နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်ခွင့် မရခဲ့တဲ့ အပေါ် ရင်ကွဲဖွယ် ဖွင့်ဟလာတဲ့ ဟယ်ရီ မက်ဂွိုင်းယား

အင်္ဂလန် အသင်း နည်းပြ သောမတ်စ် တူချယ် ကတော့ လာမယ့် သောကြာနေ့မှာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ကစားသမား ၂၆ ဦး လူစာရင်းကို ထုတ်ပြန် ကြေညာတော့မှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အဓိက နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက သောကြာနေ့က တရားဝင် မကြေညာခင် မှာတင် အင်္ဂလန် အသင်းရဲ့ နောက်ဆုံး ၂၆ ဦး ကမ္ဘာ့ဖလား လူစာရင်း ကနေ သူ ချန်လှပ်ခံရတော့မယ် ဆိုတာကို ကြိုတင် သိရှိသွားခဲ့ပြီးနောက်၊ လူမှုကွန်ရက် စာမျက်နှာက တစ်ဆင့် ပရိသတ်တွေ အတွက် စိတ်မကောင်းစရာ ပြောစကားတွေကို မျှဝေလိုက်ပါတယ်။

မက်ဂွိုင်းယားက ကြာသပတေးနေ့ ညနေပိုင်းမှာ အခုလိုပဲ ပို့စ်တင်ခဲ့ပါတယ်။ “ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ရာသီ တစ်ခုလုံးရဲ့ ခြေစွမ်းအရ ဒီနွေရာသီမှာ မိခင်နိုင်ငံ အတွက် အဓိက အခန်းကဏ္ဍကနေ ပါဝင်ကူညီပေးနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ခဲ့တာပါ။ အခုလို ချန်လှပ်ခံလိုက်ရတဲ့ ဆုံးဖြတ်ချက်ကြောင့် တကယ့်ကို တုန်လှုပ် ဝမ်းနည်းမိပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေ တစ်လျှောက်လုံးမှာ အင်္ဂလန် အသင်း အင်္ကျီကို ဝတ်ဆင်ပြီး နိုင်ငံကိုယ်စားပြု ကစားခွင့်ရခဲ့တာထက် ပိုမြတ်နိုးတာ ဘာမှမရှိခဲ့ပါဘူး။ ဒီနွေရာသီ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကစားသမားတွေ အားလုံး အကောင်းဆုံး ဖြစ်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။” လို့ မက်ဂွိုင်းယားက ဆိုပါတယ်။

အသက် ၃၃ နှစ် အရွယ် ရှိပြီဖြစ်တဲ့ မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ မတ်လ နိုင်ငံတကာ ရက်သတ္တပတ် အတွင်း အင်္ဂလန် လက်ရွေးစင် အသင်းဆီ ပြန်လည် ရောက်ရှိလာခဲ့ပြီး၊ ဥရုဂွေးနဲ့ ၁-၁ ဂိုးစီ သရေကျခဲ့တဲ့ ခြေစမ်းပွဲမှာ မိနစ် ၉၀ ပြည့် ပါဝင် ကစားခဲ့သလို၊ ဂျပန်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာလည်း လူစားလဲ ဝင်ရောက်ပြီး ခေတ္တ ပါဝင်ကစားခဲ့ပါတယ်။ ဒါဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ နောက်ပိုင်း အင်္ဂလန် အသင်း အတွက် သူ ပထမဆုံးအကြိမ် ပြန်လည် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ အင်္ဂလန် အသင်း အတွက် စတင်ပွဲထွက်ခဲ့တဲ့ ဒီနောက်ခံလူဟာ စုစုပေါင်း ၆၆ ပွဲ ကစားပေးထားပြီး ၇ ဂိုး သွင်းယူပေးထားပါတယ်။ သူဟာ အင်္ဂလန် အသင်း ဆီမီးဖိုင်နယ် အထိ တက်လှမ်းနိုင်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားနဲ့ ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ပွဲစဉ်တိုင်း ပွဲထွက် ကစားသမား အဖြစ် ပါဝင်ခဲ့တဲ့ အဓိက မရှိမဖြစ် ကစားသမား တစ်ဦး ဖြစ်ခဲ့ရုံတင်မကဘဲ နိုင်ငံအသင်းရဲ့ အသင်းခေါင်းဆောင် လက်ပတ် ကိုလည်း အကြိမ်ပေါင်း များစွာ ဝတ်ဆင်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။

