နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂွါဒီယိုလာကို ပုံတူကူးချမယ့် နည်းပြမျိုး မဟုတ်ကြောင်း ပြောကြားလိုက်တဲ့ မာရက်စကာ | ပရီးမီးယားလိဂ်

အန်ဇို မာရက်စ်ကာ ကတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် မန်ချက်စတာစီးတီးမှာ ပပ် ဂွါဒီယိုလာရဲ့ ရာထူးကို ဆက်ခံခဲ့သူ ဖြစ်ပါတယ်။ ဒါဟာ အန်ဇို မာရက်စကာ အတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပေမယ့် ဒီတာဝန်ကို သူ့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ပဲ အကောင်းဆုံး ကျော်ဖြတ်သွားမယ်လို့ သန္နိဋ္ဌာန် ချထားပါတယ်။

ဂွါဒီယိုလာဟာ မန်စီးတီးမှာ ၁၀ နှစ်ကြာ တာဝန်ယူခဲ့စဉ် အတွင်း ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ်နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ်တို့ကို ဆွတ်ခူးပေးခဲ့ပြီး အောင်မြင်မှုပေါင်း များစွာနဲ့ ထွက်ခွာသွားခဲ့တာပါ။ သူဟာ မန်စီးတီးကို လိဂ်ရဲ့ ဘုရင် တစ်ပါး အဖြစ် စိုးမိုးနိုင်အောင် ပဲ့ကိုင်ပေးခဲ့သလို၊ မထွက်ခွာမီအချိန် အထိ ပရီးမီးယားလိဂ်မှာ သက်တမ်းအရှည်ဆုံး သက်တမ်းရင့် နည်းပြ အဖြစ်လည်း ရပ်တည်ခဲ့ပါတယ်။

၂၀၂၂-၂၃ ရာသီတုန်းက ဂွါဒီယိုလာရဲ့ လက်ထောက် အဖြစ် ဆောင်ရွက်ခဲ့ဖူးသူ မာရက်စကာ အနေနဲ့ အခုအခါမှာတော့ မန်စီးတီးကို ပရီးမီးယားလိဂ်နဲ့ တခြား ပြိုင်ပွဲတွေမှာ ထိပ်တန်း အဆင့် ဆက်လက် ရပ်တည်နိုင်အောင် ဦးဆောင်ရတော့မှာပါ။ ဒါပေမယ့် သူဟာ ရှေ့က နည်းပြရဲ့ အောင်မြင်မှုကို ပုံတူကူးချပစ်ဖို့ သက်သက်နဲ့ အက်တီဟတ်ဆီ ရောက်လာတာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့ နေရာကို အစားထိုးရတာကြောင့် ကြုံတွေ့ရမယ့် ဖိအားတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ မာရက်စကာက “နည်းပြတိုင်းက တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ နေ့စဉ် ပြင်ဆင်မှုတွေနဲ့ ပွဲတွေကို ချဉ်းကပ်ပုံတွေ ကွာခြားပါတယ်။ ကစားကွက်နဲ့ နည်းဗျူဟာပိုင်း တချို့ကို ဘယ်လို ပြုပြင်ပြောင်းလဲရမလဲ ဆိုတာ ကျွန်တော်တို့ လေ့လာနေပါတယ်။ နည်းပြ ဆိုတာ ရိုးရိုးရှင်းရှင်း ‘Copy & Paste’ လုပ်လို့ ရတဲ့ အရာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်ရဲ့ ဘောလုံး အယူအဆက အရင် နည်းပြနဲ့ တစ်ထပ်တည်း တူမနေပါဘူး။ ဒါကြောင့်လည်း အတုယူ ပုံတူကူးတာမျိုးကို ကျွန်တော် မယုံကြည်တာပါ။”

သူဟာ မန်စီးတီးကို လိဂ်ရဲ့ ဘုရင် တစ်ပါး အဖြစ် စိုးမိုးနိုင်အောင် ပဲ့ကိုင်ပေးခဲ့သလို၊ မထွက်ခွာမီအချိန် အထိ ပရီးမီးယားလိဂ်မှာ သက်တမ်းအရှည်ဆုံး သက်တမ်းရင့် နည်းပြ အဖြစ်လည်း ရပ်တည်ခဲ့ပါတယ်။
ချဲလ်ဆီးနဲ့ အတူ ယူရိုပါကွန့်ဖရင့်လိဂ်နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလားတို့ ရရှိခဲ့တဲ့ မာရက်စ်ကာ

