ဂိုးမိုးရွာရတာကို အကြိုက်တွေ့နေတဲ့ နယ်သာလန် အသင်း ကတော့ Kansas City မှာ ကစားခဲ့တဲ့ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ အုပ်စုကနေ ထွက်ခွာသွားခဲ့ရပြီ ဖြစ်တဲ့ တူနီးရှား အသင်းကို ၃-၁ နဲ့ သက်သောင့်သက်သာ အနိုင်ယူခဲ့ပါတယ်။ ဒါကြောင့် နယ်သာလန်ဟာ အုပ်စု (F) ရဲ့ ပထမနေရာနဲ့အတူ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ဆီ ဆက်လက် ချီတက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ တိုက်စစ်မှူး ဘရိုင်ယန် ဘရော့ဘီနဲ့ နောက်ခံလူ ဂျန် ပေါလ် ဗန် ဟက်ကီ တို့က ဂိုးတွေ သွင်းယူပေးခဲ့ကြပြီး နည်းပြ ရော်နယ် ကိုးမန်းရဲ့ နယ်သာလန် အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွင်း သူတို့ရဲ့ သွင်းဂိုး စုစုပေါင်းကို ၁၀ ဂိုး အထိ ရှိလာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပွဲမစခင်မှာ ဒုတိယနေရာက ဂျပန် အသင်းနဲ့ ရမှတ်တူနေတာကြောင့် နယ်သာလန်တို့ အုပ်စု ပထမနေရာ သေချာစေဖို့ ဆွီဒင်နဲ့ ကစားနေတဲ့ ဂျပန်ရဲ့ ရလဒ်ထက် ပိုကောင်းဖို့ လိုအပ်ခဲ့တာပါ။
နယ်သာလန်တို့ ပွဲစစချင်းမှာပဲ အကောင်းဆုံး စတင်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၃ မိနစ်မှာတင် ဒန်ဇဲလ် ဒမ်းဖရီးစ်ရဲ့ ဖြတ်တင်ဘောကို တူနီးရှား ကစားသမား အယ်လီယက်စ် စခီရီ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့လို့ နယ်သာလန်တို့ အဖွင့်ဂိုး ရရှိခဲ့ပါတယ်။ အဲဒီနောက် ၄ မိနစ် အကြာ မှာပဲ ဆွီဒင်ကို ၅ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲတုန်းက ၂ ဂိုးသွင်းခဲ့တဲ့ ဘရော့ဘီက ဖရီးကစ်က တစ်ဆင့် ဗန်ဒိုက်ခ် ခေါင်းတိုက်ချပေးတာကို ပိတ်သွင်းပြီး ဒုတိယဂိုး ထပ်မံရယူပေးခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲချိန် ၅၁ မိနစ် မှာတော့ အဖွင့်ဂိုးတုန်းက မှားခဲ့တဲ့ စခီရီ တစ်ယောက် ဒမ်းဖရီးစ်ရဲ့ အနီးကပ် ကန်ချက်ကို အကောင်းဆုံး ပိတ်ဆို့ ဖျက်ထုတ်နိုင်ခဲ့လို့ တူနီးရှားတို့ သက်သာရာရခဲ့ပါတယ်။ အဲဒီနောက် ၃ မိနစ် အကြာမှာ ဟန်နီဘယ် မက်ဂျ်ဘရီရဲ့ ထောင့်ကန်ဘော ကနေ တစ်ဆင့် ဟာဇမ် မက်စ်တူရီက ခေါင်းတိုက် သွင်းယူပြီး တူနီးရှားတို့ အတွက် မျှော်လင့်ချက် ချေပဂိုး တစ်ဂိုး ပြန်လည် ရယူပေးခဲ့ပါတယ်။
ဒါပေမယ့် တူနီးရှား တို့ရဲ့ ပျော်ရွှင်မှုက ၈ မိနစ်ပဲ ခံခဲ့ပါတယ်။ ပွဲချိန် ၆၂ မိနစ်မှာ တီဂျန်နီ ရိုင်းဒါးစ်ရဲ့ ထောင့်ကန်ဘောကနေ ဗန် ဟက်ကီ ခေါင်းတိုက်လိုက်တဲ့ ဘောလုံးဟာ တူနီးရှား ကစားသမား အာနစ် ဘန် ဆလီမန်နဲ့ ထိပြီး ဂိုးဝင်သွားခဲ့လို့ နယ်သာလန်တို့ ၃-၁ ဂိုးနဲ့ ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ရိုင်းဒါးစ်ရဲ့ ကန်ချက် ဘားတန်းထိ ထွက်ခဲ့သလို၊ တူနီးရှား ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့သာ နယ်သာလန်တို့ ဒီထက် ဂိုးပိုမရခဲ့တာ ဖြစ်ပါတယ်။

