နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာမယ့် ပွဲစဉ်တွေမှာလည်း ပိုမို ခြေစွမ်းပြသနိုင်ဖို့ မျှော်လင့်နေတဲ့ ရက်ရှ်ဖို့ဒ် | ပရီးမီးယားလိဂ်

မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီးနောက် အသင်းဖော်တွေရဲ့ ချီးကျူးခြင်း ခံနေရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရက်ရှ်ဖို့ဒ်က သူ့ရဲ့ ခြေစွမ်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ပြီးတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မှာလည်း ဂိုးဖန်တီး မှုတွေ ပိုမို ပြုလုပ်ပေးနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်မှာ ရုန်းကန်ခဲ့ရပြီးနောက် အက်စတွန်ဗီလာမှာ သူ့ရဲ့ ယခင် ခြေစွမ်းကောင်းတွေကို ပြန်လည် ရရှိနိုင်ဖို့ မျှော်လင့်ထားသူ ဖြစ်ပါတယ်။ အက်စတွန်ဗီလာ နည်းပြ အူနိုင်း အမ်မရီရဲ့ ရည်မှန်းချက် ကလည်း ရက်ရှ်ဖို့ဒ်ရဲ့ ကစားသမား ဘဝကို ပြန်လည် အသက်သွင်းနိုင်ဖို့ ဖြစ်ပြီး ချဲလ်ဆီးနဲ့ ပွဲမှာ အံ့မခန်း ခြေစွမ်းပြခဲ့တဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ် သူ့ရဲ့ ရည်မှန်းချက် တွေကို အခုလိုပဲ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

ဒါပေမယ့်လည်း ရက်ရှ်ဖို့ဒ်က သူ့ရဲ့ ခြေစွမ်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ပြီးတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မှာလည်း ဂိုးဖန်တီး မှုတွေ ပိုမို ပြုလုပ်ပေးနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
ဗီလာ အတွက် ပွဲချိန်ပြည့် မကစားပေးရသေးတဲ့ ရက်ရှ်ဖို့ဒ်

ချဲလ်ဆီးကို အနိုင်ရရှိပြီးနောက် နည်းပြ အူနိုင်း အမ်မရီက ရက်ရှ်ဖို့ဒ်ကို ခြေစွမ်းပြနိုင်ဖို့ ဆက်လက် တိုက်တွန်းသွားမှာ ဖြစ်ပြီးတော့ ကလပ်မှာ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ သက်တောင့် သက်သာ ရှိနေစေဖို့ ကူညီပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အမ်မရီက “ကျွန်တော်တို့ သူ့ကို အားပေးချင်ပါတယ်။ ကူညီချင်ပါတယ်။ ဒီမှာ သက်တောင့် သက်သာ ရှိစေဖို့ ကူညီပေးချင်ပါတယ်။ ကျွန်တော် တိုနဲ့ အတူ ယုံကြည်မှု ရရှိစေဖို့ ကူညီပေးချင်တယ်။ ကျွန်တော် တို့ရဲ့ နည်းဗျူဟာပိုင်း ဆိုင်ရာ အကြံဉာဏ်တွေမှာ သူ့ရဲ့ ကျွမ်းကျင်မှုတွေကို အသုံးပြုဖို့ ကြိုးစားချင်တယ်။ သူ့ကို တောင်းဆိုမှုတွေ ပြုလုပ်သွားမှာပါ။ သူဟာ ဒီလုပ်ငန်းစဉ်ထဲမှာ ရှိနေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အမ်မရီက “သူက အံ့အားသင့်ဖွယ် ကောင်းတဲ့ ၄၅ မိနစ် ကစားခဲ့တာတော့ သေချာပါတယ်။ အခု သူ့ကို တသမတ်တည်း ကစားစေချင်ပါတယ်။ ဒီနေ့လိုပဲ ပိုပိုပြီး အရေးပါလာမယ်လို့ မျှော်လင့်ပါတယ်။ သူ့အတွက် အရေးကြီးဆုံး အရာက ကျွန်တော် တိုနဲ့ အတူ ဒီမှာ နေပြီး ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ ယုံကြည်မှုနဲ့ သက်တောင့် သက်သာရှိဖို့ပါပဲ။ ဒါက ကျွန်တော့်ရဲ့ ရည်မှန်းချက်ပါ။” လို့ ပြောကြားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အငှား စာချုပ်နဲ့ ယူနိုက်တက် ကနေ အက်စတွန်ဗီလာကို ပြောင်းရွှေ့ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းက ထိုက်တန်ကြောင်း သက်သေပြနိုင်နေပြီ ဖြစ်ပါတယ်။ အင်္ဂလန်သားက ယူနိုက်တက်မှာ အသင်းရဲ့ ကစားသမား စာရင်း ကနေ ချန်လှပ်ခံရပြီးနောက် အက်စတွန်ဗီလာရဲ့ မှန်ကန်တဲ့ အစီအစဉ်တွေ အောက်မှာတော့ အရည်အသွေး ရှိတဲ့ ကစားသမား ဖြစ်နေဆဲ ဆိုတာ သက်သေပြနေဆဲ ဖြစ်ပါတယ်။ရက်ရှ်ဖို့ဒ်ဟာ အက်စတွန်ဗီလာ အတွက် ပွဲအချိန်ပြည့် ဝင်ရောက် ကစားခွင့် ရရှိတဲ့ ပွဲစဉ် မရှိသေးပေမယ့် ပါဝင်ခွင့်ရချိန်တိုင်းမှာ ပုံစံကောင်းတွေ ပြသထားနိုင်တာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ချဲလ်ဆီးနဲ့ ပွဲမှာ မာကို အဆန်စီယို အတွက် ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး အက်စတွန်ဗီလာ ကလည်း ၁ ဂိုး အရှုံး ကနေ ပြန်လာနိုင်ခဲ့ပြီးတော့ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အက်စတွန်ဗီလာက ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၄၂ မှတ်နဲ့ အတူ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့်လည်း အက်စတွန်ဗီလာက အဆင့် ၄ နေရာက မန်စီးတီးနဲ့ ၂ မှတ်သာ ကွာဟနေပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် မျှော်လင့်ချက် အပြည့်အဝ ရှိနေဆဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်