ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အမြန်ဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်တဲ့ သီယာရီ အွန်နရီက “အရှိန်အဟုန်က အမြဲတမ်း အရေးကြီးတယ်” လို့ တစ်ခါက ပြောခဲ့ဖူးပါတယ်။ ဒီနေ့ခေတ် အင်္ဂလန် ထိပ်တန်းလိဂ်ရဲ့ ပိုမို ကြမ်းတမ်းလာတဲ့ ကစားကွက်တွေ အကြားမှာ နေရာလွတ် အနည်းငယ် ရဖို့ အတွက် အရှိန်အဟုန် ပြင်းပြင်းနဲ့ ရုန်းထွက်နိုင်စွမ်း ရှိဖို့က မရှိမဖြစ် လိုအပ်ချက်တစ်ခုပါ။ ဒါပေမဲ့ အဲဒီအရှိန်ကို မှန်မှန်ကန်ကန် အသုံးချတတ်ဖို့တော့ လိုပါတယ်။
ရီးရဲလ်မက်ဒရစ် ဂန္ထဝင် ဖရန့် ပွတ်ရှ်ကပ်စ် ကတော့ “ဘောလုံးဟာ မြန်ဆန်တဲ့ ဂိမ်းတစ်ခု ဖြစ်သင့်တယ်လို့ ကျွန်တော်လည်း ထင်ပါတယ်။ ဒါပေမယ့် လူထက် ဘောလုံးက ပိုမြန်နေရမယ်။ တစ်ဦးချင်း အရှိန်အဟုန်က အားသာချက် တစ်ခု ဖြစ်နိုင်ပေမယ့် ရည်ရွယ်ချက် မရှိဘဲ ရူးရူးမူးမူး လျှောက်ပြေးနေတာ ကတော့ ဘာတန်ဖိုးမှ မရှိပါဘူး။” လို့ ရေးသားခဲ့ဖူးပါတယ်။
အခုဖော်ပြမှာ ကတော့ The Athletic နဲ့ Gradient Sports တို့ရဲ့ အချက်အလက်တွေအရ ပရီးမီးယားလိဂ်မှာ အပြေး စတင်တဲ့ ပထမဆုံး ၃ မီတာ အတွင်း အမြန်ဆုံး အရှိန်မြှင့်တင်နိုင်စွမ်း ရှိတဲ့ ထိပ်တန်း ကစားသမား ၅ ဦး အကြောင်း ဖြစ်ပါတယ်။
၅။ ဘင်ဂျမင် ရှက်စကို (မန်ချက်စတာယူနိုက်တက်)
ဘင်ဂျာမင် ဆက်စ်ကိုဟာ ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထားသလားလို့ ထင်ရလောက်အောင် ပြည့်စုံလွန်းပါတယ်။ အရပ် ၆ ပေ ၅ လက်မ ရှိပြီး ထွားကြိုင်းပေမဲ့ ခြေနှစ်ဖက်စလုံးနဲ့ ပြင်းထန်တဲ့ ကန်ချက်တွေကို ပိုင်ဆိုင်ထားသလို အရှိန်အဟုန် ကလည်း အရမ်းမြန်ပါတယ်။ အသက် ၂၂ နှစ် အရွယ် ဒီလူငယ် တိုက်စစ်မှူးဟာ နည်းပြ မိုက်ကယ် ကာရစ်ခ်ရဲ့ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့် ရနေပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်း အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲမှာ သူ့ရဲ့ လျင်မြန်တဲ့အရှိန်ကို အသုံးချပြီး ဂိုးသွင်းယူပြခဲ့ပါတယ်။
၄။ အာရွန် ဝမ်-ဘစ်ဆာခါ (ဝက်စ်ဟမ်း)