နယ်သာလန် အသင်းဟာ အုပ်စုအဆင့် ၃ ပွဲအတွင်းမှာတင် ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဒါဟာ သူတို့ရဲ့ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အုပ်စုအဆင့်မှာ ဂိုးအများဆုံး သွင်းနိုင်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က စံချိန်ကို ပြန်လည် လိုက်မှီခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် နယ်သာလန်ဟာ ယုံကြည်မှု အပြည့်နဲ့ ၃၂ သင်း အဆင့်မှာ မော်ရိုကို အသင်းနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
နယ်သာလန် အသင်း ပွဲစပြီး ၆ မိနစ်နဲ့ ၂၄ စက္ကန့် အတွင်း ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာဟာ ၂၀၀၂ ကမ္ဘာ့ဖလားတုန်းက ပိုလန် အသင်း အမေရိကန်ကို (၄ မိနစ် ၂၁ စက္ကန့်နဲ့) ဦးဆောင်ခဲ့ပြီး နောက်ပိုင်း ကမ္ဘာ့ဖလား သမိုင်းမှာ အမြန်ဆုံး ၂ ဂိုး ဦးဆောင်နိုင်တဲ့ စံချိန် ဖြစ်လာခဲ့ပါတယ်။
တိုက်စစ်မှူး ဘရော့ဘီ ဟာလည်း ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းတစ်လျှောက် သူကန်ခဲ့တဲ့ ပထမဆုံး ဂိုးပေါက်တည့် ကန်သွင်းချက် ၃ ကြိမ်လုံးကို ဂိုး အဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ တတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် နယ်သာလန် အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပင်နယ်တီ အဆုံးအဖြတ် ပွဲစဉ်တွေ မပါပဲ ၁၅ ပွဲ ဆက်တိုက် ရှုံးပွဲမရှိ စံချိန်ကိုလည်း ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
တစ်ဖက် မှာတော့ ရှုံးနိမ့်သွားတဲ့ တူနီးရှား အသင်းဟာ ၂၀၁၀ ပြည့်နှစ်က မြောက်ကိုရီးယား အသင်း နောက်ပိုင်း ကမ္ဘာ့ဖလား အုပ်စု အဆင့်အတွင်း ၁၂ ဂိုး အထိ ပထမဆုံး ပေးခဲ့ရတဲ့ အသင်း ဖြစ်လာခဲ့ပါတယ်။ တူနီးရှား အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲတုန်းက ရမှတ် ၃၀ မှာ ၂၈ မှတ် အထိ ရခဲ့ပါတယ်။ တစ်ဂိုးမှ မပေးရဘဲ ခြေစွမ်းပြခဲ့ပေမယ့်၊ ကမ္ဘာ့ဖလား ပထမပွဲမှာ ဆွီဒင်ကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်အပြီး နည်းပြ ဆာဘရီ လာမူချီကို ထုတ်ပယ်ကာ ဟာဗီ ရီနတ်ဒ်နဲ့ အရေးပေါ် အစားထိုးခဲ့ရတဲ့ အထိ ကမောက်ကမ ဖြစ်ရပ်တွေနဲ့ အတူ အုပ်စုအဆင့် ကနေပဲ စိတ်ပျက်စရာ နှုတ်ဆက်သွားခဲ့ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


