ဂျာမနီ – ပါရာဂွေး
၂၀၂၆ လာမယ့် တနင်္လာနေ့မှာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အကြိတ်အနယ် ရှိမယ့် ၃၂ သင်း အဆင့် ရှုံးထွက်ပွဲစဉ် တစ်ပွဲ အဖြစ် ဂျာမနီနဲ့ ပါရာဂွေးတို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ ပါရာဂွေး အသင်းဟာ အုပ်စု တတိယရ အသင်းတွေထဲက အကောင်းဆုံး စံချိန်နဲ့ နောက်တစ်ဆင့် တက်လာခဲ့တာ ဖြစ်ပြီး၊ ဂျာမနီ ကတော့ အုပ်စု (E) ရဲ့ ပထမနေရာကို ဗိုလ်စွဲပြီး ၃၂ သင်း အဆင့်ဆီ တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။
ဂျာမနီ
ဂျာမနီ အသင်းဟာ အုပ်စု အဖွင့် နှစ်ပွဲ ဖြစ်တဲ့ ကူရာဆောင်း၊ အိုင်ဗရီကို့စ် တို့နဲ့ ပွဲစဉ်တွေမှာ ၂ ပွဲ စလုံး နိုင်၊ သွင်းဂိုး ၉ ဂိုး အထိ သွင်းယူပြီး ခြေစွမ်းပြခဲ့တာကြောင့် အုပ်စု နောက်ဆုံးပွဲ မကစားခင်ကတည်းက ရမှတ် ၆ မှတ်နဲ့ နောက်တစ်ဆင့် တက်ဖို့ သေချာနေခဲ့တာပါ။ ဒါပေမယ့်လည်း နောက်ဆုံး ကစားခဲ့တဲ့ အုပ်စုပိတ်ပွဲမှာ အီကွေဒေါကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ ကတော့ နည်းပြ ဂျူလီယန် နာဂယ်စ်မန်းရဲ့ အသင်းအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပြီး အခု ရှုံးထွက်ပွဲစဉ်ကို အရှုံး ရလဒ် တစ်ခုနဲ့ အတူ စတင်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဒီနှစ် ပြိုင်ပွဲမစခင် ကတည်းက ဂျာမနီကို ချန်ပီယံဆု ချိန်ခေါ်နိုင်မယ့် အသင်းကြီး စာရင်းထဲ ထည့်သွင်း ရေတွက်ခြင်း မခံခဲ့ရသလို၊ အခုအချိန်အထိလည်း အောက်အသင်း အဖြစ်သာ ရှုမြင်ခံနေရဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် သူတို့သာ ပါရာဂွေးကို ကျော်ဖြတ်နိုင်ခဲ့ရင် ၁၆ သင်းအဆင့်မှာ အင်အားကြီး ပြင်သစ် အသင်းနဲ့ ထိပ်တိုက်တွေ့ဖို့ ရှိနေလို့ပါ။
ဂျာမနီဟာ ကမ္ဘာ့ဖလား ၄ ကြိမ် ချန်ပီယံ ဖြစ်ခဲ့ဖူးပေမယ့် ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၂၂ ပြိုင်ပွဲ နှစ်ခုစလုံး မှာတော့ အုပ်စု အဆင့် ကနေပဲ အရှက်တကွဲ လှည့်ပြန်ခဲ့ရဖူးပါတယ်။ သမိုင်းမှတ်တမ်းတွေအရ ဂျာမနီဟာ ၂၀၀၂ ကမ္ဘာ့ဖလား ၁၆ သင်း အဆင့်တုန်းက ပါရာဂွေးနဲ့ ဆုံတွေ့ခဲ့ဖူးပြီး အဲဒီပွဲမှာ အိုလီဗာ နျူးဗီးလ်ရဲ့ ပွဲပြီးခါနီး သွင်းဂိုးနဲ့ ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ဖူးပါတယ်။
ပါရာဂွေး