ဝမ်-ဘစ်ဆာခါရဲ့ လျင်မြန်မှု ကတော့ လူတိုင်းသိပြီးသားပါ။ ခရစ္စတယ်ပဲလေ့စ်မှာ အတူ ကစားခဲ့ဖူးတဲ့ ဝီလ်ဖရိုင်း ဇာဟာက ဝမ်-ဘစ်ဆာခါရဲ့ ခြေတံရှည်ကြီးတွေနဲ့ လိုက်ပါ ဟန့်တားနိုင်စွမ်းကို ကောင်းကောင်း သိပါတယ်။ ၂၀၂၃ ခုနှစ် ပွဲစဉ် တစ်ခုမှာ ဇာဟာဟာ ခံစစ်ကို ကျော်ဖြတ်ပြီး တစ်ကိုယ်တော် ပြေးထွက်သွားချိန် နောက်ကနေ အပြေးလိုက်လာတဲ့ ခြေသံကို ကြားလို့ လှည့်ကြည့်လိုက်ရာမှာ “ အိုး… ဘုရားသခင်၊ ဒါ အာရွန်ပါလား” လို့ ထိတ်လန့်သွားခဲ့ရကြောင်း ပြောပြဖူးပါတယ်။ ဝမ်-ဘစ်ဆာခါဟာ သူ့ရဲ့ နာမည်ကျော်ကြားမှုနဲ့ အညီ ဇာဟာဆီ ကနေ ဘောလုံးကို အမိအရ ပြန်လည် လုယူနိုင်ခဲ့ပါတယ်။
၃။ ကာအိုရု မီတိုမာ (ဘရိုက်တန်)

မီတိုမာဟာ အသက် ၁၉ နှစ် အရွယ်မှာ တက္ကသိုလ်တက်ဖို့ အတွက် ပရော်ဖက်ရှင်နယ် စာချုပ်ကို ငြင်းပယ်ခဲ့သူပါ။ သူ တက္ကသိုလ်မှာ တင်သွင်းခဲ့တဲ့ ဘွဲ့ယူစာတမ်းက “ ဘောလုံးဆွဲပြေးခြင်း (Dribbling)” အကြောင်း ဖြစ်ပါတယ်။ သူဟာ ကစားသမားတွေရဲ့ ဦးခေါင်းမှာ GoPro ကင်မရာတွေ တပ်ပြီး လေ့လာခဲ့သလို အိုလံပစ် အပြေးကစားသမားဟောင်း ဆာတိုရု တာနီဂါဝါ ဆီကနေလည်း အပြေးစတိုင်လ်ကို သင်ယူခဲ့ပါတယ်။ သူ့ရဲ့ လေ့လာမှုအရ အကောင်းဆုံး ကစားသမားတွေဟာ ဘောလုံးကို ကြည့်မနေဘဲ ပြိုင်ဘက်ရဲ့ ဟန်ချက်ကို ပျက်အောင် လုပ်နိုင်သူတွေ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံး ကစားသမား တစ်ယောက် ဖြစ်နေတာကလည်း သူ့အတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။
၂။ အန်သိုနီ ဂေါ်ဒွန် (နယူးကာဆယ်)
အရှိန်အဟုန်ဟာ ဂေါ်ဒွန် အတွက်တော့ ပြိုင်ဘက် ခံစစ်တွေကို ဖောက်ထွက်ဖို့နဲ့ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်ဖို့ အဓိကသော့ချက်ပါပဲ။ အင်္ဂလန် နည်းပြ သောမတ်စ် တူချယ်က “သူဟာ တိုက်ရိုက် ထိုးဖောက်တတ်တဲ့ ကစားသမားပါ။ အရှိန်ပြင်းပြင်းနဲ့ ထပ်ခါတလဲလဲ ပြေးနိုင်စွမ်းရှိတာက သူ့ရဲ့ အကြီးမားဆုံး အားသာချက်ပဲ” လို့ သုံးသပ်ခဲ့ပါတယ်။
၁။ အဲလက်စ် ဟင်မီနက်ဇ် (ဘုန်းမောက်)
အေစီမီလန်နဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ဟင်မီနက်ဇ်ဟာ ပရီးမီးယားလိဂ်ရဲ့ ပြင်းထန်တဲ့ ကစားဟန်နဲ့ အစပိုင်းမှာ အသားမကျခဲ့ပေမဲ့ အခုအခါမှာတော့ လိဂ်ရဲ့ အရှိန်အဟုန်ကို ကောင်းကောင်း လိုက်ပါနိုင်နေပါပြီ။ “ကျွန်တော့်ရဲ့ ကစားဟန်မှာ အရှိန်အဟုန်နဲ့ ထိုးဖောက်မှုကို ထည့်သွင်းဖို့ အမြဲတမ်း ကြိုးစားပါတယ်။ ဒါက ကျွန်တော့်နေရာ (တောင်ပံ နောက်ခံလူ) အတွက် အရမ်းပဲ အရေးကြီးပါတယ်” လို့ သူက ဆိုပါတယ်။ လက်ရှိမှာတော့ သူဟာ ပရီးမီးယားလိဂ်ရဲ့ အရှိန်အမြှင့်နိုင်ဆုံး ကစားသမား အဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


