ယူရို (၁) ဘီလျံ ရရင် အင်တာကို ရောင်းချဖွယ် ရှိနေတဲ့ ဆန်းနင်း အုပ်စု၊ အတ္တလန္တာ ဂိုးသမားကို အငှားနဲ့ ခေါ်ယူလိုက်တဲ့ နာပိုလီ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၇ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ယူရို (၁) ဘီလျံ ရရင် အင်တာကို ရောင်းချဖွယ် ရှိနေတဲ့ ဆန်းနင်း အုပ်စု
အဆိုပါ စီးရီးအေ ကလပ်ကို အသင်းပိုင်ရှင်တွေ ဘက်က အရောင်း စာရင်း တင်ထားခဲ့ပေမယ့်လည်း ကြိုက်စျေး ရရှိမှသာ ရောင်းချသွားမှာ ဖြစ်ပြီး အလျင်စလို လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။




အမ်ဘာပေ ကမ္ဘာ့ဖလား ထပ်ရလိမ့်ဦးမယ်လို့ ဆိုလိုက်တဲ့ အီဘရာဟီမိုဗစ်
စီးရီးအေ ကလပ် အေစီမီလန် အသင်းရဲ့ တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ်က ပြင်သစ် လက်ရွေးစင် ကြယ်ပွင့် ကီလီယန် အမ်ဘာပေ အနေနဲ့ ကမ္ဘာ့ဖလား ထပ်မံ ရရှိနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါကြောင့်လည်း စီးရီးအေရဲ့ ဝါရင့် တိုက်စစ်မှူးကြီးက အမ်ဘာပေ အတွက် စိုးရိမ်စရာ မရှိကြောင်း၊ သူ နောက်ထပ် ကမ္ဘာ့ဖလား ရဖို့ သေချာကြောင်းနဲ့ ပြီးခဲ့တဲ့ ကာတာ မှာတော့ အာဂျင်တီးနား ကမ္ဘာ့ဖလား ရမယ် ဆိုတာ သူတပ်အပ်သိခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။
အတ္တလန္တာ ဂိုးသမားကို အငှားနဲ့ ခေါ်ယူလိုက်တဲ့ နာပိုလီ
နာပိုလီဟာ စီးရီးအေ ပြိုင်ဘက် အတ္တလန္တာရဲ့ ဂိုးသမား ပီယာလူဂီ ဂိုလ်လီနီကို အငှားစာချုပ်နဲ့ ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့်လည်း နာပိုလီရဲ့ အသက် (၃၆) နှစ် အရွယ် ဂိုးသမား အဲလက်စ် မီရက် အနေနဲ့ နေပယ်လ်မြို့ကို စွန့်ခွာဖို့ တော်တော်လေး ရာခိုင်နှုန်း များပြားလာကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလျက် ရှိပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.