ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – တော့တင်ဟမ်ဟော့စပါး
အခုတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အစောဆုံး ပွဲစဉ် ဖြစ်တဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်နဲ့ စပါး တို့ရဲ့ တွေ့ဆုံမှုကို ခန့်မှန်းသုံးသပ်ပေးသွားမှာ ဖြစ်ပါတယ်။
ဝုဗ်နဲ့ စပါး တို့ဟာ မိုလီနက်စ် ကွင်းမှာ ရင်ဆိုင်ကြရမှာ ဖြစ်ပြီး နှစ်သင်းစလုံးဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၁) မှာ ရှုံးပွဲ ကိုယ်စီ တွေ့ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဝုဗ်ဟာ ရှက်ဖီးလ်ယူနိုက်တက်ကို ရှုံးပြီး စပါး ကိုတော့ ချဲလ်ဆီးကို အိမ်ကွင်းမှာ ၁-၄ ရလဒ်နဲ့ အပြတ်အသတ် အရေးနိမ့်ထားတာ ဖြစ်ပါတယ်။ ဒီရာသီ အတွက် ပထမဦးဆုံး ပရီးမီးယားလိဂ် ရှုံးပွဲတွေ့ထားခဲ့တဲ့ စပါးတို့ ချန်ပီယံဆုကို ဆက်လက် စိန်ခေါ်နိုင်ရေး ရလဒ်ကောင်း တစ်ခု ပြန်လည် ရှာဖွေဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ကွင်း ကစားပုံ မာကျောတဲ့ ဝုဗ်ကြောင့် စပါးတို့ မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်လာနိုင်ပါ့မလား ဆိုတာ စိုးရိမ်စရာတော့ ရှိပါတယ်။
နှစ်ဖက်အသင်း သတင်းများ

စပါး ဘက်မှာလည်း ဒဏ်ရာ ပြဿနာ အပြင် ပွဲပယ် ပြဿနာတွေလည်း ရှိနေပြီး အူဒိုဂီနဲ့ ရိုမဲရိုးတို့ ချဲလ်ဆီးနဲ့ ပွဲက အနီကတ်ကြောင့် လွဲချော်မှာ ဖြစ်သလို ဆီဆက်နွန်၊ ဆော်လမွန်၊ ဝှိုက်မန်း၊ ပါရီဆစ်၊ လိုရစ်တို့ ပါဝင်ကစားပေးနိုင်မှာ မဟုတ်ပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – ဂျိုဆေး ဆား၊ မက်စ် ကီးလ်မန်း၊ ခရိတ် ဒေါ်ဆင်၊ တိုတီ ဂိုးမက်စ်၊ နယ်လ်ဆင် ဆီမီဒို၊ မာရီယို လီမီနာ၊ တွမ်မီ ဒွိုင်း၊ အိတ် နူရီ၊ ကွန်ညာ၊ ဟွမ်ဟီးချန်း၊ ဆာဆာ ကာလက်ဇစ်
တော့တင်ဟမ်ဟော့စပါး – ဗီကာရီယို၊ ပေါ်ရို၊ ဟော့ဂျက်၊ ဗန်ဒဗင်၊ အီမာဆင်၊ ဘစ်ဆူးမား၊ ပါပီ ဆား၊ ကူလူဆက်ဗ်စကီး၊ မက်ဒီဆင်၊ ဂျွန်ဆင်၊ ဆွန်




ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်း အကြား ၁၅ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဝုလ်ဗ်စ်က ၄ ကြိမ်နိုင် ၃ ကြိမ်သရေ စပါးစ်က ၈ ကြိမ် အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ဝုဗ်က ၂ ပွဲ နိုင် ၂ ပွဲ သရေ ၁ ပွဲ ရှုံးခဲ့ပြီး စပါးစ်က ၄ ပွဲနိုင် ၁ ပွဲ ရှုံးခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP ရဲ့ 1X2 မှာ ဝုဗ် နိုင်ရင် ၂.၉၅ ဆ၊ စပါး နိုင်ရင် ၂.၁၇ ဆနဲ့ သရေဆိုရင် ၃.၃၅ ဆပါ။ Handicap မှာ စပါးက သရေ အရှုံးပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံး သရေပါ။ စပါးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က စိတ်ပျက်ဖွယ် ရလဒ်ကြောင့် ဒေါသထွက်နေမှာ ဖြစ်ပြီး အန္တရာယ်ပေးနိုင်စွမ်းတဲ့ ဝုဗ်ဟာ ပိုစတီကိုဂလူးရဲ့ ကျားနာ နာနာခဲမယ့် စပါးကို ရင်ဆိုင်ဖို့ တော်တော်လေးတော့ ခက်ခဲမှာ ဖြစ်ပါတယ်။ ဝုဗ်ဟာ ပြီးခဲ့တဲ့လက မန်စီးတီးကို မိုလီနက်စ်ကွင်းမှာ အံ့အားသင့်ဖွယ် အနိုင်ယူနိုင်ခဲ့ပြီး ဝံပုလွေတွေဟာ အိမ်ကွင်းမှာဆို ဘယ်အသင်းမှ ဗိုလ်မထားတတ်တာကြောင့် အားနည်းနေတဲ့ စပါးကို အကောင်းဆုံး တုံ့ပြန်သွားမှာ ဖြစ်လို့ သရေကျသွားမယ် ဆိုရင်တောင် အံ့အားသင့်စရာ မဟုတ်ပါဘူး။ 1X နဲ့ ဂိုးပေါင်းအောက်ကို တွဲကစားတာ အကောင်းဆုံးပါပဲ။
ခန့်မှန်းရလဒ်
ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ၁-၁ တော့တင်ဟမ်ဟော့စပါး
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.