်မှူး ကာလတ်ဂျစ် အပိုင်ခေါင်းတိုက်ခွင့်ရပေမယ့် လွဲချော်ခဲ့လို့ ချေပဂိုးနဲ့ ဝေးခဲ့ရပါတယ်။ အဲဒီအမှား အတွက် သြစတြီးယားတို့ ပေးဆပ်ခဲ့ရပြီး ပွဲချိန် ၆၆ မိနစ်မှာ အဲလက်စ် ဘေနာရဲ့ ဘယ်ခြေဖြတ်တင်ဘော ကနေ ပေါ်ရိုက အလန်းစား ခေါင်းတိုက် သွင်းယူပြီး စပိန် အတွက် ဒုတိယဂိုး ရယူခဲ့ပါတယ်။ ပွဲပြီးခါနီး ၈၉ မိနစ် မှာတော့ ကူကူရယ်လာနဲ့ အိုယာဇာဘယ်တို့ အတွဲအဖက် ကနေပဲ အိုယာဇာဘယ်က စပိန် အတွက် တတိယမြောက် ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

 

စပိန် တို့ရဲ့ စံချိန်မှတ်တမ်းကောင်းများ

ဒီပွဲမှာ စပိန် အသင်းဟာ အပိုင်ကန်ချက် ၂၃ ကြိမ်၊ မျှော်မှန်းဂိုး (xG) ၂.၈၄ အထိ ရှိခဲ့ပြီး ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲ ဘောလုံးထိချက် ၅၁ ကြိမ် အထိ ရှိခဲ့ကာ သြစတြီးယား ကိုတော့ ဂိုးပေါက်တည့် ကန်ချက် တစ်ကြိမ်မှကို ပေးမကန်ခဲ့ပါဘူး။

စပိန် အသင်း အတွက် အိုယာဇာဘယ်ရဲ့ အဖွင့်ဂိုးဟာ ၂၀၁၀ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတုန်းက အင်နီယေစတာ သွင်းခဲ့တဲ့ ဂိုးပြီးရင် ၁၆ နှစ်အကြာမှ ပထမဆုံးအကြိမ် ပြန်လည် ရရှိတဲ့ ရှုံးထွက်အဆင့် သွင်းဂိုး ဖြစ်ပါတယ်။ ဒါ့အပြင် ပေါ်ရိုရဲ့ ဒုတိယဂိုးဟာ စပိန် အသင်း အနေနဲ့ ကမ္ဘာ့ဖလား ရှုံးထွက် ပွဲစဉ် တစ်ခုမှာ ၁၉၉၄ ခုနှစ် (လွန်ခဲ့တဲ့ ၃၂ နှစ်တိတိက ဆွတ်ဇာလန်ကို ၃-၀ နဲ့နိုင်ခဲ့တဲ့ပွဲ) နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် တစ်ပွဲတည်း ဂိုးအများအပြား သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂ ဂိုးသွင်းခဲ့တဲ့ အိုယာဇာဘယ် ဟာလည်း ၁၉၈၆ က ဘူထရာဂီနို နောက်ပိုင်း ကမ္ဘာ့ဖလား ရှုံးထွက်ပွဲမှာ စပိန် အတွက် တစ်ပွဲတည်း ၂ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

လူငယ်ကြယ်ပွင့် လာမင်း ယာမယ် ကတော့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ကွင်းအတွင်း အကောင်းဆုံး မွှေနှောက် ကစားပြခဲ့ပြီး၊ ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်ခုတည်းမှာ တစ်ပွဲအတွင်း ဘောလုံးဆွဲလှည့်မှု ၁၀ ကြိမ်နဲ့ အထက်၊ ပြိုင်ဘက် ဧရိယာထဲ ဘောလုံး ထိချက် ၁၄ ကြိမ် အထိ ပြုလုပ်နိုင်တဲ့ အသက်အငယ်ဆုံး (၁၈ နှစ်နဲ့ ၃၅၄ ရက်) စံချိန်တင် ကစားသမား ဖြစ်လာခဲ့ပါတယ်။

ခံစစ်ပိုင်းမှာလည်း စပိန်ဟာ ၂၀၀၆ က ဆွစ်ဇာလန် အသင်း ပြီးရင် ကမ္ဘာ့ဖလား ပထမဆုံး ၄ ပွဲစလုံး ဂိုးမပေးရဘဲ Clean Sheet ရတဲ့ ပထမဆုံး ဥရောပ အသင်း ဖြစ်လာခဲ့ပါတယ်။ ဂိုးသမား အူနိုင်း ဆီမွန် ဟာလည်း ကမ္ဘာ့ဖလား ၅ ပွဲ ဆက်တိုက် ဂိုးမပေးရတဲ့ စံချိန်ကို ၁၉၉၀ က အီတလီ ဂိုးသမား ဝေါ်တာ ဇန်ဂါနဲ့ အတူ ပူးတွဲ ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်