ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ် ကတော့ လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ အတွက် ဆိုရင် ငွေဘယ်လောက်ကုန်ကုန် သုံးဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။ အဲလ်အစ်တီဟတ်ရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ အန်မာ အဲလ်ဟာလီက အာဂျင်တီးနား တိုက်စစ်မှူးသာ အသင်းကို ပြောင်းရွှေ့ခဲ့မယ် ဆိုရင် ချက်လက်မှတ် အလွတ်ပေးပြီး လိုချင်တဲ့ လစာငွေ ပမာဏသာ ရေးထည့်ခွင့်ပြုဖို့ အသင့် ရှိနေကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အန်မာ အဲလ်ဟာလီက “မက်ဆီသာ အဲလ်အစ်တီဟတ်နဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူခဲ့ရင် ကျွန်တော်က သူ့ကို ချက်လက်မှတ် အလွတ်ပေးပြီး လိုချင်သလောက် လစာငွေကို ရေးထည့်ခွင့်ပြုမှာပါ။ စာချုပ်သက်တမ်း ကိုလည်း သူ့စိတ်ကြိုက် ရွေးချယ်ခွင့်ရမှာ ဖြစ်ပြီး တစ်သက်တာ ဆိုလည်း လိုက်လျောသွားမှာပါ။ မက်ဆီ ဆော်ဒီကို ရောက်လာပြီး အဲလ်အစ်တီဟတ် ဝတ်စုံ ဝတ်ဆင်မယ် ဆိုရင် ငွေကြေး အကျိုးအမြတ်က ကျွန်တော့် အတွက် အရေးမကြီးပါဘူး။ မက်ဆီ ကိုပဲ လိုချင်တာပါ။ ဘာကြောင့်လဲဆိုတော့ သူက ထာဝရ အကောင်းဆုံး ဘောလုံးသမား ဖြစ်နေတာကြောင့်ပါ။” လို့ ပြောကြားခဲ့ပါတယ်။
ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အစ်တီဟတ်ဟာ ပီအက်စ်ဂျီနဲ့ မက်ဆီတို့ စာချုပ်သက်တမ်းကုန်ချိန်က တစ်နှစ် လစာ ယူရို ၁.၄ ဘီလီယံနဲ့ ကမ်းလှမ်းခဲ့ဖူးပြီး မက်ဆီက ငြင်းပယ်ခဲ့ဖူးပါတယ်။ ဒါနဲ့ ပတ်သတ်လို့လည်း အဲလ် အစ်တီဟတ် ဥက္ကဌက “ဟုတ်ပါတယ်။ သူ့ကို ကျွန်တော် ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်တုန်းက တစ်နှစ်ကို ယူရို ၁.၄ ဘီလီယံနဲ့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒါပေမယ့် သူ့ရဲ့ မိသားစုက အမေရိကန်ကို သွားချင်တာကြောင့် ငြင်းပယ်ခဲ့ပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် လေးစားပါတယ်။ အဲလ် အစ်တီဟတ်က သူ့အတွက် အမြဲတမ်း တံခါးဖွင့်ထားပါတယ်။ သူ ဆန္ဒရှိတဲ့ အချိန်မှာ အချိန်မရွေး လာနိုင်ပါတယ်။”လို့ အန်မာ အဲလ်ဟာလီက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အဲလ်နာဆာက ခရစ္စတီယာနို ရော်နယ်ဒို ခေါ်ယူထားပြီးတော့ ဆော်ဒီပရိုလိဂ် ကလည်း အကျိုးအမြတ် များစွာ ရှာဖွေထားနိုင်ပါတယ်။ ဒါကြောင့် ဆော်ဒီလိဂ်က မက်ဆီ ကိုလည်း ထပ်မံ ခေါ်ယူချင်နေပြီး လိဂ်ရဲ့ အကျိုးစီးပွားကို တိုးပွားလာစေပြီး အခုထက် ပိုပြီး လူကြိုက်များလာစေဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။ ရော်နယ်ဒို ကတော့ ပြီးခဲ့တဲ့ နှစ်က အဲလ်နာဆာနဲ့ နောက်ဆုံး နှစ်နှစ် အတွင်း ပေါင် ၄၉၂ သန်းတန် စာချုပ် သက်တမ်းတိုးခဲ့ပါတယ်။ ဒီစာချုပ်မှာ ကလပ်ရဲ့ တရားဝင် ရှယ်ယာရှင် ဖြစ်လာတာလိုမျိုး အပါအဝင် တခြားသော အခွင့်အရေးတွေ ရရှိမယ့် သဘောတူညီချက်တွေလည်း ပါဝင်ပါတယ်။
ဒါကြောင့် ရော်နယ်ဒိုက လုပ်ခလစာ အနေနဲ့ တစ်နှစ်ကို ပေါင် ၁၇၈ သန်း ရရှိပြီး လက်မှတ်ထိုး အပိုဆုကြေး ပေါင် ၂၄.၅ သန်းလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယနှစ် ဆက်ကစားမယ် ဆိုရင် ပေါင် ၃၈ သန်း အထိ မြင့်တက်လာမှာ ဖြစ်ပါတယ်။ သတင်းတွေအရ ရော်နယ်ဒိုက ကလပ်ရဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်မှုကို ရရှိမှာ ဖြစ်ပြီး ဒါကလည်း ပေါင် ၃၃ သန်း တန်ကြေး ရှိနေပါတယ်။
မက်ဆီ ကတော့ ပီအက်စ်ဂျီ ကနေ ထွက်ခွာပြီးနောက် မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီကို ပြောင်းရွှေ့ခဲ့ပြီး လုပ်ခ လစာ အဖြစ် တစ်နှစ်ကို ယူရို သန်း ၅၀ ဝန်းကျင် ရရှိနေကြောင်း သိရပါတယ်။ လက်ရှိမှာ မက်ဆီက အင်တာမိုင်ယာမီနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာကြောင့် မေဂျာလိဂ် ကလပ်မှာပဲ ကစားသမား ဘဝ အဆုံးသတ်ဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


