အာဆင်နယ် အနေနဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ကစားသမား ခေါ်ယူဖို့ ပျက်ကွက်ခဲ့ခြင်းက သူတို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် စိန်ခေါ်နိုင်မှုကို တိုတောင်းစေခဲ့တယ်လို့ ဂယ်ရီ နဗီးလ်က ပြောဆိုလိုက်ပါတယ်။
လက်ရှိမှာ လစ်ဗာပူးလ်က အာဆင်နယ်က ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့မှု အပေါ် အခွင့်ကောင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ကနေ ၁၁ မှတ် ဖြတ် ဦးဆောင်ထားနိုင်ပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပထမ ဦးစားပေး တိုက်စစ်မှူးတွေ ဖြစ်တဲ့ ကိုင် ဟာဗက်ဇ်နဲ့ ဂါဘရီရယ် ဂျေဇုစ် တို့ကို ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရပြီးနောက် ကွင်းလယ်လူ မီခဲလ် မာရင်နိုကို ဝက်စ်ဟမ်းနဲ့ ပွဲမှာ ရှေ့တန်းတင် ကစားခဲ့ရပါတယ်။ ဒါ့အပြင် အာဆင်နယ်ရဲ့ အစောပိုင်း ဒဏ်ရာရ ကစားသမား စာရင်းမှာ ဘူကာယို ဆာကာနဲ့ ဂါဘရီရယ် မာတီနယ်လီ တို့လည်း ရှိနေပြီးတော့ တိုက်စစ်ပိုင်းက တော်တော်လေး အားနည်းနေခဲ့တာ ဖြစ်ပါတယ်။ နည်းပြ မီခဲလ် အာတေးတား ကိုယ်တိုင်က ဆောင်းရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး လိုအပ်ကြောင်း ပြောကြားခဲ့ပေမယ့် အသင်း တာဝန်ရှိသူတွေ ဘက်က လျစ်လျူရှုခဲ့တဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ အာဆင်နယ် ကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ ပတ်သတ်ပြီးတော့ ဂယ်ရီ နဗီးလ်က သူ့ရဲ့ အမြင်ကို အခုလိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မှာ သူတို့ စီးပွားရေး မလုပ်ချင်ဘူး ဆိုတာ ကျွန်တော် သိပါတယ်၊ စျေးကွက်မှာ သူတို့ လိုချင်တဲ့ တန်ဖိုးနဲ့ ကစားသမား မရှိဘူးလို့ ထင်ခဲ့ပုံပါပဲ။ သူတို့ ဆာကာနဲ့ ဂျေဇုစ်ကို ဆုံးရှုံးခဲ့ရတယ် ဆိုတာ ကျွန်တော် သိပါတယ်၊ ဟာဗက်ဇ်ကို ဆုံးရှုံးခဲ့ရတာ ကလည်း အာဆင်နယ် အတွက် ကြီးမားတဲ့ ပြဿနာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ကွင်း ဝက်စ်ဟမ်းနဲ့ ပွဲမှာတော့ သူတို့ အလုပ် ဖြစ်အောင် လုပ်ရမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဂယ်ရီ နဗီးလ်က ဒီရာသီ မန်စီးတီးတို့ ချန်ပီယံ ပြေးလမ်း ကနေ သွေဖယ်သွားချိန်မှာ အာဆင်နယ်ကို မျှော်လင့်ခဲ့ပေမယ့် စိတ်ပျက်စရာ ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နဗီးလ်က မီခဲလ် အာတေးတားရဲ့ အသင်းက ဒီရာသီ အစောပိုင်း ပွဲစဉ်တွေမှာ set-pieces တွေကို စွဲလမ်းနေခဲ့ကြောင်းလည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နှစ်ရာသီ ဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အကောင်းဆုံး စိန်ခေါ်နိုင်ခဲ့ပေမယ့် ဒုတိယ အဖြစ်နဲ့သာ ကျေနပ်ခဲ့ရသလို ဒီရာသီမှာလည်း ၃ ရာသီဆက် ဒုတိယလူ ဖြစ်ဖို့ များနေပြီ ဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာက နော့တင်ဟမ်ဖောရက်စ်ကို ၆ မှတ် ဖြတ်ထားပေမယ့် ဇယား ထိပ်က လစ်ဗာပူးလ်နဲ့တော့ ၁၁ မှတ် ပြတ်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်က လက်ကျန် ပွဲစဉ်တွေမှာ ယူနိုက်တက်၊ ချဲလ်ဆီး၊ ဘုန်းမောက်၊ လစ်ဗာပူးလ်၊ နယူးကာဆယ် တို့လို အသင်းကောင်းတွေနဲ့ ရင်ဆိုင်ကစားဖို့ ကျန်ရှိနေပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.