မက်ဂွိုင်းယားဟာ ဒီနွေရာသီမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကို သွားရောက် ကစားချင်တဲ့ သူ့ရဲ့ ဆန္ဒပြင်းပြမှုကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ဖူးသလို၊ ကမ္ဘာ့အဆင့် အကြီးမားဆုံး စင်မြင့်ထက်မှာ ကစားနိုင်စွမ်း ရှိသေးတယ် ဆိုတာ ကိုလည်း ကာကွယ် ပြောဆိုခဲ့ဖူးပါတယ်။ မက်ဂွိုင်းယားက ပြီးခဲ့တဲ့ ဧပြီလတုန်းက သတင်းထောက်တွေကို အခုလို ပြောခဲ့ပါတယ်။

“ဟုတ်ပါတယ်။ ကျွန်တော် တကယ့်ကို သွားချင်လွန်းလို့ ရူးမတတ်ပါပဲ။ ဒါဟာ ကျွန်တော့် နိုင်ငံ အတွက် နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော် ကမ္ဘာ့ဖလား နှစ်ကြိမ် သွားခဲ့ဖူးတယ်၊ လွန်ခဲ့တဲ့ နှစ်နှစ်က ယူရို ပြိုင်ပွဲ ကိုတော့ ဒဏ်ရာကြောင့် လွဲချော်ခဲ့ရလို့ တကယ့်ကို ရင်နာခဲ့ရပါတယ်။ ဒါကြောင့် နည်းပြက ကျွန်တော့်ကို ဘယ်လို အခန်းကဏ္ဍ ကနေပဲ ဖြစ်ဖြစ် သွားချင်တာပါ။” 

ဒါဟာ ကျွန်တော့် နိုင်ငံ အတွက် နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။
ခြေစွမ်းပြနေပေမယ့် ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိတဲ့ မက်ဂွိုင်းယား

“ပွဲထွက် ကစားသမား အဖြစ် ဖြစ်စေ၊ ဒါမှမဟုတ် ပွဲနှောင်းပိုင်းမှ လူစားဝင်ပြီး ပွဲအဆုံးအဖြတ်ပေးရတာပဲ ဖြစ်ဖြစ်ပေါ့။ ကျွန်တော့် အသက်အရွယ်မှာတောင် ဂိုးဧရိယာ နှစ်ဖက်စလုံး ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ယောက် ဖြစ်နေဆဲပဲလို့ ယုံကြည်ပါတယ်။ ဒါက မေးခွန်းထုတ်စရာ မလိုပါဘူး။ ပွဲနောက်ပိုင်းမှာ အနိုင်ရလဒ်ကို ထိန်းထားဖို့ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဂိုးပြန်ရဖို့ လိုက်ကစားရချိန်မှာ ဖြစ်ဖြစ် ဒါက တကယ့်ကို အသုံးဝင်ပါတယ်။ ကျွန်တော် ကူညီပေးနိုင်တဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခု ရှိနေသေးတယ်လို့ ထင်ပါတယ်။” လို့ မက်ဂွိုင်းယားက ဆိုပါတယ်။

