နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာပူးလ်နဲ့ အတူ ပရီးမီးယားလိဂ် စံချိန်သစ် ရေးထိုးနိုင်ခဲ့တဲ့ မိုဟာမက် ဆာလာ

ပရီးမီးယာလိဂ် ပွဲစဉ် ၁၆ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ လစ်ဗာပူးလ်က ဘရိုက်တန်ကို အန်ဖီးလ်မှာ ၂-၀ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ တိုက်စစ်မှူး အစ်ကီတီကေးက လစ်ဗာပူးလ် အတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူခဲ့ပြီးတော့ ဒီပွဲ အတွက် မင်းသား ဖြစ်ခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

ဒီနေ့ပွဲ လစ်ဗာပူးလ်ရဲ့ လူစာရင်းထဲမှာ ပြီးခဲ့တဲ့ ၄ ပွဲဆက် ချန်လှပ်ခံခဲ့ရတဲ့ မိုဟာမက် ဆာလာ ပြန်လည် ပါဝင်လာခဲ့ပေမယ့် အရန်ခုံမှာပဲ ရှိနေခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ဆာလာ နေရာမှာ ဆဘို့ဇ်လိုင်းကို သုံးခဲ့ပြီး အစ်ကီတီကေး၊ မက်အယ်လစ္စတာ၊ ဗစ်ဇ်၊ ဂျုန်းစ်၊ ဂရာဗန်ဘက်ချ်၊ ကာကက်ဇ်၊ ဗန်ဒိုက်ခ်၊ ကိုနာတေး၊ ဂိုးမက်ဇ်၊ အလီဆွန် တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ဘရိုက်တန် ဘက်မှာတော့ ဗာဘရက်ဂျန်၊ ဗန် ဟက်ကီ၊ ဒန့်ခ်၊ ကာဒီယိုဂလူ၊ ဘယ်လီဘာ့၊ ဟင်ရှဲလ်ဝုဒ်၊ မင်တာ့ရ် တို့နဲ့ လူစုံခဲ့ပေမယ့် မီတိုမာ ကတော့ အရန်လူစာရင်းမှာပဲ ပါဝင်ခဲ့ပါတယ်။

လစ်ဗာပူးလ် အတွက် ဦးဆောင်ဂိုး ကိုတော့ ပွဲချိန် ၁ မိနစ်မှာ ဟူဂို အစ်ကီတီကေးက သွင်းယူပေးခဲ့ပြီး ဂျိုး ဂိုးမက်ဇ်က ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ အခုနှစ် ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံး သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။ မိုဟာမက် ဆာလာ ကတော့ အရန်ခုံ ထိုင်ခဲ့ရပေမယ့်လည်း ပွဲချိန် ၂၆ မိနစ်မှာ ဂျိုး ဂိုးမက်ဇ် ဒဏ်ရာရရှိသွားခြင်းနဲ့ အတူ လူစားလဲ ဝင်ရောက်ခွင့် ရခဲ့ပါတယ်။ ဆာလာ အနေနဲ့ အစ်ကီတီကေးရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့ပြီး ကလပ် တစ်ခုတည်း အတွက် ပရီးမီးယားလိဂ်မှာ ဂိုးပါဝင် ပတ်သတ်မှု အများဆုံး စံချိန်တင်ခဲ့ပါတယ်။

လစ်ဗာပူးလ်ဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် တော့တင်ဟမ်ဟော့စပါးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ကလပ် တစ်ခုတည်း အတွက် ပရီးမီးယားလိဂ်မှာ ဂိုးပါဝင် ပတ်သတ်မှု အများဆုံး စံချိန်တင်ခဲ့တဲ့ မိုဆာလာ

ဆာလာဟာ ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ် အတွက် ၁၈၈ ဂိုး သွင်းကာ၊ ဂိုးဖန်တီးမှု ၈၉ ကြိမ် ပြုလုပ်ထားပြီး ဒါက ကလပ် အသင်း တစ်သင်းတည်း အတွက် အများဆုံးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆာလာ အနေနဲ့ ယူနိုက်တက် အတွက် ဂိုးပါဝင် ပတ်သတ်မှု ၂၇၆ ပြုလုပ်ထားတဲ့ ဝိန်း ရွန်နီရဲ့ စံချိန် ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာ ဘရိုက်တန်ရဲ့ ကစားပုံ တိုးတက်လာခဲ့ပြီး လစ်ဗာပူးလ် ဂိုးပေါက်ကို ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ် ကပဲ အနိုင်သေချာစေမယ့် သွင်းဂိုး ရရှိခဲ့ပြီး အန်ဖီးလ်မှာ ရမှတ် ၃ မှတ်ကို အမှားအယွင်းမရှိ ရယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် လစ်ဗာပူးလ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာကို ပြန်လည် တက်လှမ်းလာခဲ့ပြီး ဇယားထိပ်က အာဆင်နယ်နဲ့တော့ ၁၀ မှတ် ပြတ်နေဆဲ ဖြစ်ပါတယ်။ ဘရိုက်တန် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ခြင်းနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရှိနေခဲ့ပါတယ်။

လစ်ဗာပူးလ်ဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် တော့တင်ဟမ်ဟော့စပါးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တစ်ဖက် မှာတော့ ဘရိုက်တန်က ဆန်းဒါးလန်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်