နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်းတိုးပြီး ကောလာဟလတွေကို အဆုံးသတ်မယ့် ဆိုဘို့ဇ်ဆလိုင်း | ပရီးမီးယားလိဂ်

လစ်ဗာပူးလ် ဟန်ဂေရီ ကွင်းလယ်လူ ဆိုဘို့ဇ်ဆလိုင်းကို ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ရဲ့ အနာဂတ် ခေါင်းဆောင် တစ်ဦး အဖြစ် ရှုမြင်ခံနေရပါတယ်။ ဟန်ဂေရီသားဟာ လစ်ဗာပူးလ် အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ရှိနေပြီး ဒါဟာ အသင်း အတွက်တော့ အလွန် ကောင်းမွန်တဲ့ အင်အား ဖြည့်တင်းမှု တစ်ခု ဖြစ်လာပါလိမ့်မယ်။ 

အသက် ၂၅ နှစ် အရွယ် ကွင်းလယ်လူရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ၂၀၂၈ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် The Athletic ရဲ့ ဖော်ပြချက်အရ သူဟာ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုပြီး သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို အဆုံးသတ်သွားဖို့ ရှိနေပါတယ်။

၂၀၂၃ နွေရာသီက လိုက်ပ်ဇစ် အသင်း ဆီကနေ ပေါင် သန်း ၆၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဟန်ဂေရီ လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ရာသီမှာ ပြိုင်ပွဲစုံ ၁၃ ဂိုးသွင်း၊ ၁၂ ဂိုး ဖန်တီးပေးနိုင်ခဲ့တာကြောင့် လစ်ဗာပူးလ် အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီနွေရာသီမှာ စပါး အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ အန်ဒီ ရောဘတ်ဆန်ရဲ့ ဒုတိယ အသင်းခေါင်းဆောင် ရာထူးကို ဆက်ခံဖို့ ရေပန်းအစားဆုံး အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

 

မသေချာတဲ့ အနာဂတ် ကနေ အရေးပါဆုံးသူ ဖြစ်လာခြင်း

ပြီးခဲ့တဲ့နှစ် နွေရာသီတုန်း ကတော့ လစ်ဗာပူးလ် အသင်းမှာ ဆိုဘို့ဇ်ဆလိုင်းရဲ့ နေရာက အခုလောက်ထိ ရေရာမှု မရှိခဲ့ပါဘူး။ ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးခဲ့စဉ်တုန်းက ၃၆ ပွဲ ကစား၊ ၆ ဂိုး သွင်းပြီး အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်၊ ရာသီသစ်မစခင် အသင်းရဲ့ အကြီးအကျယ် ငွေသုံးစွဲမှုတွေကြောင့် သူ့ရဲ့ ပွဲထွက်ခွင့်နေရာဟာ ခြိမ်းခြောက်ခံခဲ့ရပါတယ်။

အထူးသဖြင့် ပေါင် သန်း ၁၀၀ တန် ဖလော်ရီယန် ဗစ်ဇ် ရောက်ရှိလာတာကြောင့် ဆိုဘို့ဇ်ဆလိုင်း ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ် တိုက်စစ် နေရာကို ဗစ်ဇ်က ဆက်ခံလိမ့်မယ်လို့ ထင်ကြေးပေးခဲ့ကြပြီး အသင်းမှာ နေရာလုရမယ့် ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့ပါတယ်။

၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးခဲ့စဉ်တုန်းက ၃၆ ပွဲ ကစား၊ ၆ ဂိုး သွင်းပြီး အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ်။
အသင်းပြောင်းမယ့် ကောလာဟလတွေကို အဆုံးသတ်တော့မယ့် ဆိုဘို့ဇ်ဆလိုင်း