မက်ဂွိုင်းယားက သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုစကားတွေကို သက်သေပြနိုင်ဖို့အတွက် ဒီနွေဦးရာသီမှာ ခြေစွမ်းပြပြီး ကာကွယ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ဇန်နဝါရီလက ရူဘင် အမော်ရင်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်လာတဲ့ ယူနိုက်တက် နည်းပြ မိုက်ကယ် ကာရစ်ခ် လက်ထက်မှာ မက်ဂွိုင်းယားက ပိုမိုတောက်ပလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီလအတွင်းမှာပဲ သူဟာ ပေါင်နောက်ကြော ဒဏ်ရာ ကနေ ပြန်လည် သက်သာလာပြီးနောက် အသင်းရဲ့ ပုံမှန် ပွဲထွက်ခွင့်ရ နောက်ခံလူ ဖြစ်လာခဲ့ပါတယ်။ အကြောင်းကတော့ နည်းပြ အမော်ရင် မမြင်ခဲ့တဲ့ မက်ဂွိုင်းယားရဲ့ စွမ်းဆောင်ရည် အလားအလာကို နည်းပြ ကာရစ်က မြင်တွေ့ခဲ့လို့ ဖြစ်ပါတယ်။

ဒီ အင်္ဂလန် ခံစစ်ကျောက်ဆောင်ကြီးဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ၂၄ ပွဲ အထိ ပါဝင် ကစားပေးထားပြီး ယူနိုက်တက် အသင်း ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်ဆင့် တက်လှမ်းနိုင်ဖို့ အတွက် အဖိုးတန်တဲ့ အားကိုးရသူ တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ အဓိက ရည်မှန်းချက် ဖြစ်တဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင်လည်း ကူညီပေးနိုင်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့လကတင် ၂၀၂၇ ခုနှစ် ဇွန်လ အထိ မန်ချက်စတာမှာ ဆက်ရှိမယ့် စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာကြောင့် အသင်း အတွက် ပေးဆပ်ဖို့ အင်အားတွေ ကျန်ရှိနေသေးတယ် ဆိုတာကို ပြသနေပါတယ်။

ဒါပေမဲ့လည်း မက်ဂွိုင်းယားရဲ့ ကမ္ဘာ့ဖလား သမိုင်းကြောင်းကောင်းမှုတွေနဲ့ မကြာသေးမီက ပြသခဲ့တဲ့ ကောင်းမွန်တဲ့ ခြေစွမ်းတွေဟာ အင်္ဂလန် နည်းပြ သောမတ်စ် တူချယ် အတွက်တော့ လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်မလာခဲ့ပါဘူး။ နည်းပြ တူချယ် အနေနဲ့ မန်စီးတီးရဲ့ ဂျွန် စတုန်းစ်၊ အက်စတွန်ဗီလာရဲ့ အက်ဇ်ရီ ကွန်ဆာနဲ့ မန်စီးတီးရဲ့ မာ့ခ် ဂူဟီ တို့ကို ပိုပြီး ယုံကြည် စိတ်ချရတယ်လို့ မြင်ပုံရပါတယ်။

အင်္ဂလန် အသင်းဟာ လာမယ့် ဇွန်လ ၁၇ ရက်နေ့မှာ အုပ်စု (L) ရဲ့ ပြိုင်ဘက် ဖြစ်တဲ့ ခရိုအေးရှား အသင်းနဲ့ တက္ကဆပ်ပြည်နယ်၊ အာလင်တန်မြို့မှာ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ် အဖြစ် စတင် ကစားရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဇွန်လ ၂၃ ရက်နေ့မှာ မန်ဆာချူးဆက်ပြည်နယ်၊ ဖောက်စ်ဘရော့မြို့မှာ ဂါနာ အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး၊ ဇွန်လ ၂၇ ရက်နေ့ နယူးဂျာစီ ပြည်နယ်၊ အိစ်တ်ရူသာဖို့ဒ်မြို့မှာ ပနားမား အသင်းနဲ့ အုပ်စု နောက်ဆုံး ပွဲစဉ်ကို ကစားပြီးမှ နောက်တဆင့်ကို ဆက်လက် တက်လှမ်းရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်