ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ ကတော့ သူတို့ရဲ့ အသင်းခေါင်းဆောင် ဖြစ်တဲ့ ခရစ္စတီယာ ရော်နယ်ဒိုကို ၂၀၂၆ ခုနှစ် ဇွန်လ အထိ စာချုပ် သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
ရော်နယ်ဒိုနဲ့ အဲလ်နာဆာ တို့ဟာ စာချုပ် သက်တမ်းတိုးဖို့ အတွက် ပြီးခဲ့တဲ့ ရက်ပိုင်း ကတည်းက သဘောတူညီမှု ရရှိထားကြောင်း သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပြီး အခု လက်ရှိမှာတော့ အသင်း တာဝန်ရှိသူ တစ်ဦးက AFP ကို ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း AFP ရဲ့ ဖော်ပြချက်မှာ ပြောဆိုခဲ့တဲ့ အသင်း တာဝန်ရှိသူရဲ့ အမည်နှင့် ရာထူး ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
အမည်မဖော်လိုတဲ့ တာဝန်ရှိသူက “ရော်နယ်ဒိုရဲ့ စာချုပ်ကို အသစ် ပြန်လည် ချုပ်ဆိုဖို့ နှစ်ဦး နှစ်ဖက် သဘောတူညီမှု ရခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်အထိတော့ လက်မှတ် မထိုးရသေးပါဘူး။ လာမယ့် ရက်ပိုင်း အတွင်းမှာ တရားဝင် ကြေညာဖို့တော့ ရှိပါတယ်။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာနဲ့ ရော်နယ်ဒိုရဲ့ လက်ရှိ စာချုပ် ကတော့ လာမယ့် ဇန်နဝါရီလမှာ သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုနဲ့ အဲလ်နာဆာတို့ စာချုပ် သက်တမ်းတိုးမယ့် သတင်းတွေက ပြီးခဲ့တဲ့ လတွေ ကတည်းက သတင်းတွေမှာ ပျံနှံနေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ကတည်းမှာတုန်းက ရော်နယ်ဒိုဟာ အဲလ်နာဆာမှာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ ကုန်ဆုံးချိန် အထိ ကစားသွားမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားထားပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ လာမယ့် ၂ နှစ် ကနေ ၃ နှစ် အတွင်း ကစားသမား ဘဝ ကနေ အနားယူဖွယ် ရှိကြောင်းလည်း ဖွင့်ဟထားပါသေးတယ်။

မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ် အသင်းတွေရဲ့ ကစားသမားဟောင်း ဖြစ်သူ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ အဲလ်နာဆာကို ပြောင်းရွှေ့ ကစားခဲ့ပါတယ်။ ရော်နယ်ဒိုက ဆော်ဒီပရိုလိဂ် ကလပ်ကို ရောက်ရှိခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၉၆ ပွဲ ကစားကာ ၈၈ ဂိုး အထိ သွင်းယူပေးထားခဲ့ပါတယ်။ ဒါ့အပြင် ပေါ်တူဂီသားကြီးက ဒီရာသီ မှာလည်း အဲလ်နာဆာ အတွက် ပြိုင်ပွဲစုံ ၂၆ ပွဲ ကစားကာ ၂၄ ဂိုး သွင်းယူပေးထားပြီး ဆော်ဒီပရိုလိဂ် မှာတော့ ၁၈ ပွဲ ကစားကာ၊ ၁၆ ဂိုး သွင်းယူထားပါတယ်။
ဒါကြောင့် ရော်နယ်ဒိုက ဒီနှစ် အတွက် ဆော်ဒီပရိုလိဂ်ရဲ့ ဂိုးသွင်း အများဆုံး စာရင်းမှာ ထိပ်ဆုံး ကနေ ဦးဆောင်ထားနိုင်ပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ တစ်ဦးချင်း အောင်မြင်မှုနဲ့ စံချိန်တွေ ဆက်တိုက် တင်ထားနိုင်ပေမယ့် အဲလ်နာဆာနဲ့ ဆုဖလား အောင်မြင်မှုတော့ မယ်မယ်ရရ ရယူထားနိုင်းခြင်း မရှိသေးပါဘူး။ အဲလ်နာဆာဟာ ဟာ လက်ရှိမှာ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် အနိုင်ရထားခြင်းနဲ့ အတူ ဆော်ဒီပရိုလိဂ် ဇယားထိပ်က အဲလ် အစ်တီဟတ်နဲ့ အဲလ်ဟီလာကို အမှီလိုက်ဖို့တော့ ကြိုးပမ်းနေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.