၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဂျူ့ဒ် ဘယ်လင်ဟမ် တစ်ယောက် ခြေစွမ်းကောင်းတွေ ပြသနေတာ အားလုံး အသိပါပဲ။ နော်ဝေနဲ့ ပွဲမှာလည်း သူကပဲ ၂ ဂိုးသွင်းပြီး အင်္ဂလန်ကို အနောက် ကနေ လိုက်ပြီး အနိုင်ရစေကာ ၂-၁ နဲ့ နိုင်အောင် စွမ်းဆောင်ပေးခဲ့လို့ သူ့ရဲ့ ဒီနှစ် ကမ္ဘာ့ဖလား သွင်းဂိုးဟာ ၆ ဂိုးအထိ ရှိလာခဲ့ပါပြီ။
ဒီလို ကမ္ဘာ့ဖလားမှာ အင်္ဂလန်ကို ကယ်တင်နေတဲ့ ဘယ်လင်ဟမ်ရဲ့ ခြေစွမ်းကြောင့်ပဲ အင်္ဂလန် တိုက်စစ်မှူးဟောင်းကြီး ဂယ်ရီ လိုင်နီကာက “ဘယ်လင်ဟမ်ဟာ အင်္ဂလန် ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်တယ်” လို့တောင် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
မိုင်ယာမီကွင်းကြီးထဲမှာ ကစားခဲ့တဲ့ စနေနေ့က ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ အင်္ဂလန် အသင်းရဲ့ စုဖွဲ့မှု ပုံစံက သိပ်ပြီး အားရစရာ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဘယ်လင်ဟမ် ကတော့ အရေးကြီးတဲ့ ပွဲကြီး ပွဲကောင်းတွေမှာ ထုံးစံအတိုင်းပဲ အသင်း အတွက် အားကိုးရတဲ့သူ ဖြစ်ခဲ့ပြန်ပါတယ်။ အသက် ၂၃ နှစ် အရွယ်ပဲ ရှိသေးတဲ့ ဒီကွင်းလယ်လူဟာ ပထမပိုင်း ပြီးခါနီးမှာ အင်္ဂလန် အတွက် ချေပဂိုး သွင်းပေးခဲ့သလို၊ အချိန်ပို မှာလည်း နော်ဝေ ဂိုးသမား အော်ဂျန် နီလန်းရဲ့ အမှားကို အမိအရ အသုံးချပြီး အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။
ဘယ်လင်ဟမ်ဟာ အခုနှစ် ကမ္ဘာ့ဖလားမှာ သွင်းဂိုး ၆ ဂိုးအထိ ရရှိထားပြီး အဲဒီဂိုးတွေထဲမှာ ပင်နယ်တီ တစ်လုံးမှ မပါဝင်ပါဘူး။ ဒါဟာ အင်္ဂလန် ဘောလုံးသမိုင်းမှာ ပင်နယ်တီမပါဘဲ အဓိက ပြိုင်ပွဲကြီး တစ်ခု အတွင်း သွင်းဂိုး အများဆုံး စံချိန် ဖြစ်ပြီး ၁၉၈၆ ကမ္ဘာ့ဖလားတုန်းက ဂယ်ရီ လိုင်နီကာ ကိုယ်တိုင်တင်ထားခဲ့တဲ့ စံချိန် (၆ ဂိုး) နဲ့ တူညီသွားတာလည်း ဖြစ်ပါတယ်။
ဒီခြေစွမ်းတွေကြောင့်ပဲ လိုင်နီကာက “ The Rest is Football” အစီအစဉ်မှာ “ကျွန်တော် ရဲရဲကြီးပဲ ပြောလိုက်ချင်ပါတယ်။ ဘယ်လင်ဟမ်ဟာ အင်္ဂလန်ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ဘောလုံးသမား ဖြစ်လာဖို့ အခွင့်အရေး အများကြီးရှိနေပြီး အဲဒီနေရာကိုလည်း ရောက်သွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါက တကယ့်ကို ကြီးမားတဲ့ သုံးသပ်ချက်ပါ” လို့ ချီးကျူးခဲ့ပါတယ်။

