အတ္တလန္တာ – နာပိုလီ
ကြားရက်တုန်းက ဒေါ့မန်ကို ရှုံးပြီး နိုင်ပွဲ ဆက်နေမှုတွေ ရပ်တန့်သွားခဲ့ရတဲ့ အတ္တလန္တာ ကတော့ စီးရီးအေမှာ ပြိုင်ဘက်ကောင်း နာပိုလီနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ စီးရီးအေရဲ့ အဆင့် ၄ အတွင်း ဝင်ဖို့ ရုန်းကန်နေရပြီး အတ္တလန္တာတို့ လက်ရှိ ချန်ပီယံ နာပိုလီကို အနိုင်ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်တက်ဖို့ ရည်မှန်းထားပါလိမ့်မယ်။
အတ္တလန္တာ
ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံး နှစ်ပွဲစလုံး ရှုံးနိမ့်ခဲ့တာကြောင့် ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်ရောက်ခွင့်နဲ့ လွဲချော်ခဲ့ရတဲ့ အတ္တလန္တာဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ည ပလေးအော့ဖ် ပထမအကျော့ မှာလည်း ဒေါ့မန်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နောက်တစ်ဆင့် တက်ဖို့ ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် အတ္တလန္တာက ပြည်တွင်း ပြိုင်ပွဲတွေ မှာတော့ သူတို့ရဲ့ စွမ်းဆောင်ရည်က အထင်ကြီးစရာပါ။ ဂျူဗင်တပ်စ်ကို ၃-၀ နဲ့ အနိုင်ယူပြီး ကိုပါအီတလီယာ ဆီမီးဖိုင်နယ် တက်လှမ်းထားသလို၊ ၂၀၂၆ ခုနှစ်အတွင်း ပြည်တွင်း ပွဲစဉ်တွေမှာ ၇ ပွဲနိုင်၊ ၂ ပွဲ သရေနဲ့ ရှုံးပွဲ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ တပတ်က စီးရီးအေ မှာလည်း လာဇီယိုကို ရောမမြေမှာ ၂-၀ နဲ့ အနိုင်ယူခဲ့ပါတယ်။ နည်းပြ ရာဖေးလ် ပါလာဒီနို လက်အောက်မှာ အတ္တလန္တာဟာ ဒီနှစ် အတွင်း ရမှတ် ၂၀ အထိ စုဆောင်းထားနိုင်ပြီး ဒါဟာ အမှတ်ပေးဇယား ထိပ်က အင်တာမီလန် ပြီးရင် ဒုတိယ အကောင်းဆုံး ရမှတ် စုဆောင်းမှု ဖြစ်ပါတယ်။ ဒါ့အပြင် စီးရီးအေ အိမ်ကွင်း ၄ ပွဲဆက် အနိုင်ရထားတဲ့ မှတ်တမ်းကောင်းလည်း ရှိထားပါတယ်။
နာပိုလီ
တစ်ချိန်က ရမှတ် ကွာဟချက် ကြီးမားခဲ့ပေမယ့် အခုအခါမှာတော့ နာပိုလီဟာ အတ္တလန္တာထက် ၈ မှတ်ပဲ သာပါတော့တယ်။ ဇန်နဝါရီလနှောင်းပိုင်း အီတလီစူပါဖလား ရရှိပြီးကတည်းက နာပိုလီရဲ့ စီးရီးအေ ချန်ပီယံဆု ကာကွယ်ရေးဟာ မှေးမှိန်သွားခဲ့ပြီး အခုဆိုရင် ဇယားထိပ်က အင်တာမီလန်နဲ့ ၁၁ မှတ် အထိ ကွာဟသွားခဲ့ပါပြီ။ ချန်ပီယံလိဂ်နဲ့ ကိုပါအီတာလီယာ ပြိုင်ပွဲတွေ ကနေ ထွက်ခွာခဲ့ရပြီးနောက် နာပိုလီ အတွက် အဓိက ရည်မှန်းချက်ဟာ အဆင့် ၄ အတွင်း ဝင်ဖို့ပဲ ရှိပါတော့တယ်။ ပြီးခဲ့တဲ့ တပတ်က ရိုးမားနဲ့ ပွဲမှာ အယ်လီဆန် ဆန်းတို့စ်ရဲ့ နောက်ကျ ချေပဂိုးကြောင့် သရေ ရလဒ်နဲ့ အတူ စီးရီးအေ ရှုံးပွဲ မရှိ မှတ်တမ်း ကိုတော့ ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နည်းပြ အန်တိုနီယို ကွန်တီရဲ့ အသင်းဟာ ဒဏ်ရာ ပြဿနာတွေကြောင့် ခံစစ်ပိုင်းမှာ ယိုင်နဲ့နေပါတယ်။ နောက်ဆုံး ၄ ပွဲ မှာတင် ၈ ဂိုး အထိ ပေးထားရပြီး ပေးဂိုးတွေရဲ့ အများစုဟာ ပင်နယ်တီ ကနေ ပေးလိုက်ရတာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ အတ္တလန္တာ ဘက်က ချားလ်စ် ဒီကတ်တယ်လာရီ၊ ရက်စ်ပါဒိုရီတို့ လွဲချော်ဖို့ ရှိနေပြီး နာပိုလီ ဘက်မှာတော့ စကော့တ် မက်တော်မီနေး၊ ရာမန်နီ၊ ဒီလော်ရန်ဇို၊ အန်ဂစ်ဆာ၊ ဒီဘရွန်းနားနဲ့ ဒေးဗစ် နီရက်စ် တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
အတ္တလန္တာ – ကာနက်ဆက်ချီ၊ စကယ်ဗီနီ၊ ဂျင်မ်စီတီ၊ အေဟာနော၊ ဇာပါကော်စတာ၊ အီဒါဆင်၊ ဒီရွန်၊ ဘာနက်စ်ကိုနီ၊ စမာဒစ်၊ ဇာလက်စကီး၊ ခရက်စ်တိုဗစ်
နာပိုလီ – မီလန်ကိုဗစ် ဆာဗစ်၊ ဘူကီမာ၊ ဘူအွန်ဂီရော်နို၊ ဂျေဇုစ်၊ ဂူတီယာရက်ဇ်၊ လိုဘွတ်ကာ၊ အဲလ်မက်စ်၊ စပင်နက်ဇိုလာ၊ ပိုလီတာနို၊ ဗာဂါရာ၊ ဟွိုက်ဂျ်လန်း
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဘာဂါမိုကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၆ ပွဲစလုံးမှာ နှစ်သင်းစလုံး ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး ပျမ်းမျှ တစ်ပွဲကို ၄ ဂိုး အထိ ရှိခဲ့ပါတယ်။ ကွန်တီဟာ ထိပ်သီး အသင်းတွေနဲ့ တွေ့ရင် ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်လေ့ရှိပါတယ်။ လက်ရှိ အဆင့် ၁ ကနေ အဆင့် ၇ အတွင်း အသင်းတွေနဲ့ တွေ့ဆုံမှုမှာ နာပိုလီက ရမှတ် ၁၅ မှတ် ရထားပြီး အတ္တလန္တာ ကတော့ ၇ မှတ်သာ ရထားပါတယ်။ နာပိုလီဟာ အတ္တလန္တာရဲ့ အိမ်ကွင်းကို နောက်ဆုံး ၄ ကြိမ် လာရောက် ကစားရာမှာ ၄ ကြိမ်စလုံး အနိုင်ရထားတဲ့ သမိုင်းကြောင်း ရှိပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အတ္တလန္တာ နိုင်ရင် ၂.၅၁ ဆ၊ နာပိုလီ နိုင်ရင် ၂.၆၈ ဆ၊ သရေ ဆိုရင်တော့ ၃.၀၃ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးနဲ့ အတ္တလန္တာ ဘက်က ခပ်ပါးပါး ကြေးဖွင့်ပေးထားပါတယ်။ အတ္တလန်တာဟာ နာပိုလီထက် အမှတ် ရဖို့ ပိုလိုအပ်နေတာ ဖြစ်ပေမယ့် လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့် အရေးကြီးတဲ့ ဥရောပပွဲစဉ် (ချန်ပီယံလိဂ်) ကြောင့် ဒီပွဲမှာ အာရုံအနည်းငယ် ပျံ့လွင့်နေနိုင်ပါတယ်။ လက်ရှိ စီးရီးအေ ချန်ပီယံ နာပိုလီဟာ ဒဏ်ရာရ ကစားသမား အများအပြား ရှိနေပေမဲ့လည်း ထိပ်သီး ၄ သင်း စာရင်းဝင်ဖို့ ပြိုင်ဆိုင်နေတဲ့ အသင်းကြီးတွေနဲ့ တွေ့ရင်တော့ အကောင်းဆုံး တိုက်ပွဲဝင်လေ့ ရှိပါတယ်။ ဒါကြောင့် နည်းပြ ကွန်တီနဲ့ သူ့ရဲ့ အသင်းသားတွေဟာ ဘာဂါမိုမြေ ကနေ သရေ တစ်မှတ်နဲ့ အတူ ပြန်လာနိုင်ခြေ ရှိပါတယ်။
ခန့်မှန်းရလဒ်
အတ္တလန္တာ ၁-၁ နာပိုလီ
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