“ကျွန်တော် ကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းတွေမှာ ရှင်းလင်း ပြတ်သားတဲ့ ပုံစံနဲ့ အမှတ်အသား တစ်ခု အမြဲရှိခဲ့ပါတယ်။ အသင်း တာဝန်ရှိသူတွေ ကျွန်တော့်ကို ရွေးချယ်ခဲ့တာ ကလည်း အရင်နည်းပြနဲ့ တူညီတဲ့ ဘောလုံးအယူအဆ တချို့ကို ကျွန်တော့်မှာ မြင်တွေ့ခဲ့ရလို့ ဖြစ်နိုင်ပါတယ်။ ပပ် အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ပြီးကတည်းက သူ့ဆီ ကျွန်တော် ခဏခဏ ဖုန်းဆက် စကားပြောဖြစ်ပါတယ်။ အခုချိန်မှာ သူက အနားယူပြီး ဘဝကို အပြည့်အဝ အပန်းဖြေဖို့ လိုသလို၊ ကျွန်တော် ကလည်း ကျွန်တော့် အလုပ်ကို ကျွန်တော် လုပ်ပြီး အသင်း အတွက် နည်းလမ်းကောင်းတွေ ရှာဖွေရမှာပါ။ ၁၀ နှစ်လုံးလုံး ၃ ရက် တစ်ပွဲ ကစားခဲ့ရတာ ဆိုတော့ အရမ်း ပင်ပန်းပါတယ်။ သူ သက်သောင့် သက်သာ အနားယူဖို့ ထိုက်တန်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

မာရက်စကာဟာ ချဲလ်ဆီး အသင်းကို ၁၈ လကြာ ကိုင်တွယ်ခဲ့စဉ် အတွင်း ၂၀၂၄-၂၅ ရာသီ ယူရိုပါကွန်ဖရင့်လိဂ် ဖလား ရရှိအောင် ဦးဆောင်ပေးခဲ့သလို၊ ပီအက်စ်ဂျီကို ဗိုလ်လုပွဲမှာ အနိုင်ယူပြီး ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကိုပါ ဆွတ်ခူးပေးနိုင်ခဲ့တာကြောင့် ဆုဖလား နှစ်လုံး အထိ ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် မာရက်စကာရဲ့ ချဲလ်ဆီး အသင်းဟာ ပရီးမီးယားလိဂ်မှာ တစ်ပွဲ ပျမ်းမျှ ၁.၇၄ မှတ်ပဲ ရရှိခဲ့တာပါ။ ၂၁ ရာစု အတွင်း ချဲလ်ဆီး အသင်းကို ပွဲ ၃၀ နဲ့အထက် ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေထဲမှာ သူ့ထက် ပျမ်းမျှ ရမှတ် နည်းခဲ့သူဆိုလို့ ဖရန့်ခ် လမ်းပတ် (၁.၅၂ မှတ်) နဲ့ မော်ရီစီယို ပိုချက်တီနို (၁.၆၆ မှတ်) တို့ပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း မာရက်စကာဟာ မန်စီးတီးနဲ့ အတူ ပြိုင်ပွဲစုံမှာ ဆုဖလားတွေ ဆွတ်ခူးရမယ် ဆိုတဲ့ ကြီးမားတဲ့ မျှော်လင့်ချက်တွေ အပေါ် ကြောက်ရွံ့ တွန့်ဆုတ်မနေပါဘူး။

“ဒီလို အသင်းကြီးမျိုး မှာတော့ ဆုဖလားတွေ ရယူနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ပန်းတိုင် တစ်ခုတည်း ကိုပဲ အာရုံစိုက်နေရင် ရှေ့က သွားရမယ့် လမ်းကြောင်းတွေကို လွဲချော်သွားပါလိမ့်မယ်။ ကျွန်တော် ကတော့ နေ့စဉ် ဖြတ်သန်းရတဲ့ အလုပ်တွေကို မြတ်နိုးတဲ့ နည်းပြမျိုးပါ။ လေ့ကျင့်ရေး အစီအစဉ်တွေ ပြင်ဆင်ရတာ၊ ကစားသမားတွေနဲ့ အချိန်ကုန်ဆုံးရတာကို သဘောကျပါတယ်။”

“နောက်ဆုံး မှာတော့ ဒီအသင်းနဲ့ အတူ ဆုဖလားတွေ ရယူဖို့ ဆိုတာ အဓိက ပန်းတိုင်ပါပဲ။ ပြီးခဲ့တဲ့ နှစ်သင်း (လက်စတာစီးတီးနဲ့ ချဲလ်ဆီး) တုန်းကလည်း ကျွန်တော်တို့ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဆုဖလားတွေ ရယူနိုင်ခဲ့ပါတယ်။ အခုချိန်မှာ မေလ ဒါမှမဟုတ် ဇွန်လ အကြောင်းကို ကျွန်တော် မတွေးသေးပါဘူး၊ လက်ရှိ အချိန်ကိုပဲ အာရုံစိုက်ထားပါတယ်။ တစ်ရက်ချင်းစီ အကောင်းဆုံး ကြိုးစားသွားပါမယ်” လို့ မာရက်စကာက ဖြည့်စွက် ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်