အာဆင်နယ်ကို ပြန်လည် စဥ်းစားဖွယ် ရှိနေတဲ့ ဗလာဟိုဗစ်၊ လူမျိုးရေး ခွဲခြားမှုကို ဒီတစ်ကြိမ် တကယ် အရေးယူပေးပါ ဆိုတဲ့ လူကာကူ စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၇ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အာဆင်နယ်ကို ပြန်လည် စဥ်းစားဖွယ် ရှိနေတဲ့ ဗလာဟိုဗစ်
ဆာဘီးယား တိုက်စစ်မှူးကို အာဆင်နယ်က ပြီးခဲ့တဲ့ နှစ်ပိုင်းလောက် ကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပေမယ့် စီးရီးအေ မှာသာ ဆက်နေလိုတာကြောင့် ဂျူဗင်တပ်စ် ကိုသာ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဗလာဟိုဗစ် တစ်ယောက် သူ့ရဲ့ ဆုံးဖြတ်ချက် အပေါ် နောင်တရနေပြီလို့ သတင်းတွေက ဖော်ပြနေပြီး အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ပြန်လည် စဥ်းစားဖွယ် ရှိနေကြောင်း ထင်ကြေးပေး သုံးသပ်နေကြပါတယ်။
တစ်ဖက် မှာတော့ အာဆင်နယ်က လာမယ့် နွေရာသီမှာ အထောင် တိုက်စစ် နေရာ အတွက် ခေါ်ယူ အားဖြည့်နိုင်ချေ တော်တော်လေး နည်းနေပြီး ဂါဘရီရယ် ဂျေဆုစ်၊ အက်ဒီ အန်ကတ်တီးယားနဲ့ ဖိုလာရင် ဘာလိုဂန်း တို့နဲ့သာ ခရီးဆက်ဖွယ် ရှိနေပါတယ်။
လူမျိုးရေး ခွဲခြားမှုကို ဒီတစ်ကြိမ် တကယ် အရေးယူပေးပါ ဆိုတဲ့ လူကာကူ

အင်တာမီလန် တိုက်စစ်မှူး ရိုမယ်လူ လူကာကူဟာ ဂျူဗင်တပ်စ်နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ကိုပါအီတလီယာ ဖလား ပွဲစဥ် ပထမအကျော့မှာ လူမျိုးရေး ခွဲခြားခံခဲ့ရပါတယ်။
အဲ့ဒါကြောင့်ပဲ လူကာကူ တစ်ယောက် ဒီပွဲမှာ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပြီး ပွဲကလည်း တော်တော်လေး ကြမ်းသွားခဲ့ပါတယ်။ ဒီပွဲမှာ လူကာကူ အပြင် ပြိုင်ဘက် ကစားသမား ဂျူအန် ကွာဒွာဒို၊ အင်တာမီလန် ဂိုးသမား ဆမ်မာ ဟန်ဒါနိုဗစ် တို့လည်း အချင်းများခဲ့တာကြောင့် အနီကတ် ပြသခံခဲ့ရပါတယ်။
ပွဲအပြီး မှာတော့ လူကာကူက သမိုင်း တစ်ပတ် ပြန်လည် လာတာ ဖြစ်ကြောင်း၊ (၂၀၁၉) ကစလို့ အခု (၂၀၂၃) မှာ တစ်ကျော့ပြန် ဖြစ်လာကြောင်း၊ စီးရီးအေ အနေနဲ့ ဒီတစ်ကြိမ် မှာတော့ အမှန်တကယ် အရေးယူဖို့ မျှော်လင့်ကြောင်းနဲ့ လှပတဲ့ ပွဲတစ်ပွဲကို အားလုံး ခံစားခွင့်ရသင့်ကြောင်း အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
လူကာကူ အနီကတ်ထိသင့်ကြောင်း ဂျူဗင်တပ်စ် နောက်ခံလူပြော




တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဥ်မှာ လူကာကူက နောက်ဆုံး မိနစ် ချေပဂိုးကို ပင်နယ်တီက တစ်ဆင့် သွင်းယူခဲ့ပြီးနောက် သူ့ကို တစ်ချိန်လုံး လူမျိုးရေး ခွဲခြားနေခဲ့တဲ့ ဂျူဗင်တပ်စ် ပရိသတ်တွေကို တိတ်တိတ်နေဖို့ သတိပေးတဲ့ဟန်နဲ့ အောင်ပွဲခံသွားခဲ့ပါတယ်။ ဒါကြောင့် တစ်ဝါ ထိပြီးသား လူကာကူ တစ်ယောက် နောက်ထပ် တစ်ဝါ ထပ်ပြခံရပြီး နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခဲ့ပါတယ်။
ဖြစ်ရပ်က တော်တော်လေး ရှုပ်ထွေးခဲ့ပြီး စီးရီးအေ ဘက်ကလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဒန်နီလို ကတော့ ဒါက ရိုးရှင်းကြောင်း၊ လူကာကူက ဂိုးသွင်းပြီး ကျွန်တော်တို့ ပရိသတ်တွေကို တိတ်တိတ်နေခိုင်းခဲ့ကြောင်း၊ ဒိုင်လူကြီး အတွက် သူ့ကို အလွယ်တကူပဲ အဝါကတ် ပြသလို့ ရကြောင်းနဲ့ သူက တစ်ဝါထိထားပြီး ဖြစ်တာကြောင့် အထုတ်ခံရတာက ထိုက်တန်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.