ဆက်လက်ပြီး လိုင်နီကာက “ကျွန်တော်တို့ဆီမှာ တကယ့် ကစားသမားကောင်းတွေ ရှိခဲ့ဖူးပါတယ်။ တချို့က ကလပ်မှာပဲ တောက်ပြောင်ပြီး နိုင်ငံ အသင်း အတွက် သိပ်မလုပ်ပေးနိုင်တာမျိုး ရှိသလို၊ တချို့ ကတော့ နှစ်ခုစလုံးမှာ ကောင်းခဲ့ကြတယ်။ ဘော်ဘီ ချာလ်တန် တို့လို လူမျိုးတွေကို ထိပ်ဆုံးက သတ်မှတ်ရမှာ ဖြစ်သလို၊ ဟာရီ ကိန်း ကိုလည်း ဒီစာရင်းထဲ ထည့်ရပါလိမ့်မယ်။ တခြား ကစားသမားကောင်းတွေလည်း အများကြီးရှိပေမယ့် ဘယ်လင်ဟမ်ရဲ့ အခုအသက်အရွယ်နဲ့ အင်္ဂလန် အသင်းကို ပခုံးထမ်းပြီး ရလဒ်ထွက်အောင် စွမ်းဆောင်ပေးနေတာမျိုး ကတော့ တကယ့် ‘စူပါစတား’ စစ်စစ်ပါပဲ” လို့ ပြောသွားခဲ့ပါတယ်။
အခုဆိုရင် ဘယ်လင်ဟမ်ဟာ အင်္ဂလန် အသင်း အတွက် ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ စုစုပေါင်း ၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါပြီ။ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက်မှာ အသက် ၂၃ နှစ်နဲ့ အောက်အရွယ်မှာ ဘယ်လင်ဟမ်ထက် ဂိုးပိုသွင်းနိုင်ခဲ့တာဆိုလို့ ကီလီယန် အမ်ဘာပေး (၁၂ ဂိုး) တစ်ယောက်ပဲ ရှိပြီး အခုဆိုရင် ဘယ်လင်ဟမ်ဟာ ကမ္ဘာ့ဘောလုံး ဂန္ထဝင်ကြီး ပီလီရဲ့ ကမ္ဘာ့ဖလား သွင်းဂိုး (၇ ဂိုး) စံချိန်နဲ့ပါ တူညီသွားခဲ့တာပါ။
ဒါ့အပြင် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဟမ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ကမ္ဘာ့ဖလား နှစ်ပွဲ ဆက်တိုက်မှာ တစ်ပွဲကို ၂ ဂိုးစီ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် သမိုင်းမှာ ကမ္ဘာ့ဖလား ပွဲစဉ်တွေ အတွင်း တစ်ပွဲ ၂ ဂိုးနဲ့ အထက် သွင်းနိုင်တဲ့ပွဲ အရေအတွက်မှာ ဟယ်ရီကိန်း (၄ ပွဲ) နဲ့ လိုင်နီကာ (၃ ပွဲ) တို့ပဲ သူ့ထက် ပိုများပါတယ်။ ကမ္ဘာ့ဖလား သမိုင်း တစ်ခုလုံးကို ပြန်ကြည့်ရင်တောင် ကွင်းလယ်လူ တစ်ယောက် အနေနဲ့ တစ်ပွဲ ၂ ဂိုးသွင်းတဲ့ ပွဲအရေအတွက် ဘယ်လင်ဟမ်ထက် ပိုများတာ ဆိုလို့ ပီရူး ဂန္ထဝင် ကွင်းလယ်လူ တီအိုဖီလို ကျူဘီလက်စ် (၃ ပွဲ) တစ်ယောက်ပဲ ရှိပါတော့တယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


