နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စီးရီးအေ ချန်ပီယံဆု အတွက် ပိုပြီး ယုံကြည်မှု ရှိလာတဲ့ နာပိုလီ | စီးရီးအေ

စီးရီးအေ ထိပ်သီး ကလပ် နာပိုလီ နည်းပြ အန်တိုနီယို ကွန်တီ ကတော့ သူတို့ အသင်းဟာ စီးရီးအေ ချန်ပီယံလုပွဲထဲမှာ ပိုပြီး ယုံကြည်မှု ရှိလာပြီ ဖြစ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ နာပိုလီက ဂျူဗင်တပ်စ်ကို အခုတစ်ပတ် စီးရီးအေမှာ အနိုင်ရရှိပြီးနောက် အခုလိုပဲ နည်းပြ ဖြစ်သူ ကွန်တီက အခုလိုပဲ ကြုံးဝါး ပြောဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။

ကွန်တီက “’ဒီရာသီ စီးရီးအေမှာ ရှုံးပွဲ လုံးဝ မရှိသေးတဲ့ ထိပ်တန်း အသင်းကြီး တစ်သင်းကို ကျွန်တော် တို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ်။ အဲဒီအတွက် ကျွန်တော် အရမ်းလည်း ကျေနပ်မိပါတယ်။ ကြိုးစားမှုတွေက အကျိုးဖြစ်ထွန်းတယ် ဆိုတာ ဒါက သက်သေပါပဲ။ ကျွန်တော်တို့က အားနည်းချက်တွေကို ကြိုးစားမှု၊ စိတ်အား ထက်သန်မှုတွေနဲ့ ဖုံးကွယ်နိုင်ခဲ့ပါတယ်။ ကျွန်တော် တို့က အစွမ်းကုန် ကြိုးစားသူတွေလည်း ဖြစ်ပါတယ်။ အတ္တလန္တာနဲ့ ဂျူဗင်တပ်စ် တို့ကို ဆက်တိုက် အနိုင်ရလိုက်တာက ကျွန်တော် တို့ကို ယုံကြည်မှုတွေ ပိုတိုးသွားစေခဲ့ပါတယ်။” လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။

နာပိုလီဟာ ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ဂျူဗင်တပ်စ်ကို အိမ်ကွင်းမှာ နောက်ကနေ လိုက်ကစားခဲ့ပေမယ့် အန်ဂစ်ဆာ၊ လူကာကူ တို့ရဲ့ ဂိုးတွေနဲ့ ပြန်လာနိုင်ခဲ့ပြီး အဖိုးတန် ၃ မှတ် ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ နာပိုလီဟာ ဂျူဗင်တပ်စ်နဲ့ မကစားခင် ရှေ့တစ်ပတ် ကလည်း ဒီရာသီ စီးရီးအေ ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ အတ္တလန္တာကို အဝေးကွင်းမှာ ၃-၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါသေးတယ်။ ဒီလိုမျိုး စီးရီးအေရဲ့ ထိပ်တန်း ပြိုင်ဘက် နှစ်သင်းကို ဆက်တိုက် အနိုင်ရရှိခဲ့တာကြောင့် နာပိုလီက ဒီရာသီ စီးရီးအေ ချန်ပီယံလုပွဲမှာ နှာတဖျား အသာရခဲ့ပြီး ယုံကြည်မှုလည်း ပိုတိုးသွားခဲ့တာ ဖြစ်ပါတယ်။ 

တစ်ခုရှိတာက နာပိုလီက စီးရီးအေ ပြိုင်ပွဲ တစ်ခုတည်းကို အာရုံစိုက်ဖို့ ရှိနေတဲ့ အသင်း ဖြစ်ပြီး ဒီအချက်က နေပဲလ် ကလပ် အတွက် ကြီးမားတဲ့ အားသာချက် ဖြစ်လာဖို့ ရှိနေပါတယ်။
စီးရီးအေ ပြိုင်ပွဲ တစ်ခုတည်းကို အာရုံစိုက်ရဖို့ ရှိနေတဲ့ နာပိုလီ

နာပိုလီဟာ လက်ရှိရာသီ စီးရီးအေ ပွဲစဉ် ၂၂ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၅၃ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဒုတိယ နေရာက တစ်ပွဲလျော့ ကစားထားတဲ့ အင်တာမီလန်ကို ၃ မှတ် ဖြတ်ထားသလို၊ တတိယ နေရာက အတ္တလန္တာကို ၇ မှတ် အထိ ဖြတ်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။ နာပိုလီတို့ စီးရီးအေ ချန်ပီယံဆု ရရှိခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘောလုံး ရာသီ ကလည်း ပွဲစဉ် ၂၂ ပွဲ ကစားပြီးချိန်မှာ အခုလိုပဲ ရမှတ် ၅၃ မှတ် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

နာပိုလီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက လာဇီယိုကို ကိုပါအီတလီယာဖလား မှာရော စီးရီးအေ မှာပါ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ရလဒ်တွေ တောက်လျောက် ပြန်ကောင်းခဲ့ကာ နောက်ဆုံး ၇ ပွဲဆက်တိုက် အနိုင်ရထားတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ စီးရီးအေ ပြိုင်ပွဲက ပွဲစဉ် ၁၆ ပွဲ ကစားဖို့ ကျန်ရှိနေသေးတာကြောင့် ဘာမဆိုဖြစ်နိုင်ချေ ရှိနေသေးပြီး နာပိုလီက ရိုးမား၊ လာဇီယို၊ အင်တာမီလန်၊ အေစီမီလန်၊ ဖီအိုရင်တီးနား၊ ဘိုလော့ဂ်ညာ တို့လို အသင်းကောင်းတွေနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

တစ်ခုရှိတာက နာပိုလီက စီးရီးအေ ပြိုင်ပွဲ တစ်ခုတည်းကို အာရုံစိုက်ဖို့ ရှိနေတဲ့ အသင်း ဖြစ်ပြီး ဒီအချက်က နေပဲလ် ကလပ် အတွက် ကြီးမားတဲ့ အားသာချက် ဖြစ်လာဖို့ ရှိနေပါတယ်။ အဓိက ကတော့ နာပိုလီက စကူဒက်တို ချန်ပီယံဆု အတွက် လက်ရှိ ချန်ပီယံ အင်တာမီလန်နဲ့ အဓိကထား ယှဉ်ပြိုင်ရဖို့ ရှိနေကာ ရမှတ် ကွာဟချက် ကလည်း ကျဉ်းမြောင်းနေသလို ဂိုးကွာဟချက် ကလည်း အသာမရတာကြောင့် ထင်ထားတာထက်တော့ ခက်ခဲဖွယ် ရှိနေပါတယ်။ ဒါကြောင့်လည်း ကွန်တီက သူတို့ အနေနဲ့ များစွာ ကြိုးစားရဦးမှာ ဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ်။ 

နာပိုလီက လာမယ့် ပွဲစဉ် အဖြစ် ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ရိုးမားကို အိုလံပီကိုမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်