နာပိုလီ ဂိုးသမားကို စိတ်ဝင်စားနေတဲ့ တော့တင်ဟမ်ဟော့စပါး၊ ဂျူဗင်တပ်စ် ကွင်းလယ်လူကို ခေါ်ယူနိုင်တော့မယ့် လိဒ်စ် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၆ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
နာပိုလီ ဂိုးသမားကို စိတ်ဝင်စားနေတဲ့ တော့တင်ဟမ်ဟော့စပါး
တော့တင်ဟမ်ဟော့စပါးဟာ စီးရီးအေ ထိပ်သီး ကလပ် တစ်ခု ဖြစ်တဲ့ နာပိုလီရဲ့ ဂိုးသမား အဲလက်စ် မီရက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
အသက် (၂၅) နှစ် အရွယ် အဆိုပါ စီးရီးအေ ဂိုးသမားဟာ ဟူဂို လိုရစ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် ကစားသမား အဖြစ် တော့တင်ဟမ်ဟော့စပါး တာဝန်ရှိသူတွေက ယူဆနေတာပါ။




ကက်ဆီရဲ့ စာချုပ်သစ် တောင်းဆိုမှုကြောင့် ထွက်ခွာခွင့်ပေးခဲ့ရတဲ့ အေစီမီလန်
အဆိုပါ ကစားသမား အတွက် အေစီမီလန်က စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားရဲ့ တောင်းဆိုမှုက များပြားလွန်းတာကြောင့် မလိုက်နိုင်ခဲ့ကြောင်း မာလ်ဒီနီက ဖွင့်ဟခဲ့တာပါ။
ဂျူဗင်တပ်စ် ကွင်းလယ်လူကို ခေါ်ယူနိုင်တော့မယ့် လိဒ်စ်ယူနိုက်တက်

လိဒ်စ်ယူနိုက်တက်ဟာ စီးရီးအေ ထိပ်သီး ကလပ် ဂျူဗင်တပ်စ်ရဲ့ ကွင်းလယ်လူ ဝက်စ်တန် မက်ကန်နီကို ခေါ်ယူနိုင်တော့မှာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။
အခုချိန် မှာတော့ လိဒ်စ်က မက်ကန်နီ အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီး ဂျူဗင်တပ်စ်နဲ့ ပြောင်းရွှေ့ကြေး ဆက်လက် ဆွေးနွေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.