စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကတော့ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်တက် တိုက်စစ် ကစားသမား ဂျော်ရွှာ ဇီယက်ခ်ဇီးကို ခေါ်ယူဖို့ အတွက် ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့တာပါ။ ဒါပေမယ့်လည်း အဆင်မပြေဖြစ်ခဲ့ရပြီးနောက် လာမယ့် နွေရာသီ ဈေးကွက်မှာ ယူနိုက်တက်ရဲ့ နောက်ထပ် တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ ရက်စ်မတ်စ် ဟွိုက်ဂျ်လန်း ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြန်တယ်လို့ သိရပါတယ်။
အသက် ၂၂ နှစ် အရွယ် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်းဟာ လက်ရှိ ရာသီမှာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ၇ ဂိုး သွင်းယူပေးထားပါတယ်။ ဒါပေမယ့်လည်း ဒိန်းမတ်သားက ပြိုင်ပွဲစုံမှာ နောက်ဆုံး ၁၄ ပွဲ ဆက်တိုက်တော့ ဂိုးပေါက် ပျောက်နေခဲ့ပါတယ်။ ဒါကြောင့် ဟွိုက်ဂျ်လန်းက ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်း အတွက် အားကိုးလို့ မရနိုင်တဲ့ ကစားသမား အဖြစ် သတ်မှတ်ခံထားရပြီး ဒီကစားသမားက လေးလံတဲ့ ကစားဟန်နဲ့ အတူ ဂိုး ၁ ဂိုး ရဖို့တောင် တော်တော်လေး ရုန်းကန်နေရတာ ဖြစ်ပါတယ်။
ဒီလို အခြေအနေကြောင့် ယူနိုက်တက်က လာမယ့် နွေရာသီမှာ ဂိုးသွင်း အားကောင်းတဲ့ တိုက်စစ်မှူးတွေ ခေါ်ယူဖို့ အတွက် ရည်မှန်းထားပြီး ဟွိုက်ဂျ်လန်း သို့မဟုတ် ဇီယက်ခ်ဇီး တို့ကိုတော့ အသင်း ကနေ ရှင်းထုတ်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ နည်းပြ ဖြစ်သူ ရူဘင် အမော်ရင် ကလည်း သူ့ရဲ့ တပည့်ဟောင်း ဗစ်တာ ယိုကီးရက်စ်ကို ယူနိုက်တက်ဆီ ခေါ်ဆောင်လိုနေတာကြောင့် ဇီယက်ခ်ဇီးထက် ပိုပြီး ခြေစွမ်း ညံ့နေတဲ့ ဟွိုက်ဂျ်လန်းကို ဦးစားပေး ရောင်းချသွားဖွယ် ရှိနေပါတယ်။

သတင်းတွေအရ ဆိုရင် ဟွိုက်ဂျ်လန်းကို ပရီးမီးယားလိဂ်က ဝက်စ်ဟမ်း အပြင် စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကပါ အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။ ဟွိုက်ဂျ်လန်းဟာ စီးရီးအေ ကလပ် အတ္တလန္တာနဲ့ အီတလီ ဘောလုံးနယ်ပယ်မှာ ကျင်လည်ခဲ့ဖူးသူ ဖြစ်တာကြောင့် ဂျူဗင်တပ်စ်က သူ့ကို ဗလာဟိုဗစ်ရဲ့ နေရာ အတွက် ပြန်လည် အစားထိုးချင်နေတာလည်း ဖြစ်ပါတယ်။
ဘိုလော့ဂ်နာ နည်းပြဟောင်း သီယာဂို မော့တာဟာ ဒီရာသီ အစပိုင်းတုန်း ကလည်း သူနဲ့ ဘိုလော့ဂ်နာမှာ လက်တွဲခဲ့ဖူးတဲ့ တပည့်ဟောင်း ဂျော်ရွှာ ဇီယက်ခ်ဇီးကို ဂျူဗင်တပ်ဆီ ခေါ်ဆောင်ချင်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဆင်မပြေခဲ့တာကြောင့် ရန်ဒဲလ် ကိုလို မူအာနီ ကိုသာ ပီအက်စ်ဂျီ ကနေ အငှားနဲ့ ခေါ်ယူခဲ့ရပါတယ်။ ဒါကြောင့် စီးရီးအေ ကလပ် အနေနဲ့ မူအာနီကို အပြီးသတ် ခေါ်ယူဖို့ ကြိုးပမ်းမလား ဒါမှမဟုတ် ဟွိုက်ဂျ်လန်း သို့မဟုတ် ဇီယက်ခ်ဇီးကို ကြိုးပမ်းသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် နောက်ထပ် ရွေးချယ်မှု တစ်ခု အနေနဲ့ ဂျူဗင်တပ်စ်နဲ့ ယူနိုက်တက် တို့ဟာ ဒူဆန် ဗလာဟိုဗစ်နဲ့ ဟွိုက်ဂျ်လန်း သို့မဟုတ် ဇီယက်ခ်ဇီးကို Swap Deal ပြုလုပ်သွားမလား ဆိုတာလည်း စိတ်ဝင်စားစရာပါ။ ဟွိုက်ဂျ်လန်းရော ဇီယက်ခ်ဇီး နှစ်ယောက်စလုံး ကတော့ စီးရီးအေ နဲ့ အသားကျခဲ့ပြီးသာ တိုက်စစ်မှူးတွေ ဖြစ်တာကြောင့် ဂျူဗင်တပ်စ် အတွက် အဆင်ပြေနိုင်တဲ့ ကစားသမားတွေ ဖြစ်လာဖို့တော့ များနေပါတယ်။
ဂျူဗင်တပ်စ်ဟာ လက်ရှိ ရာသီ စီးရီးအေ မှာ ရှုံးပွဲ တစ်ပွဲသာ ရှိထားပေမယ့် သရေပွဲ ၁၃ ပွဲ အထိ ရှိထားခြင်းနဲ့ အတူ ခြေစွမ်းပိုင်းက အားနည်းချက်တွေ များနေခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဂျူဗင်တပ်စ်က ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ဖ် ပွဲစဉ် အဖြစ် ပီအက်စ်ဗွီနဲ့ ပထမအကျော့ ကစားထားပြီး ၂-၁ ရလဒ်နဲ့ အနိုင်ရထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.