ပရီးမီးယားလိဂ်ထိပ်သီး ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ ပရိသတ် တစ်သိန်းဆံတဲ့ ကွင်းသစ် တည်ဆောက်ဖို့ အတွက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကွင်းသစ် တည်ဆောက် ဖြစ်ပါက အိုးလ်ထရက်ဖို့ဒ်ကွင်းကို ဖြိုဖျက်သွားမှာ မဟုတ်ပဲ ပရိသတ် ၃၀၀၀၀ အထိ လျှော့ချပြီး အမျိုးသမီးနှင့် အကယ်ဒမီ အသင်း အတွက် ဆက်လက် အသုံးပြုသွားဖို့ စီစဉ်ထားကြောင်း ဗြိတိန် သတင်းဌာနတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး ကလပ်ရဲ့ ပူးတွဲ ပိုင်ရှင် ဖြစ်တဲ့ ဗြိတိန် ဘီလျံနာ ဆာဂျင်မ် ရက်ကလစ်ဖ်ဟာ အိုးလ်ထရက်ဖို့ဒ် ဧရိယာမှာပဲ ပရိသတ် တစ်သိန်း ဝင်ဆံ့တဲ့ ကွင်းသစ်ကို ပေါင် ၂ ဘီလျံ အကုန်ချခံ တည်ဆောက်ဖို့ အဆိုပြုထားတာ ဖြစ်ပါတယ်။ ဆာဂျင်မ် ရက်ကလစ်ဖ်က ‘မြောက်ပိုင်းရဲ့ ဝင်ဘလေကွင်း’ လို့ အမည်ရတဲ့ အဲဒီ ကွင်းသစ် စီမံကိန်းကို လာမယ့် ဒီဇင်ဘာမှာ ဆုံးဖြတ်သွားဖို့ ဆန္ဒရှိနေပြီး ပရိသတ်တွေနဲ့လည်း ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
ယူနိုက်တက်ရဲ့ ကွင်းသစ် စီမံကိန်းဟာ ခန့်မှန်းချေ ၆ နှစ်တာ ကြာမြင့်မယ်လို့ သိရပြီး စီမံကိန်း ပြီးဆုံးတဲ့ အချိန် အထိ အိုးလ်ထရက်ဖို့ဒ်ကွင်း ကိုသာ ဆက်လက် အသုံးပြုသွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက် အနေနဲ့ ကွင်းသစ် တည်ဆောက် ဖြစ်ခဲ့မယ် ဆိုရင် အိုးလ်ထရက်ဖို့ဒ်ကွင်းကို မဖြိုဖျက်ဘဲ ပရိသတ် ၃၀၀၀၀ အထိ လျှော့ချပြီး အမျိုးသမီး အသင်းနဲ့ အကယ်ဒမီ အသင်းရဲ့ ပွဲစဉ်တွေ အတွက် ဆက်လက် အသုံးပြုသွားဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက် အမျိုးသမီး အသင်း ကတော့ အိမ်ကွင်း ပွဲစဉ်တွေ အတွက် အိုးလ်ထရက်ဖို့ဒ်ကွင်းနဲ့ ၁၅ မိုင် အကွာမှာ ရှိတဲ့ ပရိသတ် ၁၂၀၀၀ ဝင်ဆံ့တဲ့ Leigh Sports Village ကွင်းကို အသုံးပြုနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၄/၂၀၂၅ ဘောလုံးရာသီ အမျိုးသမီး စူပါလိဂ် ရာသီအဖွင့်ပွဲ အပါအဝင် ပွဲစဉ် သုံးပွဲစဉ်ကို အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ လက်ခံကျင်းပသွားမယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ပိုင် အိုးလ်ထရက်ဖို့ဒ်ကွင်းကို ၁၉၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်မှာ စတင် ဖွင့်လှစ်ခဲ့ပြီး သက်တမ်းအားဖြင့်တော့ ၁၁၄ နှစ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီကွင်းကို ၁၉၄၁၊ ၁၉၄၆-၁၉၄၉၊ ၁၉၅၁၊ ၁၉၅၇၊ ၁၉၇၃၊ ၁၉၉၅-၁၉၉၆၊ ၂၀၀၀၊ ၂၀၀၆ ခုနှစ်တွေမှာ အဆင့်မြှင့်တင် ပြင်ဆင်မှုတွေ ပြုလုပ်ထားခဲ့ပြီး လက်ရှိမှာတော့ ပရိသတ်ဦးရေ ၇၄၃၁၀ ဦး အထိ ဝင်ဆံ့နေပြီ ဖြစ်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်ဟာ ဗြိတိန်နိုင်ငံ တစ်ဝှမ်းမှာ ရှိတဲ့ ကလပ် အသင်းပိုင် ဘောလုံးကွင်းတွေ အနက် အကြီးဆုံး ဖြစ်ပါတယ်။ လန်ဒန်မြို့မှာ ရှိတဲ့ အင်္ဂလန်ပိုင် ဝင်ဘလေကွင်း ပြီးရင် ဒုတိယမြောက် အကြီးဆုံးလည်း ဖြစ်ပြီးတော့ ဝင်ဘလေ ကတော့ ပရိသတ် ဦးရေ ၉၀၀၀၀၀ အထိ ဝင်ဆံ့ပါတယ်။
ဒါ့ပြင် အိုးလ်ထရက်ဖိုဒ်ကွင်းရဲ့ အပြင်ဘက်မှာ ဂန္ထဝင် နည်းပြ ဆာ အဲလက်စ် ဖာဂူဆန်၊ ဆာ မတ် ဘတ်စ်ဘီ၊ ဂန္ထဝင် ကစားသမား ဂျော့ဂျ် ဘတ်စ်၊ ဒင်းနစ်လော၊ ဘော်ဘီ ချာလ်တန် တို့ရဲ့ အထင်ကရ ရုပ်တုတွေ အပြင် မြူးနစ် ဖြစ်ရပ်ဆိုး အထိမ်းအမှတ် နာရီစင် တို့လည်း ထားရှိထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


