နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

“နာပိုလီ နှစ်ဂိုးအရင်ပေးလိုက်ရတာ တိုက်ဆိုင်မှုသက်သက် မဟုတ်ပါဘူး” – ကွန်တီ | စီးရီးအေ

နာပိုလီဟာ ဒီတစ်ပတ် စီးရီးအေ မှာလည်း ဘိုလော့နာကို ၂-၀ နဲ့ ပွဲအစမှာတင် ဦးဆောင်ခွင့် ပေးခဲ့ရပြီး အရေးနိမ့်ခဲ့ရခြင်းဟာ တိုက်ဆိုင်မှု သို့မဟုတ် ကံဆိုးမှုသက်သက် မဟုတ်ဘူးလို့ နည်းပြ အန်တိုနီယို ကွန်တီက ဝန်ခံလိုက်ပါတယ်။

နာပိုလီဟာ သူတို့ရဲ့ အိမ်ကွင်း ဖြစ်တဲ့ စတာဒီယို ဒီယေဂို အာမန်ဒို မာရာဒိုနာမှာ ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ဧည့်သည် ဘိုလော့နာ အတွက် အနိုင်ဂိုး ကိုတော့ ပွဲချိန် ၉၁ မိနစ်မှာ ဂျိုနသန် ရိုးဝ်က အလှပဆုံး ကန်ချက်နဲ့ သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၉၀ မိနစ် ၃၀ စက္ကန့်မှာ သွင်းယူခဲ့တဲ့ ဂျိုနသန် ရိုးဝ်ရဲ့ ဂိုးဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလတုန်းက ရိုလန်ဒို ဘီယန်ချီ ပွဲချိန် ၈၉ မိနစ် ၅၂ စက္ကန့်မှာ သွင်းခဲ့တဲ့ ဂိုးပြီးရင် ဘိုလော့နာ အသင်း အနေနဲ့ စီးရီးအေ ပြိုင်ပွဲမှာ နာပိုလီ ဘက်ကို နောက်အကျဆုံး သွင်းယူနိုင်ခဲ့တဲ့ အနိုင်ဂိုးလည်း ဖြစ်လာခဲ့ပါတယ်။

ပွဲစကတည်းက ဘိုလော့ဂ်နာ အတွက် ဖီဒရီကို ဘာနာဒက်စချီနဲ့ ရီကာဒို အော်ဆိုလီနီ တို့က ဂိုးတွေ သွင်းယူပြီး ဦးဆောင်ခဲ့တာ ဖြစ်ပေမယ့် နာပိုလီ ဘက်က ဂျီယိုဗာနီ ဒီ လော်ရန်ဇိုနဲ့ အလစ်ဆန် ဆန်းတို့စ် တို့ရဲ့ ချေပဂိုးတွေကြောင့် သရေ တစ်မှတ် ရဖို့ နီးစပ်ခဲ့တာပါ။ ဒါပေမယ့်လည်း နာပိုလီတို့ ပွဲပြီးခါနီး နာကျင် အချိန်ပိုမှာ ပွဲကိုထိန်းမထားနိုင်ဘဲ ရှုံးနိမ့်ခဲ့ရပါတယ်။

နာပိုလီဟာ သူတို့ရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး စီးရီးအေ ၃ ပွဲမှာ ၂ ပွဲ အထိ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါဟာ သူတို့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ ၃၅ ပွဲလုံးမှာ ကြုံတွေ့ခဲ့ရတဲ့ ရှုံးပွဲ အရေအတွက်နဲ့ တူညီသွားခဲ့ပါတယ်။ ပွဲစလို့ ၃၄ မိနစ် အတွင်းတင် နှစ်ဂိုး အထိ ပေးလိုက်ရတဲ့ အပေါ် ကွန်တီ ကတော့ နာပိုလီရဲ့ Pressing အားနည်းချက်ကြောင့် အခုလို ပုံစံတူအမှားတွေ ထပ်ခါတလဲလဲ ဖြစ်နေတာလို့ မြင်နေပါတယ်။

“ကျွန်တော်တို့ Pressing လုပ်မယ်ဆိုရင် သေသေချာချာ စနစ်တကျ လုပ်ဖို့လိုပါတယ်။ အပေါ်ယံလောက်ပဲ တစ်ဝက်တစ်ပျက် သွားလုပ်နေရင်တော့ ကွင်းထဲမှာ ဘာအကျိုးကျေးဇူးမှ မရှိဘဲ အလကားသက်သက် အမောခံ ပြေးနေရသလိုပဲ ဖြစ်နေမှာပါ” လို့ ကွန်တီက DAZN Italia ကို ပြောကြားခဲ့ပါတယ်။

နာပိုလီဟာ ဒီရာသီ စီးရီးအေ ပြိုင်ပွဲမှာ ကွင်းလယ် အထက်ပိုင်း ဘောလုံးလုယူနိုင်မှု စုစုပေါင်း ၂၀၁ ကြိမ်ဖြင့် အဆင့် ၁၃ နေရာမှာသာ ရပ်တည်နေပါတယ်။
နာပိုလီရဲ့ ရှုံးပွဲ အတွက် မကျေမနပ် ဖြစ်နေတဲ့ အန်တိုနီယို ကွန်တီ