လက်ရှိအချိန်မှာ ပါရာဂွေးဟာ ဆွီဒင်၊ အီကွေဒေါ၊ ဘော့စနီးယားနဲ့ ဆီနီဂေါ တို့နဲ့ အတူ အုပ်စုတွင်း ပထမနဲ့ ဒုတိယ မရခဲ့ပေမယ့် အကောင်းဆုံး တတိယ အသင်း စံချိန်နဲ့ နောက်တစ်ဆင့် တက်ခွင့် ရခဲ့တဲ့ ၅ သင်းထဲက ၁ သင်း ဖြစ်ပါတယ်။ ပါရာဂွေး အသင်းဟာ အုပ်စု (D) သုံးပွဲမှာ ရမှတ် ၄ မှတ် ရယူနိုင်ခဲ့ပြီး ဒုတိယနေရာက ဩစတြေးလျ အသင်းနဲ့ ရမှတ် တူညီခဲ့ပေမယ့် ဂိုးကွာခြားချက်ကြောင့်သာ တတိယနေရာ ရောက်ခဲ့တာပါ။
နည်းပြ ဂူစတာဗို အယ်လ်ဖာရိုရဲ့ ပါရာဂွေး အသင်းဟာ နောက်ဆုံးပွဲမှာ ဩစတြေးလျနဲ့ ဂိုးမရှိ သရေကျခဲ့သလို၊ ဒီနွေရာသီမှာ ရရှိထားတဲ့ တစ်ခုတည်းသော နိုင်ပွဲ ကတော့ တူရကီကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ် ဖြစ်ပါတယ်။ ပါရာဂွေးအသင်းရဲ့ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အကောင်းဆုံး မှတ်တမ်း ကတော့ ၂၀၁၀ ပြည့်နှစ်က ကွာတားဖိုင်နယ် အထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ၂၀၁၄၊ ၂၀၁၈ နဲ့ ၂၀၂၂ ပြိုင်ပွဲ ၃ ခုစလုံး မှာတော့ ကမ္ဘာ့ဖလား ဝင်ခွင့် လွဲချော်ခဲ့ရပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ဖြစ်နိုင်ဖွယ် လူစာရင်း
ဂျာမနီ – နော်ယာ၊ ကင်မစ်ချ်၊ ရူဒီဂါ၊ တာ့ရ်၊ ဘရောင်း၊ အန်မီချာ၊ ပါဗလိုဗစ်၊ ဆာနေး၊ မူဆီအာလာ၊ ဗစ်ဇ်၊ ဟာဗက်ဇ်
ပါရာဂွေး – ဂီးလ်၊ ကာစီးရက်စ်၊ အဲလ်ဒါရက်တီ၊ ဗယ်လက်ဇ်ကွက်ဇ်၊ အလွန်ဆို၊ အဲလ်မီရွန်၊ ဂါလာဇာ၊ ကူဘက်စ်၊ မော်ရီစီယို၊ အဗာလော့စ်၊ အန်စီဆို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ပါရာဂွေး အနေနဲ့ ဂျာမနီလို ဥရောပ ဘီလူးကြီးကို ကျော်ဖြတ်ဖို့ ဆိုတာ မလွယ်ကူတဲ့ စိန်ခေါ်မှုကြီး တစ်ခု ဖြစ်နေမှာ သေချာပါတယ်။ ဒါပေမယ့် သူတို့ နောက်ဆုံး ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ၂၀၁၃ ခုနှစ် ဩဂုတ်လတုန်းက ခြေစမ်းပွဲ မှာတော့ နှစ်ဖက်စလုံး အကြိတ်အနယ် ကစားပြီး ၃-၃ နဲ့ သရေကျခဲ့ဖူးတာကြောင့် ပါရာဂွေး တို့ကို လုံးဝလျှော့တွက်လို့ မရနိုင်ပါဘူး။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဂျာမနီ နိုင်ရင် ၁.၃၄ ဆ၊ ပါရာဂွေး နိုင်ရင် ၈.၈၀ ဆ၊ သရေ ဆိုရင်တော့ ၄.၈၈ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ဂျာမနီ ဘက်က ကြေးဖွင့်ထားပြီး ကြေးလည်း နည်းနည်း ပြင်းတာ တွေ့ရပါတယ်။ ဒါကလည်း လက်ရှိ ခြေစွမ်း ကွာဟချက် မြင့်မားနေမှုကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ခု ရှိတာက ဂျာမနီဟာ မာမာထန်ထန် တုန့်ပြန်တတ်တဲ့ အသင်းတွေနဲ့ တွေ့ရင် တိုင်ပတ်တတ်တာကို သတိထားရပါလိမ့်မယ်။ ဂျာမနီ နိုင်ပါမယ်။ ဒါပေမယ့် ဂိုးမပြတ်နိုင်ပါဘူး။
ခန့်မှန်းရလဒ်
ဂျာမနီ ၂-၁ ပါရာဂွေး
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


