နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ပရီးမီးယားလိဂ် ၆ သင်း အထိ ပါဝင်ယှဉ်ပြိုင်ခွင့်ရမယ့် လာမယ့်နှစ် ချန်ပီယံလိဂ်

မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်ရောက်ပြီးနောက် လာမယ့် ဘောလုံးရာသီ ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ် ၆ သင်း အထိ ပါဝင် ယှဉ်ပြိုင်ခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။

ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ မန်ချက်စတာယူနိုက်တက်က စပိန် ကလပ် ဘီလ်ဘာအိုကို နှစ်ကျော့ပေါင်း ၇-၁ ရလဒ်နဲ့ အနိုင်ရခဲ့သလို စပါး ကလည်း နော်ဝေ ကလပ် ဘိုဒို ဂလင့်မ်ကို နှစ်ကျော့ပေါင်း ၅-၁ ရလဒ်နဲ့ အသီးသီး အနိုင်ရပြီး ဗိုလ်လုပွဲကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရာသီ ယူရိုပါလိဂ် ဗိုလ်လုပွဲဟာ All English Final ဖြစ်ခဲ့ပြီး အနိုင်ရတဲ့ အသင်းက လာမယ့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ချန်ပီယံလိဂ်ကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ 

အင်္ဂလန် ကလပ်တွေ အနေနဲ့ ဒီရာသီ ဥရောပ ပြိုင်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရရှိထားတာကြောင့် ဥရောပ ဘောလုံးအဖွဲချုပ် (UEFA) ရဲ့ အဆင့် သတ်မှတ်ချက်မှာ အဆင့် ၁ ရှိခဲ့ပြီး လာမယ့် ရာသီ ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ် ၅ သင်း အထိ ယှဉ်ပြိုင်ခွင့်ရရှိထားပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ စပါးတို့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာကြောင့် အခု ဗိုလ်လုပွဲမှာ အနိုင်ရတဲ့ အသင်း အပါအဝင် လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ် ၆ သင်း အထိ ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ယူရိုပါလိဂ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ စပါးတို့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာကြောင့် အခု ဗိုလ်လုပွဲမှာ အနိုင်ရတဲ့ အသင်း အပါအဝင် လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ် ၆ သင်း အထိ ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
All English Final အဖြစ် မြင်တွေ့ရမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲ

စပါးနဲ့ မန်ချက်စတာယူနိုက်တက် တို့ဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲ အဖြစ် မေလ ၂၁ ရက်နေ့မှာ ဘီလ်ဘာအိုရဲ့ အိမ်ကွင်း ဆမ်းမားမက်စ်မှာ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။ ၂၀၂၄-၂၀၂၅ ဘောလုံး ရာသီ ယူရိုပါလိဂ်ရဲ့ ဗိုလ်လုပွဲဟာ ပြိုင်ပွဲ သမိုင်းရဲ့ တတိယမြောက် All English Final အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။ ယူရိုပါလိဂ် (ယခင် ယူအီးအက်ဖ်အေဖလား) ပြိုင်ပွဲကို ၁၉၇၁-၁၉၇၂ ဘောလုံးရာသီမှာ စတင် ကျင်းပခဲ့တာ ဖြစ်ပြီး ဒီရာသီနဲ့ ဆိုရင်တော့ ၅၄ ကြိမ်မြောက် ဖြစ်ပါတယ်။ 

ပထမဦးဆုံး ကျင်းပခဲ့တဲ့ ၁၉၇၁-၁၉၇၂ ရာသီမှာ စပါးနဲ့ ဝုဗ် တို့ရဲ့ All English Final အဖြစ် စတင်ခဲ့ပြီးနောက် ၂၀၁၈-၂၀၁၉ ရာသီ မှာတော့ ချဲလ်ဆီးနှင့် အာဆင်နယ် တို့ရဲ့ All English Final ကို ဒုတိယ အကြိမ် မြင်တွေ့ခဲ့ရပါတယ်။ လက်ရှိရာသီ မှာတော့ တတိယ အကြိမ်မြောက် All English Final အဖြစ် စပါးနဲ့ မန်ချက်စတာယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ 

ဒီနှစ် ယူရိုပါလိဂ် မှာတော့ မန်ချက်စတာယူနိုက်တက်က ချန်ပီယံဆု ရရှိဖို့ ပိုပြီး ရေပန်းစားနေပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ စပါး တို့ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပြီး ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပေမယ့်လည်း ဒီပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့ အသင်း ကတော့ လာမယ့် ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ ရရှိမှာ ဖြစ်ပါတယ်။ ယူရိုကွန်ဖရင့်လိဂ် မှာလည်း အင်္ဂလန် ကလပ် ချဲလ်ဆီးက ဗိုလ်လုပွဲကို တက်လှမ်းထားပြီး ဘက်တစ်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်