“ကျွန်တော်တို့ Pressing အပိုင်းမှာ ဒီထက်မက ပြတ်သားမှုရှိသင့်ပါတယ်။ ဒါပေမယ့် ဒါဟာ ဒီရာသီမှာ ကျွန်တော်တို့ ၂-၀ နဲ့ အရေးနိမ့်ပြီးမှ ပွဲကို ပြန်လိုက် ကစားရတဲ့ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ဒါကြောင့် ဒါဟာ တိုက်ဆိုင်မှု သို့မဟုတ် မတော်တဆဖြစ်ရပ် မဟုတ်ဘူး ဆိုတာ ထင်ရှားပါတယ်။ ပွဲအစ ချဉ်းကပ်ပုံ ဗျူဟာတွေမှာ ကျွန်တော်တို့ ပိုပြီး စိတ်ဓာတ်ပြတ်သားဖို့ လိုအပ်နေတာ အထင်အရှားပါပဲ။ ဘာလို့လဲဆိုတော့ ဒီလိုအခြေအနေမျိုးက ခဏခဏ ဖြစ်ပွားနေလို့ပါ။”

“ကျွန်တော်တို့ ပွဲကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် ဆွဲတင်နိုင်ခဲ့တယ်၊ နိုင်ပွဲရဖို့ အစွမ်းကုန် ကြိုးစား တွန်းအားပေးခဲ့ကြတယ်။ ဒါပေမယ့် မနိုင်နိုင်ရင်တောင် အနည်းဆုံး မရှုံးအောင်တော့ ထိန်းထားနိုင်ရပါမယ်။ ကျွန်တော်တို့ ရှုံးဖို့ ထိုက်တန်တဲ့ အထိ ခြေစွမ်း မဆိုးခဲ့ဘူးလို့ ထင်ပေမယ့် ဘောလုံးမှာ ဒါမျိုးတွေက ဖြစ်တတ်ပါတယ်။

“အခုတော့ ကစားဖို့ ၂ ပွဲပဲ ကျန်ပါတော့တယ်။ အင်အားတွေကို ပြန်လည် ဖြည့်တင်းပြီး ကျန်တဲ့ နှစ်ပွဲမှာ ချန်ပီယံလိဂ် ဝင်ခွင့် အသေအချာ ရရှိအောင် အကောင်းဆုံး ကြိုးစားသွားရပါမယ်။ ကစားသမားတွေရဲ့ စွမ်းဆောင်ရည် အပေါ် ကျွန်တော် စိတ်မပျက်ပါဘူး၊ သူတို့ ဒီနေ့ပွဲမှာ အလုပ် ဖြစ်အောင် အစွမ်းကုန် ကြိုးစားခဲ့ကြတာ မြင်ပါတယ်။ ဒါပေမယ့် တစ်ခါတရံ ကံကြမ္မာက အလှည့်အပြောင်းတွေ ရှိတတ်တာမျိုးပါပဲ” လို့ နာပိုလီက အသေးစိတ် ပြောကြားသွားခဲ့ပါတယ်။

နာပိုလီဟာ ဒီရာသီ စီးရီးအေ ပြိုင်ပွဲမှာ ကွင်းလယ် အထက်ပိုင်း ဘောလုံးလုယူနိုင်မှု စုစုပေါင်း ၂၀၁ ကြိမ်ဖြင့် အဆင့် ၁၃ နေရာမှာသာ ရပ်တည်နေပါတယ်။ ဒါ့အပြင် အဆိုပါ ဘောလုံးလုယူနိုင်မှု အခြေအနေတွေကနေ တဆင့် ဂိုးကန်သွင်းခွင့် ၃၄ ကြိမ် အထိ ရရှိခဲ့ပေမယ့်လည်း ဂိုးအဖြစ် ၁ ကြိမ်သာ ပြောင်းလဲနိုင်ခဲ့လို့ ဒါဟာ တစ်ပြိုင်ပွဲလုံးမှာ အနည်းဆုံး အဖြစ် ပူးတွဲရပ်တည်နေတဲ့ စံချိန်ဆိုး တစ်ခုလည်း ဖြစ်ပါတယ်။

လတ်တလော မှာတော့ စီးရီးအေရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် တိုက်ပွဲဟာ အလွန်အကြိတ်အနယ် ရှိနေပြီး ဒုတိယ နေရာက နာပိုလီနဲ့ အဆင့် ၆ နေရာက ကိုမိုတို့ အကြားမှာ ၅ မှတ်သာ ကွာဟပါတော့တယ်။ ကွန်တီရဲ့ နာပိုလီဟာ လာမယ့် သီတင်းပတ်ကုန်မှာ ပီဆာရဲ့ အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး မေလ ၂၄ ရက်နေ့ မှာတော့ အူဒီနီးစ်ကို အိမ်ကွင်းမှာ ဧည့်ခံကာ ရာသီပိတ် ပွဲစဉ်ကို ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်