အိုဆင်ဟန် အတွက် ယူရို သန်း ၁၅၀မှ မရရင် မစဉ်းစားဘူး ဆိုတဲ့ နာပိုလီ၊ ဝေဖန်မှုတွေကို အကောင်းဆုံး တုံ့ပြန်ခဲ့တဲ့ ဝက်ဂ်ဟော့စ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၃ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ယူရို သန်း ၁၅၀ မှ မရရင် အိုဆင်ဟန်ကို ရောင်းဖို့ အစီအစဉ် မရှိတဲ့ နာပိုလီ
ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းတွေနဲ့ ဂိုးတွေ ဆက်တိုက် သွင်းနေပြီး နာပိုလီကို စီးရီးအေ ဇယား ထိပ်ဆုံး နေရာနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပို့ဆောင် ပေးထားတဲ့ ဗစ်တာ အိုဆင်ဟန် ကတော့ အသင်းကြီးတွေရဲ့ ပစ်မှတ် အဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် နွေရာသီမှာ တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ ပြင်ဆင်နေခဲ့ပြီးတော့ စပါး တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ အိုဆင်ဟန် တို့က အဓိက ပစ်မှတ် အဖြစ် ရှိနေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆိုဆင်ဟန်ဟာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှု ရောက်လာရင် နာပိုလီ တာဝန်ရှိသူတွေကို နားထောင်စေချင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း နာပိုလီ အသင်း အကြီးအကဲ အော်ရီလီယို ဒီ လော်ရန်းတစ်နဲ့ အားကစား ဒါရိုက်တာ တို့ကတော့ ယူရိုသန်း ၁၅၀ ထက် လုံးဝမ မလျော့တဲ့ ကမ်းလှမ်းမှုတွေ ကိုသာ စဉ်းစားသွားဖို့ ရှိနေပါတယ်။
ဝေဖန်မှုတွေကို အကောင်းဆုံး တုံ့ပြန်ခဲ့တဲ့ ဝက်ဂ်ဟော့စ်
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဝတ် ဝက်ဂ်ဟော့စ်က သူ့အနေနဲ့ အသင်း အတွက် ကောင်းမွန်စွာ အလုပ်လုပ်နေသလို နည်းပြ အဲရစ်ခ် တန်ဟတ်ဂ်ရဲ့ ယုံကြည်မှု ကိုလည်း အပြည့်အဝ ရရှိထားတယ်လို့ ဝေဖန်မှုတွေကို ပြန်လည် တုံ့ပြန်သွားပါတယ်။
ဝက်ဂ်ဟော့စ်ဟာ ပရီးမီးယားလိဂ် ကလပ် အတွက် ကစားချိန်မှာ ဝေဖန်မှုတွေ အများအပြား ခံနေရပြီး ပေါလ်စခိုးလ်က သူဟာ ယူနိုက်တက်မှာ ကစားဖို့ လိုအပ်တဲ့ အရည်အသွေး မရှိဘူးလို့ ပြောထားခဲ့ပါတယ်။ ပီတာ ရှမိုက်ကယ် ကလည်း ဒါကို သဘောတူခဲ့ပြီး တန်ဟတ်ဂ်ရဲ့ လူစာရင်းမှာ ဝက်ဂ်ဟော့စ်ဟာ ထူးဆန်းတဲ့သူ ဖြစ်နေတယ်လို့ ပြောခဲ့တာပါ။
ဒါတွေနဲ့ ပတ်သက်ပြီး ဝက်ဂ်ဟော့စ်က “ ကျွန်တော်ဟာ ပွဲတွေ အများကြီး ကစားခဲ့ပြီး ဒါဟာ ကျွန်တော့် အပေါ်မှာ ယုံကြည်မှုကို ပြသတာပါ။ ဒါက ကျွန်တော် အသင်း အတွက် အလုပ် ကောင်းမွန်စွာ လုပ်နေတယ် ဆိုတာ ပြသတာပါ။ ကျွန်တော် ဒီကို လာတုန်းက လိုချင်တဲ့ အရာက အသင်းကို ဆုဖလားတွေနဲ့ အောင်မြင်မှု ရအောင် ကူညီပေးဖို့ပါ။ အခု ကျွန်တော်တို့ တစ်ခု ရပြီးပါပြီ”
“ ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလားကို ယှဉ်ပြိုင်ဖို့လည်း ရှိပါသေးတယ်။ အမှတ်ပေးဇယား မှာလည်း တက်နိုင်သမျှ အမြင့်ဆုံးကို တက်နိုင်ဖို့နဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ထိပ်ဆုံး ၄ နေရာကို ရယူချင်ပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ ဒါတွေရဲ့ အစိတ်အပိုင်း ဖြစ်နေပြီး ဒီလို ဖြစ်ရတာ ကလည်း အလွန် ကောင်းမွန်တဲ့ အရာပါပဲ။ ကျွန်တော်တို့ ဆုဖလားတွေ ထပ်ပြီး ရယူချင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။
ရာသီကုန် အထိ အနားယူရတော့မယ့် ဂျပန်ကြီး
အာဆင်နယ် နောက်ခံလူ ဂျပန်သားကြီး တာကာဟဲရိုး တိုမီယာဆု ကတော့ ယူရိုပါလိဂ် ၁၆ သင်း အဆင့် စပို့တင်းလစ္စဘွန်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့လို့ လူစားလဲလှယ်ခဲ့ရပါတယ်။ အခုအခါ မှာတော့ အဆိုပါ ဒဏ်ရာကို ခွဲစိတ်ကုသခဲ့လို့ ရာသီကုန်ထိ အနားယူရတော့မယ်လို့ အသင်း ဘက်က သတင်း ထုတ်ပြန်ခဲ့ပါတယ်။
အာဆင်နယ် ညာနောက်ခံလူဟာ ဒီရာသီမှာ အသင်း အတွက် ပွဲတော်တော်များများ ကစားခွင့် ရခဲ့ပြီး အားထားရလောက်တဲ့ ခြေစွမ်းတွေကို ပြသခဲ့သူပါ။ သူသာ အနားယူရမယ် ဆိုရင် အာဆင်နယ် ညာခြမ်း ခံစစ်မှာ ကစားသမား အလုံအလောက် မရှိတာကြောင့် မီခဲလ် အာတေတာ အတွက် အနည်းငယ် စိုးရိမ်စရာတော့ ရှိသွားခဲ့ပါတယ်။
အာဆင်နယ် ဘက်က ထုတ်ပြန်ခဲ့တဲ့ သတင်း မှာတော့ “ ယူရိုပါလိဂ်ပွဲ အပြီး နောက်ဆက်တွဲ စစ်ဆေးမှုတွေ အရ တိုမီယာဆုရဲ့ ညာဘက် ဒူးဒဏ်ရာက ခွဲစိတ်ကုသမှု လုပ်ဖို့ လိုအပ်တယ် ဆိုတာ တွေ့ရပါတယ်၊ လန်ဒန် မှာပဲ ဒါကို အောင်မြင်စွာ လုပ်နိုင်ခဲ့ပြီးတော့ သူ ရာသီကုန် အထိ အနားယူရပါလိမ့်မယ်” လို့ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