ဒါပေမယ့် အသင်းရဲ့ ရလဒ်တွေ ကျဆင်းပြီး ဗစ်ဇ် အပါအဝင် တခြား ကစားသမားသစ်တွေ ရုန်းကန်နေရချိန် မှာတော့ ဟန်ဂေရီ ကြယ်ပွင့်ဟာ ပုံစံမျိုးစုံနဲ့ အသင်းကို ကယ်တင်ခဲ့ပါတယ်။ သူဟာ နေရာစုံမှာ ကစားပေးခဲ့ပြီး တစ်ခါတစ်ရံ ညာနောက်ခံလူ အဖြစ်ပါ ဝင်ရောက် ကူညီ ကစားနိုင်ခဲ့သလို၊ အဝေးကန်ချက် အလန်းစားတွေနဲ့လည်း ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မိုဟာမက် ဆာလာက ဆိုဘို့ဇ်ဆလိုင်းကို “ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ယောက်” လို့ ချီးကျူးခဲ့သလို၊ အသင်းခေါင်းဆောင် ဗန်ဒိုက်ခ် ကလည်း သူဟာ အနာဂတ် အသင်းခေါင်းဆောင် ဖြစ်လာလိမ့်မယ်လို့ အခုလို ပြောခဲ့ပါတယ်။ “ဒီရာသီမှာ သူ တကယ်ကို ခြေစွမ်းပြနေပါတယ်။ ဒါ့အပြင် သူဟာ ဒီအသင်းရဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်လာဖို့ နောက်ထပ် ခြေလှမ်းတစ်ရပ်ကို လှမ်းနိုင်မယ့်သူလို့ ကျွန်တော် ထင်ပါတယ်။ ခေါင်းဆောင်မှု ဆိုတာ စံနမူနာပြတာ ကနေ စတင်တာ ဖြစ်ပြီး အဲဒါကို သူ ဒီရာသီမှာ လက်တွေ့ပြသနေပါတယ်။” လို့ ဗန်ဒိုက်ခ်က ဆိုပါတယ်။

 

ဆိုဘို့ဇ်ဆလိုင်းနဲ့ လစ်ဗာပူးလ် အသင်း ဘာတွေဆက်ဖြစ်မလဲ

ဟန်ဂေရီ အသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် ဆိုဘို့ဇ်ဆလိုင်းဟာ နွေရာသီ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်ကစားခဲ့ရခြင်း မရှိဘဲ ဒီတပတ် မှာတော့ လစ်ဗာပူးလ်ရဲ့ ရာသီကြို လေ့ကျင့်ရေးဆီ စောစောစီးစီး ပြန်လည် ပူးပေါင်းနေပြီ ဖြစ်ပါတယ်။ နိုင်ငံတကာပွဲ တာဝန်တွေကြောင့် အားလပ်ရက် ပိုမိုရရှိထားတဲ့ တခြား အဓိက ကစားသမား တချို့ ကတော့ နွေရာသီနှောင်းပိုင်းမှသာ ပြန်လာကြမှာပါ။

လစ်ဗာပူးလ် အသင်း ကတော့ အခုနွေရာသီမှာ အပြောင်းအလဲများစွာနဲ့ အရေးကြီးတဲ့ အလှည့်အပြောင်း တစ်ခုကို ရင်ဆိုင်နေရပါတယ်။ စိတ်ပျက်စရာ ရာသီ တစ်ခု အပြီးမှာ ရာထူး ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ အာနေး ဆလော့တ်ရဲ့ နေရာမှာ အန်ဒိုနီ အီရာအိုလာ ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒါ့အပြင် Fenway Sports Group ရဲ့ CEO ဖြစ်သူ မိုက်ကယ် အက်ဒ်ဝပ်စ် ကလည်း ရာထူး ကနေ ရုတ်တရက် နှုတ်ထွက်သွားခဲ့သလို၊ ဒါရိုက်တာ ရစ်ချက် ဟျူးစ် ကလည်း ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာ အသင်းဆီ ပြောင်းရွှေ့ဖို့ ရှိနေပါတယ်။

လောလောဆယ် မှာတော့ ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ နောက်ခံလူ ဂျေရမီ ဂျတ်ကတ်နဲ့ တောင်ပံ ကစားသမား ဗစ်တာ မူနော့ဇ် တို့ကို ပေါင် သန်း ၈၀ ဝန်းကျင် သုံးစွဲပြီး ခေါ်ယူထားပြီးပါပြီ။ အထူးသဖြင့် အသင်း ကနေ ထွက်ခွာသွားပြီ ဖြစ်တဲ့ ဆာလာရဲ့ နေရာကို အစားထိုးဖို့ အပါအဝင် နောက်ထပ် ကစားသမားသစ်တွေ ရာသီမစခင် ထပ်မံ ရောက်ရှိလာဦးမှာ ဖြစ်ပါတယ်။

နည်းပြသစ် အီရာအိုလာ ကလည်း သူ့ရဲ့ ပထမဆုံး မီဒီယာ တွေ့ဆုံမှုမှာ “ကျွန်တော်တို့ ကစားသမားသစ် နှစ်ဦး ခေါ်ယူထားပြီးပြီဆိုပေမယ့် နောက်ထပ် ကစားသမားတွေ ထပ်လိုပါသေးတယ်။ ဒါကို ကျွန်တော်တို့ သိပါတယ်။ ကလပ် အသင်း ဘက်ကလည်း ဒါကို လုပ်ဆောင်နေပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်