နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ကိုနာတေးကို စာချုပ်သက်တမ်းတိုးဖို့ တောင်းဆိုထားတဲ့ ဆလော့တ်နဲ့ ဗန်ဒိုက်ခ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ အသင်းရဲ့ ဗဟိုခံစစ်မှူး အီဘရာဟီမာ ကိုနာတေးရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ လက်ရှိအချိန်ထိ ရေရေရာရာ ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။ ဒီအချိန်မှာ ကိုနတေးကို စာချုပ်သက်တမ်းတိုးဖို့ အတွက် အသင်းဖော် ဗာဂျယ် ဗန်ဒိုက်ခ်က တိုက်တွန်းထားသလို၊ နည်းပြ အာနေး ဆလော့တ် ကလည်း အမြန်ဆုံး သဘောတူညီမှု ရစေချင်နေပါတယ်။

ကိုနာတေးရဲ့ ပရီးမီးယားလိဂ် ကလပ်နဲ့ လက်ရှိစာချုပ်ဟာ ဒီရာသီ အကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး စာချုပ်သစ် အတွက် လုပ်ဆောင်ရာမှာ တိုးတက်မှုတွေက တော်တော်လေး နှေးကွေးနေပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပရဲ့ ထိပ်တန်း ကလပ်တွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး စဉ်ဆက်မပြတ် စောင့်ကြည့်နေကြပါတယ်။

ဒီအချိန်မှာ ဗန်ဒိုက်ခ်က “သူ့ကို အသင်းမှာ ဆက်ရှိစေချင်တာကတော့ အထင်အရှားပါပဲ။ သူက ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ အရေးပါတဲ့သူ တစ်ယောက်ပါ။ ကျွန်တော့် အမြင် မှာတော့ သူဟာ ကမ္ဘာ့အဆင့်မီ ဗဟိုနောက်ခံလူ တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ကတော့ ဒီလောက်ပဲ ပြောနိုင်တာပါ။ အားလုံးက အသင်း၊ သူနဲ့ သူ့ရဲ့ အေးဂျင့်တွေ လက်ထဲမှာပဲ ရှိပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

နည်းပြ ဆလော့တ် ကလည်း ကိုနာတေးဟာ အသင်း အတွက် “ မရှိမဖြစ်” အရေးပါသူလို့ ဆိုပြီး “ကျွန်တော်တို့ သူနဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဒါက ကျွန်တော်တို့ သူ့ကို ဆက်ထိန်းထားချင်တယ် ဆိုတာကို ပြသနေတာပါ။ ဆွေးနွေးမှုတွေ ကတော့ လက်ရှိမှာ ဆက်လက် လုပ်ဆောင်နေဆဲပါပဲ။” လို့ အတည်ပြုခဲ့ပါတယ်။

ကိုနာတေးရဲ့ ပရီးမီးယားလိဂ် ကလပ်နဲ့ လက်ရှိစာချုပ်ဟာ ဒီရာသီ အကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး စာချုပ်သစ် အတွက် လုပ်ဆောင်ရာမှာ တိုးတက်မှုတွေက တော်တော်လေး နှေးကွေးနေပါတယ်။
ဒီရာသီ လစ်ဗာပူးလ်ရဲ့ ခံစစ်ပိုင်းမှာ အမှားတွေ များနေခဲ့တဲ့ ကိုနာတေး

လစ်ဗာပူးလ်ဟာ အသင်းရဲ့ ထိပ်တန်း ကစားသမား ထရန့် အလက်ဇန္ဒား အာနိုးလ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ခဲ့ရပြီးနောက် ၁၂ လ အကြာမှာ နောက်ထပ် အရေးပါတဲ့ ကစားသမား တစ်ဦးကို အလွတ်နဲ့ ထပ်မံ ဆုံးရှုံးရဖို့ ရှိနေတာပါ။ ဒါဟာ အသင်း အတွက် စီးပွားရေးအရ ကြီးမားတဲ့ နစ်နာမှု ဖြစ်ပါတယ်။ အဓိက ကတော့ ကိုနာတေးက လုပ်ခ လစာငွေ တိုးမြှင့် တောင်းဆိုနေပြီး ပြင်သစ်သားက ဗန်ဒိုက်ခ်၊ ဆာလာ တို့လို အသင်းရဲ့ လစာ အများဆုံး ကစားသမားတွေနဲ့ တန်းတူ လစာမျိုး ရရှိဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ဘဏ္ဍာရေး အခြေအနေ အရ ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ လစာပေးချေမှု အသုံးစရိတ် မြင့်တက်နေပါတယ်။ ဒါ့အပြင် လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရ၊ မရ မသေချာသေးတဲ့ အတွက် ဝင်ငွေ အပေါ် မူတည်ပြီး စဉ်းစားနေရပါတယ်။ စာချုပ် သက်တမ်း ကုန်ဆုံးခါနီးနေတဲ့ အသက် ၂၆ နှစ် အရွယ် ကိုနာတေးကို တခြားသော ဥရောပ ကလပ်တွေက လက်ရှိမှာ တောက်လျောက် ချိတ်ဆက်လာနေကြပါတယ်။ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရင် ကစားသမား အနေနဲ့ လက်မှတ်ထိုးကြေး ပိုရနိုင်တာကြောင့် ဒါဟာလည်း လစ်ဗာပူးလ်တို့ ကိုနာတေးကို စာချုပ်သစ် ချုပ်ဖို့ နှောင့်နှေးရခြင်း အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ ရာသီအစမှာ ကိုနာတေးကို စိတ်ဝင်စားမှု လျော့နည်းသွားခဲ့ပေမယ့် မာ့ခ် ဂူဟီနဲ့ ဒါယော့တ် အူပါမီကာနို တို့ကို ခေါ်ယူဖို့ မဖြစ်နိုင်တော့တာကြောင့် ကိုနာတေးကို ပြန်လည် ပစ်မှတ်ထားလာပါတယ်။ တဖက်မှာ ကိုနာတေးရဲ့ မွေးရပ်မြေ ကလပ် ပီအက်စ်ဂျီက သူ့ကို ပြန်လည် ခေါ်ယူဖို့ အမြဲတမ်း စောင့်ကြည့်နေသလို၊ ဘာစီလိုနာ ကလည်း ဒီအပြောင်းအရွှေ့ ပြိုင်ပွဲထဲမှာ အချိန်မရွေး ဝင်ရောက်လာနိုင်ပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ် ကလည်း အူပါမီကာနိုနဲ့ စာချုပ်သစ် မချုပ်ခင် အထိ ကိုနတေးကို စိတ်ဝင်စားခဲ့ဖူးပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်