၂၀၂၆ ကမ္ဘာ့ဖလား မတိုင်ခင် နောက်ဆုံး ခြေစမ်းပွဲတွေ အဖြစ် စပိန် လက်ရွေးစင် အသင်းက ဆားဘီးယား၊ အီဂျစ် တို့နဲ့ ခြေစမ်းပွဲတွေ ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ်။ အဲဒီ ပွဲစဉ်တွေမှာ ဒင်းန် ဟောက်ဆန်က အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခွင့် ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဒင်းန် ဟောက်ဆန်က အခုနှစ် ကမ္ဘာ့ဖလား အတွက် စပိန် အသင်းရဲ့ လူစာရင်းမှာ အစားထိုး မရတဲ့ အနေအထားမျိုးမှာ ရှိမနေသေးကြောင်း ဝန်ခံထားပြီး ကလပ် အသင်း အဆင့်မှာ ပိုမို တိုးတက်လာစေဖို့ ရည်မှန်းနေတာ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ရှိပြီ ဖြစ်တဲ့ ဟောက်ဆန်ကို စပိန် နည်းပြ လူးဝစ္စ ဒီလာဖျူအန်တေးက မတ်လ နိုင်ငံတကာ ပွဲစဉ်တွေ ဖြစ်တဲ့ ဆားဘီးယား၊ အီဂျစ် တို့နဲ့ ပွဲ အတွက် ရွေးချယ်ထားတဲ့ ၂၇ ဦး လူစာရင်းထဲမှာ ထည့်သွင်းထားခဲ့ပါတယ်။
ဟောက်ဆန်ဟာ ပြီးခဲ့တဲ့ နှစ် စပိန် လက်ရွေးစင် အသင်း အတွက် ပွဲဦးထွက် ကစားပေးခဲ့ပြီးနောက် လက်ရှိမှာ ၆ ပွဲ ကစားပေးထားပြီး ဖြစ်ပါတယ်။ ဟောက်ဆန်က ဒီရာသီမှာ ဒဏ်ရာ ပြဿနာတွေကြောင့် ၁၀ ပွဲခန့် လွဲချော်ခဲ့ရပေမယ့်လည်း သူပါဝင်နိုင်တဲ့ ပွဲစဉ် ၃၇ ပွဲမှာ ၃၅ ပွဲ အထိ ရီးရဲလ်မက်ဒရစ် အတွက် ပွဲထွက် ကစားပေးထားပါတယ်။
၂၀၂၅-၂၀၂၆ ဘောလုံး ရာသီ အတွင်း ဒင်းန် ဟောက်ဆန်က ရီးရဲလ်မက်ဒရစ်မှာ ဗယ်လ်ဗာဒီ (၂,၃၅၉ ကြိမ်) နဲ့ ချူအာမန်နီ (၂,၄၃၅ ကြိမ်) တို့ ပြီးရင် ဘောလုံး ပေးပို့မှု အောင်မြင်မှု အများဆုံး အဖြစ် ၂,၁၂၅ ကြိမ် နဲ့ ရပ်တည်နေပါတယ်။ ဒါ့အပြင် သူက အန္တရာယ်ရှိတဲ့ ဘောလုံးတွေကို ဖျက်ထုတ်နိုင်မှု မှာလည်း ၁၇၃ ကြိမ်နဲ့ အသင်းတွင်း အများဆုံး စွမ်းဆောင်ထားနိုင်သူ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဘုန်းမောက် နောက်ခံလူဟောင်းက မက်ဒရစ်မှာ ၎င်း အနေနဲ့ အခုထက် ပိုပြီး ကောင်းမွန်အောင် စွမ်းဆောင်နိုင်သေးတယ်လို့ ယုံကြည်နေပြီး လက်ရွေးစင် အသင်း တာဝန် ထမ်းဆောင်နေစဉ် အတွင်းမှာလည်း အဲဒီခြေစွမ်းကို ဆက်လက် ထိန်းထားနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဒါကို ဟောက်ဆန်က သတင်းထောက်တွေနဲ့ အတွေ့မှာ အခုလိုပဲ ပြောကြားခဲ့ပါတယ်။

“လက်ရွေးစင် အသင်းမှာ ပါဝင်ခွင့် ရတဲ့ အတွက် အရမ်းဂုဏ်ယူပါတယ်။ ကိုယ့်နိုင်ငံကိုယ် ကိုယ်စားပြုရတာဟာ ဂုဏ်ယူစရာ တစ်ခုပါ။ ကျွန်တော့်ရဲ့ ပုံမှန်ခြေစွမ်းကို မပြနိုင်ခဲ့တဲ့ ကာလ တစ်ခု ရှိခဲ့တယ်လို့ ထင်ပါတယ်။ အခုတော့ အဲဒီခြေစွမ်းကို ပြန်ရနေပါပြီ။ မက်ဒရစ် မှာလည်း အသင်းလိုက် အခြေအနေ ကောင်းမွန်ပါတယ်။” လို့ ဟောက်ဆန်က ဆိုပါတယ်။
စပိန် လက်ရွေးစင် အသင်းက လာမယ့် သောကြာနေ့မှာ ဆားဘီးယားကို Estadio de la Ceramica ကွင်းမှာ ဧည့်ခံကစားမှာ ဖြစ်ပြီး ၃ ရက် အကြာမှာ အီဂျစ်နဲ့ RCDE Stadium မှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ဒီလာဖျူအန်တေးရဲ့ အသင်းက ပြီးခဲ့တဲ့ နိုဝင်ဘာလက ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံး ပွဲမှာ တူရကီနဲ့ ၂-၂ သရေကျခဲ့ထားခဲ့ပါတယ်။
စပိန် လက်ရွေးစင် အသင်းဟာ ပြိုင်ပွဲစုံ ၃၁ ပွဲဆက်တိုက် ရှုံးပွဲ မရှိ မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါဟာ အရင်က အီတလီ အသင်း တင်ရှိထားတဲ့ ကမ္ဘာ့ဖလား ရဖူးတဲ့ အသင်း တစ်သင်းရဲ့ အရှည်ကြာဆုံး ရှုံးပွဲ မရှိ မှတ်တမ်းနဲ့ တူညီသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ၃၁ ပွဲ အနက် ၂၆ ပွဲကို နည်းပြ ဒီလာဖျူအန်တေးက ကိုင်တွယ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စပိန် အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်း အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ စပိန်ဟာ လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ ကိပ်ဗာဒီနဲ့ အုပ်စု အဖွင့်ပွဲ ကစားရမှာ ဖြစ်ပြီး ဆော်ဒီအာရေဗျ၊ ဥရုဂွေး တို့နဲ့ ဆက်တိုက် ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


